Ko Zaw

Ko Zaw

Share

Photos from Ko Zaw's post 04/02/2025

2025 နှစ်သစ်မှာ အသစ်မိတ်ဆက်လိုက်တဲ့
Horse Man
Made in USA
60 capsules
တစ်ဗူး-118000 mmk
လက်ဆောင်တစ်ခုပေးမဲ့Promotionလေး
စွမ်းချက်ကတော့ ပြောမနေနဲ့ ဒီညသောက်ပြီး မနက်အထိတိုင်ပါတ်နေမဲ့အစွမ်း 😁
ပစ္စည်းကောင်းတွေသာ တင်သွင်းပေးတာဖြစ်လို့ မျက်စိမှတ်ပြီးသာ ယူလိုက်တော့
ယခင် Hammer Gold နဲ့အာနိသင်အတူတူပါပဲ..
-ကြီးမယ်
-ရှည်မယ်
-ကြာမယ်
-သုတ်လွှတ်အားကောင်းမယ်
-ကလေးအရမြန်စေမယ်
-ပန်းလန်းစေမယ်
တစ်ဗူးတည်းနဲ့ပြီးပြည့်စုံစေတဲ့အစွမ်းရမယ်
- တစ်ဗူးတည်းနဲ့ပြီးပြည့်စုံတယ်ဆိုမှတော့ လူကြီးမင်းတို့မေးဟာတွေပါအကုန်စွမ်းတယ်။..
ဆက်သွယ်မှာယူရန် . 09 750 207 699..
အမျိုးသားများအတွက် Dr. Moe Aung Naing
Horse Manပါ
Deli free ရန်ကုန်မြို့တွင်း
Royal express ရတဲ့မြို့တိုင်း အိမ်ရောက်ငွေချေ
#ယုံကြည်မှုဖြင့်သာလက်တွဲပါသည်
ာအဓိက

11/06/2023
05/05/2022

.........................................................................................................................................

သင်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ပြီး အချိန်ဘယ်လောက်အကြာတွင် နောက်တစ်ကြိမ် ပြန်စနိုင်သလဲ
===========================================

အမျိုးသားနှင့် အမျိုးသမီးများတွင် ဘယ်သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပိုစိတ်ဝင်စားမှု ရွိတယ်ဆိုတာကို ပြောရခက်ပါတယ်။ လိင်တစ်ခါဆက်ဆံတိုင်းမှာ အကြိမ်များစွာ ဆန္ဒပြီးမြောက်နိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီး အချို့ကပြောလေ့ရှိကြပါတယ်။ အချို့အမျိုးသားများကတော့ သူတို့ရဲ့ လိင်တံ ထောင်မတ်မှု ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင် အကြိမ်ပေါင်းများစွာ စိတ်ဆန္ဒ ပြီးမြောက်နိုင်တယ်လို့ ဆိုကြပါတယ်။ အျခားသူမ်ားကေတာ့ လိင်စိတ်အထွတ်အထိပ် နောက်ထပ် မဖြစ်ခင် အချိန်စောင့်ရတယ်လို့ ဆိုကြပါတယ်။..
လိင်ဆန္ဒပြီးမြောက်သွားတဲ့နောက် အမျိုးသားနှင့် အမျိုးသမီးတွေ နောက် တစ်ကြိမ်ပြန်စဖို့ အချိန်ယူရသော ကာလ။.
အမျိုးသားများဟာ ဒီ ပြန်စောင့်ရသော အချိန်ကာလသည် အနည်းဆုံး မိနစ် ၃၀ မွ ၄၀ ကြား လိုအပ္တယ္လို့ လူအမ်ားက ယုံကြည်ကြပါတယ်။ သို့သော် လြတ္လပ္စြာ တွေးခေါ်နိုင်ပါတယ်။ ကျွန်ုပ်တို့မှာ ၎င်းနှင့် ပတ်သက်ပြီး အချက်အလက် အတိအက်မရွိပါဘူး။ ဒါကြောင့် မတူညီသော ကြာချိန်များကို ပုံမှန် မဟုတ္ဘူးလို့ မပြောနိုင်ပါဘူး။ ပြဿနာကတော့ ဒီကြာတဲ့ အချိန်ကို ကျွန်ုပ်တို့ဟာ မစစ်ဆေးနိုင်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး ဒီ ကြာချိန်ဟာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါတယ်။..
ဒီ လိင်စိတ်အထွတ်အထိပ် တစ္ခု နှင့် တစ္ခု ကြားကြာချိန်ဟာ လိင်စိတ်ဆန္ဒပြီးမြောက်ချိန် နှင့် ဟာ မိမိရဲ့ လိင်ဆက်ဆံဖော်က နောက်တစ်ကြိမ် လိင်ဆက်ဆံလိုစိတ်ပေါ်မှာလည်း မူတည်ပါသေးတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးပဲ ရှိနေပါစေ ကိစ္စ မရွိပါဘူး။ တကယ္လို့ အမျိုးသားဟာ မိမိရဲ့ ဆက်ဆံဖော် အကြောင်းကို သေချာအားလုံး သိနေမယ်ဆိုရင် နောက်ပိုင်းမှာ အမျိုးသားရဲ့ လိင်စိတ်အထွတ်အထိပ်ကြား ကြာချိန်ဟာလည်း တိုတောင်းလာနိုင်ပါတယ်။..
တကယ်တမ်း လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်းဟာ ရုပ်ရှင်တွေထဲကနဲ့ မတူပါဘူး။
အမျိုးသမီးများနှင့် မတူတာကေတာ့ အမျိုးသားများဟာ နောက်တစ်ကြိမ် အတူမနေခင်မှာ အချိန်ယူရပါတယ်။ ၎င်းအချိန်ဆိုတာ သင့်ရဲ့ ပထမဆုံး လိင်စိတ်ပြီးမြောက်ခြင်း အချိန်ကနေ စပြီးနောက်တစ်ကြိမ် သုက်ရည်ထွက်ကာ လိင်စိတ်ပြီးမြောက်သွားတဲ့ အချိန်ကြား ကြာတဲ့ ကာလကို ပြောတာဖြစ်ပါတယ်။ တစ်ဖက်ကပြောရမယ်ဆိုရင် ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ လိင်မှု ဆိုင်ရာ အခြေအနေတွေဟာ တကယ်ဘဝနဲ့ အရမ်းကို ကွာခြားပါတယ်။ ရုပ်ရှင်တွေထဲမှာ ဆိုရင် မင်းသားဟာ တစ်ညမွာ အကြိမ်ပေါင်းများစွာ ချစ်တင်းနှော ပြီး နာရီအနည်းငယ်အတွင်းမှာပင် ၃၊ ၄ ကြိမ်လောက် တောင် ထပ်ပြီး ချစ်တင်းနှော နိုင်ပါတယ်။ သို့သော် ဒါဟာ မမှန်ကန်ပါဘူး။ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ကုသေသာ ဆရာဝန္မ်ားက ၎င်းမင်းသားများကဲ့သို့ လိုက်မလုပ်ကြဖို့ အကြံပေးထားပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒါဟာ အရမ်း အန္တရာယ်များလွန်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သုက်ရည်ထွက်သွားပြီးလို့ နောက်တစ်ကြိမ် လိင်အဂါင်္ ပြန်တောင့်တင်းလာဖို့အတွက်ကတော့ အနည်းဆုံး ၂နာရီကေန ၃ နာရီကြား အချိန်ယူရပါတယ်။.
သုက်ရည်ထွက်သွားခြင်းဟာ သုက္ပိုးပမာဏကို ချက်ချင်း ကျသွားစေနိုင်ပြီး သာမန် အမျိုးသား တစ်ယောက်ဟာဆိုရင် ၎င်းကို ပြန်ဖြည့်ဖို့ရာ အချိန်လိုပါတယ်။ တကယ္လို့ အမျိုးသား တစ်ယောက်ဟာ အချိန်တိုအတွင်းမှာပဲ သုက်ရည်ကို ၂ ကြိမ်ထက်ပိုပြီး ထုတ်လွှတ်တယ်ဆိုရင် ၎င်းဟာ မျိုးမအောင်ခြင်း၊ မြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက အမျိုးသားများဟာ သုက္ပိုးပမာဏ အမြင့်ဆုံးရအောင် နောက်တစ်ကြိမ် သုက်ရည် မထုတ်လွှတ်ခင် အနည်းဆုံး ၂ရက်လောက် စောင့်သင့်တယ်လို့ အကြံပေးထားပါတယ်။..
အတိုချုံ့ပြောရမယ်ဆိုရင် အမျိုးမျိုးသော လူနေမှု ပုံစံ အချက်အလက်များက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာ အားဖြင့် ပုံမှန် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်း သို့မဟုတ် အရက်သောက်ခြင်းဟာဆိုရင် သင့်ကို ပြန်လည်အားပြည့်ဖို့ရာ အချိန်များစွာ လိုပါလိမ့်မယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်း အချိန် ၂ခုကြားမှာ ဘယ္လိုပဲ ပုံမှန် အချိန်ကြာသည်ဖြစ်ပါစေ တစ်ရက်လောက် စောင့်လိုက်ခြင်းကတော့ အန္တရာယ် ကင်းစေနိုင်ပါတယ်။

27/04/2022

..
ကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဘာလုပ်ရမလဲ
=========================================
အကာအကွယ်မဲ့လိင်ဆက်ဆံတာက နောက်ပိုင်းမှာ မမျှော်လင့်ဘဲဆိုတဲ့ မျှော်လင့်မထားတဲ့ ကိစ္စတွေဖြစ်လာနိုင်တာ တော်တော်လေးများပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် စိတ်ပူစိုးရိမ်စရာတွေလည်းရှိပါတယ်။ တကယ်လို့ သားဆက်ခြားဆေးတစ်ခုခု မသုံးနေဘူးဆိုရင် လိင်ဆက်ဆံစဉ်မှာ အကာအကွယ်ရှိနေဖို့က လိုအပ်ပါတယ်။.
အကာအကွယ်မဲ့လိင်ဆက်ဆံ မိလိုက်သလား
မတော်တဆ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဒါတွေလုပ်သင့်ပါတယ်။
ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ကြမယ်။ (အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိနစ် ၃၀ အတွင်း)
လိင်ဆက်ဆံ ပြီးပြီးချင်း အပေါ့သွားလိုက်တာက ဆီးလမ်းကြောင်းက ပိုးတွေကို လျော့နည်းစေပါတယ်။ ဆိးသွားရခက်နေရင် ရေများများ သောက်လိုက်ပါ။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးပူတာ၊ ဆီးကျဉ်တာ၊ ဆီးအောင့်တာ အပြင် ဗိုက်အောင့်တာပါ ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်းတိုတဲ့အတွက် ပိုးဝင်နိုင်ချေ ပိုများပါတယ်။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် အတူနေပြီး ခုနက လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြသဖို့ မမေ့ပါနဲ့။.
အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် အရေးပေါ်သန္ဓတေားဆေး သောက်ပေးပါ (လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်း)
အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ ၇၂ နာရီ (၃ရက်) အတွင်း အရေးပေါ်သန္ဓတေားဆေးသောက်ပေးရပါမယ်။ ဒါပေမယ့် မြန်မြန်သောက်လေ ပိုထိရောက်ာဆိုတာတော့ မမေ့ပါနဲ့။.
သားအိမ်တွင်းထည့်ပစ္စည်း (IUD) ထည့်ပါ ( နာရီ ၁၂၀ အတွင်း)
Copper IUD (သားအိမ်တွင်းထည့်ပစ္စည်း) ကလည်း အကာအကွယ်မဲ့လိင်ဆက်ဆံမိတာကြောင့် ကိုယ်ဝန်ရရှိနိုင် ခြေကို ကာကွယ်ရာမှာ အထိရောက်ဆုံးနည်းလမ်းပါ။ အမျိုးသမီးတိုင်း IUD ကိုအသုံးပြုနိုင်တယ်ဆိုပေမယ့် အထူးသဖြင့်ကတော့ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီး အရေးပေါ်သန္ဓတေားဆေးတွေ၊ သန္ဓတေားနည်းတွေအသုံးမပြုမိဘဲ အချိန်အရမ်းကြာနေတဲ့သူတွေ နဲ့ ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ် ထက်ပိုများနေတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးပါ။.
အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက် နာရီပေါင်း ၁၂၀ (၅ ရက်) အကြာမှာ သားအိမ်ထဲကို IUD ကိုထည့်သွင်းလို့ရပါတယ်။ IUD က ၅နှစ်ကနေ ဆယ်နှစ်လောက်ကြာတဲ့အထိ ကိုယ်ဝန်မရရှိအောင်တားဆီးပေးနိုင်ပြီး ၉၉ ရာခိုင်နှုန်းကျော်အထိ အကာအကွယ်ပေးနိုင်ပါတယ်။.
STI (လိင်မှတဆင့်ကူးစက်သော ရောဂါပိုးများ) စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၂ ပတ်ကြာမှာ လုပ်ရပါမယ်)
သင့်အနေနဲ့ သင့်မှာ STI ကူးစက်ခံထားရလားဆိုတာကို သေသေချာချာမသိနိုင်ပါဘူး။ ဒါကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သီတင်းပတ် ၂ ပတ်ကနေ ၄ပတ် အကြာမှာ STI စစ်ဆေးမှုလုပ်ပေးပါ။.
ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၃ ပတ်ကြာမှာလုပ်ရပါမယ်)
အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ် ၃ ပတ်လောက်ကြာပြီးတဲ့အခါမှာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးရပါမယ်။ ၃ ပတ်မတိုင်ခင်စစ်ဆေးမယ်ဆိုရင်တော့ အဖြေကိုသေသေချာချာသိရှိနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်မှာ ကိုယ်ဝန်ရှိ၊မရှိစစ်ဆေးတာက သေချာမှုမရှိဘူးလို့ယူဆတယ်ဆိုရင် ဆေးခန်းမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။.
နောက်နောင်မှာ အရေးပေါ်အခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ ပြင်ဆင်ထားပါ
အကာအကွယ်မဲ့လိင်ဆက်ဆံတာကြောင့် ဖြစ်လာနိုင်တဲ့ STI (လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ) နဲ့ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့ အနေအထားမျိုးကိုရှောင်ကြဉ်နိုင်စေဖို့ အတွက် လုံခြုံစိတ်ချရတဲ့လိင်ဆက်ဆံမှုမျိုးကိုပဲ လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆေးတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတာမျိုးက ရှိပြီးသားပါ။ အရေးပေါ်သန္ဓတေားဆေးကို ခဏခဏသုံးစွဲမယ်ဆိုရင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။.
အရေးပေါ်အခြေအနေမျိုးမဖြစ်ရအောင် ကာကွယ်နိုင်မယ့် အလွယ်ကူဆုံးသောနည်းလမ်းက ကွန်ဒုံးအသုံးပြုပေးဖို့ပါ။ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ပေါက်ပြဲတာရှိ၊မရှိ။ ကွန်ဒုံးက သက်တမ်းလွန်နေ၊မနေကို စစ်ဆေးရပါမယ်။
အခုလောက်ဆိုရင် အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးတဲ့အခါ မမျှော်လင့်ဘဲဆိုတဲ့ အခြေအနေတွေ ဖြစ်မလာအောင် ဘာတွေလုပ်ရမလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။

30/03/2022

.....

အိပ်ရေးပျက်တာများလာရင် လိင်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်လား?..
၁။ အိပ်ရေးပျက်တဲ့အခါ ဦးနှောက်အာရုံကြောစနစ်က လေးလံထိုင်းမှိုင်းပြီး အားနည်းလာတဲ့အတွက် အာရုံစူးစိုက်နိုင်မှု နည်းပါးလာမယ်။ ဒီအခါ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု လျော့နည်းလာနိုင်ပါတယ်။..
၂။ အိပ်ချိန်နည်းလာတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းများ ပိုထွက်လာပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေဟာ သွေးလည်ပတ်စီးဆင်းနှုန်းကို နှေးကွေးစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ ဒီအခါ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းလည်း လျော့နည်းသွားနိုင်ပါတယ်။..
၃။ အိပ်ရေးပျက်တာများသူတွေမှာ စိတ်ဆိုးစိတ်ဆတ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ စိတ်တိုင်းမကျခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများ၊ မကောင်းမြင်စိတ်တွေ များလာပြီး အရာရာကို စိတ်ပျက်လာခြင်း၊ မိမိချစ်သူအပေါ် စိတ်ခံစားမှု လျော့နည်းလာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။..
၎။ အိပ်ချိန်မပြည့်တဲ့အတွက် လူက လန်းဆန်းတက်ကြွမှုမရှိတဲ့အခါ လိင်မှုကိစ္စတွေကို သိပ်ပြီးမတွေးမိတော့သလို အမှန်တကယ် လုပ်နေတဲ့အခါမှာလည်း စိတ်မပါတဲ့အတွက် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့တိုင်အောင် ကာမသုခကို အပြည့်အဝခံစားရနိုင်မှာ မဟုတ်ပါဘူး။..
၅။ အိပ်ရေးပျက်ခြင်းဟာ အားအင်ကို ကုန်ခမ်းစေတယ်။ မောဟိုက်စေပြီး သက်လုံကျစေတယ်။ မူးဝေထိုင်းမှိုင်းစေတဲ့အတွက် လိင်စိတ်ဆန္ဒကို ကုန်ခမ်းလာစေပါတယ်။ ဦးနှောက်က ကောင်းစွာ အနားမယူနိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေကို ပိုခံစားရပြီး အကျိုးဆက်အနေနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။..
၆။ ညအိပ်ချိန် အလုံအလောက်မရခြင်းဟာ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာစေပြီး အမျိုးသမီးတွေမှာတော့ မဟော်မုန်း နည်းလာစေနိုင်ပါတယ်။ ဒီဟော်မုန်းတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ လိင်စိတ်ဆန္ဒ မြင့်တက်စေခြင်း၊ လိင်ဆက်ဆံခြင်းကို အမှန်တကယ် စိတ်ကျေနပ်မှုရစေခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြာခြင်းကို ကာကွယ်ပေးခြင်း၊ ပန်းသေပန်းညှိုးပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း စတဲ့တာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ ဒီအတွက် လိင်ဟော်မုန်းများ နည်းလာတာနဲ့အမျှ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ ကျဆင်းလာတော့မှာ အသေအချာပါပဲ။..
ဒါကြောင့် တတ်နိုင်သလောက် ညအိပ်ချိန်ကို အနည်းဆုံး ၇ နာရီ ပြည့်ဝစွာ အိပ်စက်အနားယူဖို့နဲ့ ညဘက်ကို ၁၂ နာရီထက် နောက်ကျပြီး မနေဖို့ အကြံပေးလိုက်ချင်ပါတယ်။ အကယ်လို့ သင့်မှာ အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးကုသမှုခံယူသင့်ပါတယ်။

Want your practice to be the top-listed Clinic in Dagon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Address


No,9 Yaw Min Gyi St
Dagon
11191