HS Razor Blade Wire-Pazundaung Branch
11/09/2020
ကျွန်တော်များ HS Razor Blade Wires Company က လူကြီးမင်းတို့ရဲ့ အိမ် / ခြံ / စက်ရုံ / အလုပ်ရုံ
များကို လုံခြုံဘေးကင်းစေဖို့ အရည်အသွေးမြင့်မားပြီး စျေးနှုန်းသင့်တင့်မျှတတဲ့ ဘလိတ်ဓား ဆူးကြိုးများကို
ဖြန့်ချိရောင်းချပေးလျှက်ရှိနေပါသည်။
အရည်အသွေးပိုင်းတွင်သာမက စျေးနှုန်းပိုင်းမှာပါ အာမခံ အပြည့်အ၀ ပေးထားရုံမကပဲ ကောင်းမွန်သေသပ်
သည့် ဝန်ဆောင်မှုများပါ ပါဝင်နေတဲ့အတွက် HS Razor Blade Wires Company ထုတ် ဘလိတ်ဓား
ဆူးကြိုးများကို လူကြီးမင်းတို့ ရဲ့ အိမ် / ခြံ / စက်ရုံ / အလုပ်ရုံ များအတွက် ဘေးကင်းလုံခြုံစိတ်ချရစေရန်
ဝယ်ယူအားပေးဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
ဖုန်းလေးတစ်ချက်ပဲခေါ်လိုက်ရုံနဲ့ လူကြီးမင်းတို့ ၏အဆောက်အဦးထံသို့ လာရောက်ပြီး နမူနာများပြခြင်း၊ ခန့်မှန်းကုန်ကျစရိတ် များတွက်ချက်ပေးခြင်း
စသည့် ကောင်းမွန်သော ဝန်ဆောင်မှုများပါဝင်နေသည့် HS Razor Blade Wires.
🏡ပုဇွန်တောင်ဆိုင်ခွဲ
☎️ ၀၉ ၄၂၀၀၂၁၄၀၉ , ၀၉ ၇၇၇၀၄၉၅၄၄
04/09/2020
မင်္ဂလာပါခင်ဗျာ။
မိမိနေအိမ်၊ စက်ရုံ၊ ဂိုဒေါင် စသည်တို့တွင် ဘလိတ်ဓားဆူးကြိုးတပ်ဆင်မည်ဆိုပါက
ဒီစာကိုဆုံးအောင်ဖတ်ပါ မပျင်းပါနဲ့ ဒါမှ အလိမ်မခံရမှာ။
ဘလိတ်ဓားဆူးကြိုးဝယ်ယူတပ်ဆင်မည့်သူများမေးတက်သည့် မေးခွန်းများ။
၁-တစ်ခွေကိုစျေးဘယ်လောက်လဲ ပေဘယ်လောက်ရှည်လဲ။
၂-သံချေးတက်လား။
အမှန်တကယ်မေးရမှာက ကလစ်ဘယ်နှစ်ခုပါသလဲမေးရမှာ ဒါဆိုညာလို့မရတော့ဘူး။
ကလစ်ဆိုသည်မှာ ဘလိတ်ဓားအဝိုင်းခွေ(၂)ဝိုင်းကို တွဲထားသည့် ကလစ်ကလေးကို ခေါ်ပါသည်။
ကလစ်အနည်းအများ( အဝိုင်းခွေ) အနည်းအများပေါ်မူတည်ပြီး ပေ အတိုအရှည်ကွာပါသည်။
တစ်ချို့ဆိုင်တွေက
၁၀ ပေရှည် / ၁၅ ပေရှည်ပြောတယ် ရေးတယ်။ ကလစ်ကို ထည့်မပြောဘူး မရေးထားဘူ။
၁၀ ပေဆိုတာ ကလစ်ဘယ်လောက်ကို ဘယ်လောက်လက်မခြားကာလို့ ၁၀ ပေအရှည်ထွက်တာလဲ။
၁၅ ပေဆိုတာရော လစ်ဘယ်လောက်ကို ဘယ်လောက်လက်မခြားကာလို့ ၁၅ ပေအရှည်ထွက်တာလဲ။
ဥပမာ-
၁၆ ကလစ်တစ်ခွေကို ကလစ်တစ်ခုနှင့်တစ်ခု ၆ လက်မခြားကာလျှင် ၈ပေ/
၈ လက်မခြားကာလျှင် ၁၀ပေ အရှည်ရသည်။
ဆွဲဆန့်ပြီး ဆွဲကာလျှင်တော့ ၁၅ ပေလည်းရတယ်
၂၀ပေလည်းရတယ်။ ကိုယ့်အိမ်လုံခြုံရေးအတွက်ကာရံတာ ဘယ်သူမှ အကျဲကြီးတွေဆွဲမကာဘူး။
၁၆ ကလစ်တစ်ခွေကို ပုံမှန် ၈ပေ/ အလွန်ဆုံး ၁၀ ပေလောက်ပဲကာကြတယ်။
၁၂ ကလစ်တစ်ခွေကို ပံမှန် ၆ပေ/ အလွန်ဆုံး ၈ပေလောက်ပဲ ကာကြတယ်။ သူ့ထက်ကျဲကာလျှင်လည်းကြည့်မကောင်းတော့ဘူး။
အဲဒီတော့
တစ်ခွေဘယ်လောက်လည်းမေးမည့်အစား
၁၂ ကလစ်တစ်ခွေဘယ်လောက်လဲ
၁၆ ကလစ်တစ်ခွေဘယ်လောက်လဲ
စသည်ဖြင့်မေးမှ ကိုယ့်ကို လိမ်မရမှာ။
ဒီမှာတင်ပြီးပြီလား မပြီးသေးပါ
စျေးနှုန်းအဆင်ပြေလို့ကာတော့မည်ဆိုလျှင်လည်း။
မိမိဝယ်ယူထားသည့် ပစ္စည်းအရည်အသွေးမှန်မမှန်သေချာစွာ စစ်ဆေးပါ။
ပြီးတော့ခွေအရေအတွက်စစ်ဆေးသည့်အခါ ကလစ်အရေအတွက်ပါ စစ်ဆေးပါ။
ဥပမာ
စျေးပြောထားတုန်းက ၁၆ ကလစ်စျေး
၁၂ ကလစ်တွေကြားညှပ်လာတက်သေးသည်။
ဘယ်သူ့ကိုမှမယုံပါနဲ့
ပြီးတော့ သံချေးတက်သလားမေးတယ်
သူ့ပစ္စည်းအရည်အသွေးအလိုက် ၆ လနဲ့ သံချေးတက်တာရှိတယ် ၂ နှစ်၊ ၃နှစ်၊ ၅နှစ် စသည်ဖြင့် တက်တာတွေရှိတယ်။
တစ်ချို့ဆိုင်တွေကပြောတယ် လုံးဝသံချေးမတက်ဘူး
သံချေးတက်ပစ္စည်းများလုံးဝ မရောင်းပါ စသည်ဖြင့်ပြောကြတယ်။
ဒါညာတာပဲ ဒါကို ကိုယ်ကသိထားဖို့လိုတယ်။
ဒီကမ္ဘာလောကကြီးမှာ
သူ့စျေးနှင့် သူ့အရည်အသွေးတန်ရာတန်ကြေးပဲရမယ်။
ဒါလောကနိယာမတရားပဲ။
လောဘမကြီးနဲ့ အယုံမလွယ်နဲ့
မှားတက်တယ်။
ဘလိတ်ဓားဆူးကြိုးဝယ်ယူမည့် မိတ်ဆွေ Customers များအား အညာမခံရလေအောင် စေတနာဖြင့် ရေးသားပေးခြင်းဖြစ်ပါသည်။
စာရေးမတက်သဖြင့် ဖတ်ရအဆင်အပြေဖြစ်လျှင် အနှုးညွှတ် တောင်းပန်ပါသည်။
ကျေးဇူးရှင် မိတ်ဆွေ Customers များ
လုံခြုံသောဘဝဖြင့်
ကျန်းမာချမ်းသာကြပါစေ။
HS Razor Blade Wires
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay Gone Street, Pazundaung Tsp
Dagon
11201