3D Puppet
30/08/2024
အားလုံးက ထော်ကိုင်းသွားကြတော့ 👀
တို့လည်း ေသာ်ကွားတော့မယ် ဟွန့် 🫦
တွေ့ရင်ခေါ်အုံးနော် 😚
Comment မှာ videoလေးလည်းပြပေးထားတယ်နော်🥰
14/07/2023
https://m.facebook.com/story.php?story_fbid=200729292967105&id=100090901059756&mibextid=Nif5oz
"ဗိသုကာပညာနှင့် အဆောက်အအုံဆိုင်ရာ စကားလုံးများ - ၆"
ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်တို့တွင် တပ်ဆင်လေ့ရှိတဲ့ အပြောက်အမွမ်းကို "ကျောင်းပြောက်" ဟု ခေါ်လေ့ရှိပြီး နန်းတော်မှာတပ်ဆင်တဲ့ အပြောက်အမွမ်းကို "နန်းပြောက်" လို့ ခေါ်ပါတယ်။
ကျောင်းပြောက်တွေကို ကျက်သရေရှိနေစေဖို့အတွက် ဒုရင်၊ တော်ရနောင်၊ အဆော် စတာတွေမှာ နတ်ရုပ်၊ ဂဠုန်ရုပ်၊ ဒေါင်းရုပ် စတဲ့ အရုပ်တွေသာမက ဇာတ်နိပါတ်တော်များကိုပါ အကွက်ကျကျ ထည့်သွင်းထုလုပ်တတ်ကြပါတယ်။
နန်းပြောက်များမှာဝောာ့ အမွမ်းပန်းများ သတ်သတ်သာရှိပြီး တင့်တယ်ကျော့ရှင်းမှုကိုသာ အလေးပေးထုလုပ်တပ်ဆင်ကြတယ်။
တပ်ဆင်တဲ့နေရာအလိုက်အခေါ်မှာတော့ ပြာသာဒ်မုခ်မှာ တပ်ဆင်ထားတာကို "မုခ်ပန်း" လို့ ခေါ်ပြီး အမိုးထောင့် (အုန်းလက်စွန်းထောင့်) တွေမှာ တပ်ဆင်ထားပါက "ထောင့်ပန်း" လို့ ခေါ်ပါတယ်။
စုလစ်ဆိုတဲ့ ဝေါဟာရအောက်မှာဝောာ့ ဖေါ်ပြပါအပြောက်အမွမ်းအားလုံး ပါဝင်မှာဖြစ်ပါတယ်။
ပုံတွင်ပြထားတဲ့ ထောင့်ပန်းမှာ အရုပ်၊ ဇာတ်ကွက်မပါဝင်တဲ့ နန်းပြောက်ဖြစ်ပါတယ်။ ဝင်းမောင် (တမ္ပဝတီ) ရဲ့ "ကမ္ဘောဇသာဒီနန်းတော်ဆိုင်ရာမှတ်တမ်းများ - ၁၂" ဆောင်းပါး (၂ စက်တင်ဘာ ၁၉၉၂၊ ကြေးမုံ) ပါ ရတနာပုံခေတ်ထောင့်ပန်းပုံကို ပြန်လည်ပြင်ဆင်ဖေါ်ပြထားတာပါ။
ကျောင်းပြောက်မှာလည်း ဖေါ်ပြပါအစိတ်အပိုင်းများသာဖြစ်ပြီး အခေါ်ပဲအနည်းငယ်ကွဲမှာ ဖြစ်ပါတယ်။ (ဥပမာ - အဆော်တွင် နတ်ရုပ်ရှိပါက နတ်ဆော်၊ သိကြားရုပ်ဆိုပါက သိကြားဆော်)
ထောင့်ပန်းအစိတ်အပိုင်း ၁၉ ခုရဲ့ အနက်ဖွင့်ဆိုပုံကို မြန်မာအဘိဓာန်ထဲ တွေ့ရသလောက်ဖေါ်ပြထားပါတယ်။ အဘိဓာန်ထဲမတွေ့ရတဲ့ အစိတ်အပိုင်းတွေအတွက်လည်း နီးစပ်တဲ့ စကားလုံးတွေရဲ့ (ဥပမာ - အဆော်၊ မှော်) အနက်ကို ထည့်သွင်းဖေါ်ပြလိုက်ပါတယ်။
အနက်ဖွင့်ဆိုပုံတွေ ကြည့်ပါက အပြောက်အမွမ်းတချို့ရဲ့ အဓိပ္ပာယ်သိပ်မကွဲပြားနေတာ၊ သီးသန့်ဖြစ်မနေတာကို တွေ့ရပါတယ်။ "မြန်မာမှုဗိသုကာ ဝေါဟာရအဘိဓာန်" ထဲမှာ ဘယ်လိုမျိုး သီးသန့်အနက်ဖွင့်ဆိုပုံတွေ ရှိမလဲဆိုတာတော့ မလေ့လာရသေးပါဘူး။
*** ဆရာဦးဝင်းမောင် (တမ္ပဝတီ) ရဲ့ "ပြာသာဒ်များကို လေ့လာခြင်းစာတမ်း" ကို အခြေခံကိုးကားဖေါ်ပြပါတယ်။ အဲဒီစာတမ်းကိုလည်း ဆရာ့ခွင့်ပြုချက်နဲ့ ပြန်လည်ပြင်ဆင်တင်ပြဖို့ စီစဉ်နေပါတယ်။ ပုံပါစကားလုံးတချို့ကို အဘိဓာန်ထဲကအတိုင်း ပြန်ရေးထားပါတယ်။ ဥပမာ - အပြောက်အမွမ်း (မူရင်း- အမွှမ်းအပြောက်)၊ တုရင် (မူရင်း-ဒုရင်) ***
သုကာ
#ဗိသုကာပညာစကားလုံးများ
#ဗိသုကာပညာ
#ကြန်မဂ္ဂဇင်း_၂၀၂၃
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Dagon
159941