Myo Thet Aung - Life Insurance Agent

Myo Thet Aung - Life Insurance Agent

Share

Photos from Myo Thet Aung - Life Insurance Agent's post 14/02/2022

💢One Health Solution ကျန်းမာရေး အာမခံ ရဲ့ အကျိုးခံစားခွင့် အချက်အလက်များကိုလည်း ဖတ်ရှု ကြည့်ကြပါအုံး ခင်မျာ 🙏🙏🙏

08/02/2022

Agent လျှောက်ထားလိုပါက

အမည်
မှတ်ပုံတင်အမှတ်
မွေးသက္ကရာဇ်
နေရပ်လိပ်စာ
အိမ်ထောင်ရှိ/မရှိ
ဖုန်းနံပါတ်
အီးမေးလ် လိပ်စာ
တို့ကို ပေးပို့ပေးဖို့လိုပါမယ် ခင်မျာ

21/01/2022

💢ကိုယ်သေမှ ကိုယ့်အသက်ဆုံးရှုံးမှ အသက်အာမခံကနေ လျှော်ကြေးရတာ/အကျိုးခံစားခွင့်ရတာလို့ ထင်နေကြတုန်းလား/ ယုံနေကြတုန်းလား?💢

📌ဟုတ်ကဲ့ အခုချိန်ထိတော်တော်များများကတော့ အဲလိုထင်နေတုန်းပါ...အဲဒီတော့ ကိုယ့်အတွက် ငွေကြေးနဲ့ပတ် သတ်ပြီး တကယ်အသုံးချလို့ရမယ့် အသက်အာမခံကို မထားဖြစ်ကြတော့ပါဘူး...အဲဒါကြောင့်မို့လို့ အသက်အာမ ခံထားထားတဲ့ အသက်ရှင်စဉ်မှာ ခံစားခွင့်ရမယ့် အကျိုးအမြတ်တွေကို လည်းမခံစားရတော့ပါဘူး...ကိုယ့်နောင် ရေး ကိုယ့်မိသားစုနောင်ရေး ကိုယ့်သားသမီးနောင်ရေးအတွက် ငွေကြေးဆိုင်ရာ အစီအမံထဲမှာ အသက်အာမခံ ရဲ့အရေးပါ အရာရောက်မှုကို ထည့်သွင်းအသုံးချလို့ မရတော့ဘူး ဖြစ်သွားနိုင်ပါတယ်...ပင်စင် သို့ အလုပ်ကနေ အနားမယူမချင်း ငွေကြေး ရှာဖွေတဲ့ အလုပ်ကိုလုပ်နေရမှာချင်း အတူတူ ဘာလို့ စိတ်ပူပင်တွေ စိတ်သောကတွေ ရောက်နေပြီး ရှာနေမှာလဲ...ငွေလည်းရှာနေရင်းနဲ့ နောင်ရေးအတွက်လည်း စိတ်အေးလက်အေး ရှိနေမယ်ဆို ဘယ်လောက် ကောင်းလိုက်မလဲ...

📌အဲဒီတော့ အခုလိုမျိုး ကိုယ့်အတွက်အကျိုးရှိရှိ အသုံးချလို့ရမယ့် အရာကိုဘာလို့ လက်လွတ်ခံမလဲ? အာမခံ အ ကြောင်းကိုနားလည်အောင် အင်တာနက်တွေမှာလည်း လေ့လာလို့ရသလို အခမဲ့တိုင်ပင်ဆွေးနွေးလို့ ရမယ့် အာမခံငွေကြေးဆိုင်ရာ အတိုင်ပင်ခံ တွေဆီကလည်း အကြံဉာဏ်တွေ တောင်းယူလို့ရပါတယ်။ အဲဒီလိုသာ တိုင်ပင်ဆွေးနွေးပြီး ကိုယ့်နဲ့အသင့်တော်ဆုံးဖြစ်မယ့် ငွေကြေးပမာဏနဲ့ အသက်အာမခံ ထားရှိလိုက်မယ်ဆိုရင် နောင် ၅ နှစ် သို့ ၁၀ နှစ်စာအတွက် ငွေကြေးပမာဏ က သင့်အတွက် ဘေးနာမှာ ရှိနေမှာပဲ ဖြစ်ပါတယ်...

📌အာမခံမထားပဲလည်း အရင်တုန်းကနေနေကြတာပဲ အခုမှဘာလို့ဒါကအရေးကြီးတာလို့ လာပြောနေတာလဲဆိုရင် ဖုန်းနဲ့ပဲ သာဓက ပြပါရစေ...အရင်တုန်းက ဖုန်းဆိုတာလည်း လူတိုင်းမကိုင်လို့မဖြစ်တဲ့အရာမှ မဟုတ်တာ...အခု ဆိုရင်တော့ ဖုန်းရဲ့အသုံးဝင်ပုံကို နားလည်တတ်ကျွမ်းလာကြပြီး ဖုန်းမကိုင် လို့မရတော့တဲ့ အခြေအနေလို့ဖြစ်လာ ပြီး ဖုန်းရဲ့အသုံးဝင်မှုကို လက်လွှတ်လို့မရတော့တဲ့ အခြေအနေဖြစ်နေပါပြီ...ကျွမ်းကျင်နားလည်တဲ့ အာမခံ အတိုင်ပင်ခံနဲ့ ဆွေးနွေးပြီး အခုတည်းက အသက်အာမခံဆိုတာကို ထားလိုက်မယ်ဆိုရင် နောင်တချိန် အာမခံ ဖွံ့ဖြိုးပြီး နိုင်ငံသားတိုင်း အာမခံမရှိမနေရ အခြေအနေရောက်လာတဲ့အခါ ကိုယ်က သူများထက် အရင် အာမခံနဲ့ ပတ်သတ်တဲ့ အကျိုးအမြတ်တွေကို ခံစားစံစား နေရပြီးဖြစ်ပြီး ငွေကြေးအတွက် သောကရောက်နေရတယ်ဆိုတဲ့ သူတွေထဲမှာလည်း ကိုယ်မပါတော့ပါဘူး ဖြစ်သလို ကိုယ့်ရဲ့အလုပ်ကနေ ပင်စင်ယူတဲ့အချိန်ကျရင်လည်း ငွေကြေး အတွက်ပူပန်နေစရာမလိုပဲ ဘဝကို ကိုယ်လုပ်ချင်တဲ့ ကိစ္စလေးတွေနဲ့ ကျန်နေတဲ့ဘဝကို အေးချမ်းစွာ ဖြတ်သန်း နေရမှာပါ...စိတ်ကူးပုံဖော်ပြီး စဉ်းစားကြည့်ပါဗျာ ဘယ်လောက်တောင် စိတ်ချမ်းသာဖို့ ကောင်းလိုက်သလဲ?

အသက် အာမခံအကြောင်းနဲ့ ပတ်သတ်ပြီး သေသေချာချာ ဆွေးနွေးတိုင်ပင်နိုင်ဖို့💡💡💡

📲📲📲 09 9600 66 506
📧📧📧 [email protected]

ကို အချိန်မရွေးဆက်သွယ်လို့ မေးမြန်း နိုင်ပါတယ် ခင်မျာ...

19/01/2022

📌Universal Life Insurance လို့ခေါ်တဲ့ တသက်တာရွေးချယ် အသက်အာမခံ ကို whole life insurance လို့ပြောကြသလို permanent life insurance လို့လည်းခေါ်ကြပါတယ်...

📌၎င်း အသက်အာမခံ အမျိုးအစားမှာ ကျွန်တော် အကြိုက်ဆုံးနဲ့ သဘောအကျဆုံး အချက်ကတော့ flexibility လို့ခေါ်တဲ့ အာမခံစာချုပ် (policy) ကို ပြောင်းလို့ ပြင်လို့ရတဲ့အချက်ပါပဲ...

📌 အတိုးနှုန်း သဘောတရားပါဝင်တဲ့ ငွေစုခြင်းဆိုတဲ့ ကိစ္စရပ်လည်းပါဝင်ပြီး ပေးသွင်းရသော အာမခံကြေး(ပရီမီယံ) အပေါ်မှာ ကုမ္ပဏီ၏ စီးပွားရေး အခြေအနေပေါ် မူတည်ပြီး အတိုးပေးခြင်း လည်းဖြစ်ပါတယ်...

ဆက်သွယ်မေးမြန်း စုံစမ်းလိုပါက...

📱📱📱09 9600 66 506 နဲ့
📧📧📧 [email protected]

ကို အချိန်မရွေး ဆက်သွယ် နိုင်ပါတယ် ခင်မျာ...

15/11/2021

*** နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ ***

နေ့လည်စာလေးစားပြီး သောက်ပြီးလို့ နေ့ခင်းနေ့လယ်ချိန်ကို ရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိတာ ဓမ္မတာပါပဲ။ လူအများစုမှာ ဒီလိုအခြေအနေမျိုးကို ကြုံဆုံရတတ်ပါတယ်။

အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးချိန်တွေ၊ နေအိမ်မှာ အားလပ်နေချိန်မျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။

တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။

ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။

နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ လူတေအတွက် နိုးကြားမှု လျော့နည်းတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ အိပ်ငိုက်တာတွေ၊ အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ခနတဖြုတ် အနားယူအိပ်စက်ပေးရင် စိတ်ရောကိုယ်ပါ အကျိုးရှိစေမှာလိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေကဆိုထားကြပါတယ်။

ဒီလို နေ့ခင်းနေ့လယ် အိပ်စက်အနားယူတဲ့သူတွေဟာ အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

၁။ မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်မယ်
၂။ သွေးဖိအားမကျအောင် တားဆီးပေးမယ်
၃။ ခန္တာကိုယ်တွင်းက နာ့ဗ်ကြောတွေကို တည်ငြိမ်စေမယ်
၄။ စိတ်စွမ်းအားကို မြှင့်တင်ပေးမယ်
၅။ စိတ်ခံစားချက် ကောင်းမွန်စေမယ်
၆။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်စေမယ်
၇။ ကဖိန်းဓာတ်ထက် လူကိုပိုပြီး အကျိုးပြုမယ်
၈။ အိပ်ရေးပျက်ထားချိန်မျိုးတွေမှာ တရေးတမော အိပ်ပေးရင် ညဘက်ပုံမှန် အိပ်ပေးသလို အကျိုးရှိမယ်
၉။ စိတ်ဖိစီးမှုကို လျှော့ချပေးစေမယ်
၁၀။ နှလုံးကို အားပေးကူညီတယ်
၁၁။ ညဘက် ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက် စေမယ်

ဒါကြောင့် နေ့ခင်းနေ့လယ်တွေမှာ ဖြစ်နိုင်ရင် တရေးတမော အိပ်စက်ကြည့်ပါ။ တစ်နေ့တစ်ကြိမ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို ၄ ကြိမ်လောက် တရေးတမော အိပ်စက်သင့်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အကောင်းဆုံးကတော့ နေ့ခင်းဘက် ၂ နာရီနဲ့ ၃ နာရီအကြားမှာ အိပ်စက်တာက အကောင်းဆုံးပါပဲ။

Credit : Hello ဆရာဝန်

15/11/2021
Want your business to be the top-listed Finance Company in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township. Yangon
Dagon
11141