Kathryn Branded Collection

Kathryn Branded Collection

Share

27/06/2022

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။
....................................................................
🙏🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏🙏🙏

🙏🙏🙏စိပ်ရမယ့်နေ့ရက်များ🙏🙏🙏
_________________________________
(၉) ပါးစလုံးကို ( ၁၂ . ၇ . ၂၀၂၂ မှ ၂၀ . ၇ . ၂၀၂၂ ) အထိနေ့တိုင်းတစ်ပတ်စီစိပ်ပါ။

အရဟံ (၁)ပတ်

သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်

ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်

သုဂတော (၁)ပတ်

လောကဝိဒူ (၁)ပတ်

အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်

သတ္ထာဒေဝမနုဿာနံ (၁)ပတ်

ဗုဒ္ဓေါ (၁)ပတ်

ဘဂဝါ (၁)ပတ်
________________________________

🙏အရဟံ သိဒ္ဓိ (၉)ပတ်🙏

၂၁ . ၇ . ၂၀၂၂ မှ
၂၉ . ၇ . ၂၀၂၂ အထိ
________________________________

🙏သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

၃၀ . ၇ . ၂၀၂၂ မှ
၇ . ၈ . ၂၀၂၂ အထိ
________________________________

🙏ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်🙏

၈ . ၈ . ၂၀၂၂ မှ
၁၆ . ၈ . ၂၀၂၂ အထိ
________________________________

🙏သုဂတော သိဒ္ဓိ (၉)ပတ်🙏

၁၇ . ၈ . ၂၀၂၂ မှ
၂၅ . ၈ . ၂၀၂၂ အထိ
_______________________________

🙏လောကဝိဒူ သိဒ္ဓိ (၉)ပတ်🙏

၂၆ . ၈ . ၂၀၂၂ မှ
၃ . ၉ . ၂၀၂၂ အထိ
________________________________

🙏အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်🙏

၄ . ၉ . ၂၀၂၂ မှ
၁၂ . ၉ . ၂၀၂၂ အထိ
________________________________

🙏သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်🙏

၁၃ . ၉ . ၂၀၂၂ မှ
၂၁ . ၉ . ၂၀၂၂ အထိ
________________________________

🙏ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

၂၂ . ၉ . ၂၀၂၂ မှ
၃၀ . ၉ . ၂၀၂၂ အထိ

_______________________________

🙏ဘဂဝါ သိဒ္ဓိ (၉)ပတ်🙏

၁ . ၁၀ . ၂၀၂၂ မှ
၉ . ၁၀ . ၂၀၂၂ အထိ
________________________________

- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်

🙏🙏🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏🙏🙏

Photos from Kathryn Branded Collection's post 02/12/2021

ဒါလေးတွေမြင်နေရရင် မင်မင်တော့စိတ်ချမ်းသာတယ်

Photos from Kathryn Branded Collection's post 09/07/2021

🔥V Shop Brandလေးတွေ ဒီဇိုင်းစုံ ထပ်ရောက်ပြီနော်🔥

☀️Order Close - July 18
🌟Order Arrive - around July 27

💥ပုံတစ်ပုံချင်းဆီအောက်မှာ
စျေးနှုန်းဆိုဒ်အသေးစိတ် ရေးပေးထားပါတယ်

💥ကုန်တာမြန်လို့ ကြိုက်ပြီဆိုတာနဲ့ မှာထားပါနော်

💥Preorder▪️No Prepaid

💥orderတင်ပြီး BKKကို တစ်ခါတည်းအမှာတင်တာမို့ changeမရcancelမရပါနော်

Yangon Ph - 095155587
Monywa ph - 09267820826
Or chat box🥰

Photos from Kathryn Branded Collection's post 09/07/2021

🔥Thai local brand ဖြစ်တဲ့ Wila brand အသစ်ထွက်တာလေးတွေနော်🔥

☀️Order Close - July 18
🌟Order Arrive - around July 27

💥ပုံတစ်ပုံချင်းဆီအောက်မှာ
စျေးနှုန်းဆိုဒ်အသေးစိတ် ရေးပေးထားပါတယ်

💥ကုန်တာမြန်လို့ ကြိုက်ပြီဆိုတာနဲ့ မှာထားပါနော်

💥Preorder▪️No Prepaid

💥orderတင်ပြီး BKKကို တစ်ခါတည်းအမှာတင်တာမို့ changeမရcancelမရပါနော်

Yangon Ph - 095155587
Monywa ph - 09267820826
Or chat box🥰

Want your business to be the top-listed Clothing Store in Botataung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Botataung