Wai Yan - MarTech
Wai Yan Thwin is a MarTech Specialist and the Co-Founder of Newness – Digital Agency. He is passionate about sharing his knowledge on technology, digital marketing, and other topics through his blog and other channels.
04/06/2026
မနေ့က လုပ်သွားတဲ့ Meta Conversations 2026 မှာ Meta Business Agent ကို တရားဝင်မိတ်ဆက်သွားပါတယ်။
ကျနော်နဲ့ အလုပ်လုပ်နေတဲ့ client တွေကတော့ နဂို soft launch ကတည်းက ရနေပြီးသားပါ။
မရသေးတဲ့ Page ပိုင်ရှင်တွေ အနေနဲ့ စိတ်ဝင်စားတယ် Waitlist လုပ်ချင်တယ်ဆိုရင် ကျနော်နဲ့ အတူ အဖြေရှာကြည့်ချင်တယ်ဆိုရင် comment မှာ
"Meta Business Agent" လို့ မန့်ခဲ့ကြပါ ကျနော် အားတာနဲ့ တစ်ယောက်စီ check ပေးပါမယ်။
31/05/2026
Productivity အတွက် Marketing ကို Technology တွေ AI တွေ ပေါင်းစပ် ပြီး customer acquisition ကို လုဖို့ ဘက်ပေါင်းစုံကနေ လုပ်လို့ရနေပြီ။
ဒီချိန်မှာ လုပ်ငန်းရှင်တွေ စလုပ်သင့်တာက customer royalty ပဲ ရှိပြီးသား ဖောက်သည်တွေ ကိုယ့်စီမှာပဲ ဆက်တည်ရှိနေအောင် database တွေ ဆောက် retaining strategy တွေ နဲ့ စလုပ်ဖို့ အချိန် တန်ပြီ။
တကယ်ပြောတာ customer အသစ်ရှာရတဲ့ စရိတ်နဲ့ အဟောင်းကို ထိန်းရတဲ့ စရိတ် မတူဘူးနော်
21/05/2026
စောင့်မျှော်နေသူ လာပါပြီ - Stable Version ဒီနေ့မှ ရတယ်။ AI ခေတ်မှာ လုပ်စရာတွေ အရမ်းများတယ် Task တွေ တစ်ခုပြီးတစ်ခု ပေးနေသလိုပဲ
06/05/2026
Facebook Ads ကို ChatGPT နဲ့ Claude ကနေ ပြောပြီး manage လုပ်လို့ရတဲ့ ခေတ်ရောက်ပါပြီ။
====
ဧပြီ ၂၉ ရက်နေ့မှာ Meta က Ads AI Connectors ဆိုတာ open beta ထုတ်လိုက်ပါတယ်။ ဆိုလိုတာက — developer မလို၊ API setup မလို၊ code မရေးတတ်လည်း ရတယ်။
ရိုးရိုးရှင်းရှင်းပြောရင် ဒီလိုပါ —
▪ChatGPT ကို "ငါ့ရဲ့ ပြီးခဲ့တဲ့အပတ် campaign report ပြပေးပါ" လို့ ပြောလို့ရတယ်
▪Claude ကို "ဒီ ad set ရဲ့ targeting ကို Yangon, age 25-34 ပဲ ပြောင်းပေး" လို့ ခိုင်းလို့ရတယ်
▪Ads Manager ထဲကို ဝင်စရာ မလိုတော့ဘူး — chat ထဲကနေတင် အကုန်လုပ်လို့ရတယ်
ကျနော် ထင်နေတာ သူတို့ manus AI မှာပဲ dedicated ထားမယ် ထင်ခဲ့တာ အခု ဒီလို ဖွင့်ပေးလိုက်တာ အံသြသွားတယ်။
ဒါပေမယ့် ကျွန်တော် တစ်ခုပြောချင်တာက —
▪AI က Decision လုပ်ပေးတာ မဟုတ်ပါဘူး။ AI က Execute ပိုမြန်အောင် လုပ်ပေးတာပါ။
Strategy က ကိုယ့်မှာပဲ ရှိရဦးမယ်။ Targeting ကို ဘယ်လို ပြောင်းရမလဲ ကိုယ်ပဲ သိနေရဦးမယ်။ Tool က Tool ပါပဲ။
Setup လုပ်ဖို့က
mcp.facebook.com/ads ကို Claude သို့မဟုတ် ChatGPT ထဲမှာ Custom Connector အနေနဲ့ ထည့်ပြီး Meta account နဲ့ sign in လုပ်ရုံပါပဲ။
သင့် လုပ်ငန်း မှာ Facebook Ads Run နေရင် ဒီ feature ကို စမ်းကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဒီခေတ်မှာ Time Saving အရမ်းကြီးပါ။
စမ်းကြည့်ဖူးပြီးသူတွေ ရှိရင် Experience ဘယ်လိုလဲ comment မှာ ပြောပြပါအုံး
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Botataung