BEHS Inntakaw
16/11/2021
"ဘွဲ့တခုတော့ ရထားမှ" လို့ ပြောမယ့်အစား "ပညာတခုတော့ တတ်ထားမှ" လို့ ပြောမယ့် လူ့အဖွဲ့အစည်းတခု ကျွန်တော်တို့ တည်ဆောက်ရလိမ့်မယ်။
လူ့အဖွဲ့အစည်းက လိုအပ်တာဟာ ဘွဲ့ရတဲ့သူတွေ မဟုတ်ဘူး။ ပညာတတ်တဲ့သူတွေပဲ ဖြစ်တယ်။ ဆေးပညာဘွဲ့ရတဲ့သူတွေကို မလိုဘူး။ ဆေးကုသမှု ပေးနိုင်တဲ့သူတွေကိုပဲ လိုတယ်။ အင်ဂျင်နီယာဘွဲ့ရတဲ့သူတွေကို မလိုဘူး။ လမ်းတံတားတွေ အဆောက်အဦးတွေ ဆောက်လုပ်တတ်သူတွေပဲ လိုတယ်။
ဘွဲ့ဆိုတာသည် အသိအမှတ်ပြုမှုတခုပဲ။ ဒီလူသည် ဆေးကုသဖို့ လုံလောက်တဲ့ အသိပညာ ဗဟုသုတ ကျွမ်းကျင်မှုတွေ ရှိပြီလို့ ယူဆတဲ့အခါ ဆေးပညာဘွဲ့ ပေးလိုက်တာပဲ။ တခြားသောဘွဲ့တွေလည်း အလားတူတွေပဲ။ ပညာသည် အဓိက၊ ဘွဲ့ဆိုတာသည် အဲ့ဒီပညာ တတ်မြောက်ထားပြီဆိုတဲ့ အသိအမှတ် ပြုမှုပဲ။ ဒီဘွဲ့ရထားတယ်ဆိုတာနဲ့ သူဆီမှာတော့ ဒီအရည်အချင်းတွေ ရှိပြီဆိုတာ အလွယ်တကူ သိနိုင်ဖို့ သတ်မှတ်ထားတဲ့အချက်တခုပဲ။
ဘွဲ့သည် ပညာကို အာမ မခံနိုင်တော့တဲ့အခါမှာ အလကား ဖြစ်သွားတယ်။ ဒီနိုင်ငံမှာတော့ ဘွဲ့အများစုဟာ အလကားဖြစ်နေတာ ကြာနေပါပြီ။ အရင်ခေတ်က ဘွဲ့မရရင်လည်း အလုပ်ကောင်းကောင်းရတယ်၊ ဒီခေတ်က ဘွဲ့ရလည်း အလုပ်မရဘူးဆိုတာ အဲ့ဒါကြောင့်ပဲ။ ခြင်္သေ့ပုံ တံဆိပ်ကပ်ထားတဲ့ ကြောင်ပေါက်ကလေးတွေ ဖြစ်ကုန်ကြလို့။
၂၁ ရာစုမှာ အင်တာနက်တွေ ပေါ်လာတယ်။ ပညာသင်ရတာ လွယ်လာတယ်။ ကိုယ် တော်ရင်တော်သလောက် ပညာတွေ ယူလို့ရလာတယ်။ ပြန်အသုံးချလို့ ရလာတယ်။ မင်း ဘာဘွဲ့ရသလဲဆိုတာက အရေးမကြီးတော့ဘူး၊ မင်း ဘာလုပ်တတ်သလဲဆိုတာက အရေးကြီးလာတယ်။ ပညာကိုပဲကြည့်ပြီး အလုပ်ခန့်တဲ့ လုပ်ငန်းတွေ တိုးတက်မယ်။ ဘွဲ့ကိုပဲကြည့်ပြီး အလုပ်ခန့်တဲ့ လုပ်ငန်းတွေ ကျရှုံးမှာပဲ။ ဘွဲ့တခု ရရင်ပြီးရောဆိုပြီး ယူထားတဲ့သူတွေ အနာဂတ်မှာ လမ်းပျောက်မှာပဲ။
သုံးသောင်းကဘယ်နားနေမှန်းမသိသေးဘူး တစ်ပတ်တစ်ရက် ကင်းစောင့်ရပြီ သောက်ဂွပဲဟေ့
Click here to claim your Sponsored Listing.
Category
Website
Address
Bago