Aye Yu Mon

Aye Yu Mon

Share

I spite of the open, laughing face that the Burmese presented to the world, the ingrained, inarticulate, conviction of their own nationhood prevented them from truly admitting those they saw as 'foreign' into their inner sanctums."

24/01/2026

ရွှေတောင်တွင် စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဇနီးဖြစ်သူနှင့် ကလေးငယ် ၃ ဦး ကျန်ခဲ့၊ စစ်ကိုင်းမြို့ပေါ်တွင်လည်း စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဇနီးဖြစ်သူနှင့် ကလေးငယ် ၃ ဦး ကျန်ရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေတောင်မြို့နယ်၊ တွင်းဗြဲရွာတွင် နေထိုင်သော အသက် ၃၀ နှစ်အရွယ် ကိုမိုးဆန်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တွင်းဗြဲရွာ လူကြီးနှင့် ရွှေတောင်မြို့နယ် တရုတ်မှော် ရဲကင်းမှ အကြမ်းဖက် စစ်သားများက စစ်မှုထမ်း လစဉ်ကြေးမပေးခြင်းကြောင့် နေအိမ်ထဲထိ ဝင်ရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ကိုမိုးဆန်းသည် နေ့စားအလုပ်လုပ်ကိုင်ပြီး ဇနီးသည်နှင့် ကလေးငယ် ၃ ဦးကို ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ရွှေတောင်မြို့ ခလရ ၁၄ တပ်ရင်းထဲတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

"တွင်းဗြဲရွာမှာ နေထိုင်တဲ့ ကိုမိုးဆန်းကို စစ်မှုထမ်း လစဉ်ကြေး မပေးနိုင်လို့ဆိုပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေက နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားတာ အဲ့ကောင်လေးက မရှိလည်းမရှိရှာပါဘူး။ ပေါက်ခေါင်းဘက်ကနေလာပြီးအိမ်ထောင်ကျတာ အခုသူ့ကိုဖမ်းသွားတော့ သူ့မိန်းမနဲ့ ကလေးသုံးယောက်ကျန်ခဲ့တယ်။ မိသားစုတွေ ဒုက္ခရောက်ပြီပေါ့" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ အသင်္ခရာ စောယွန်းအဝိုင်းတွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုဖမ်းဆီးမှုအတွင်း အသက် ၂၀ အရွယ်နှင့် အသက် ၃၀ ကျော်အရွယ် လူငယ်များ ပါဝင်ကြောင်း သိရသည်။

"စစ်ကိုင်းမြို့ပေါ်မှာ စစ်ခွေးတွေက တော်တော်ဆွဲနေတာ ဒီနေ့လည်း စစ်ကိုင်း အသင်္ခရာ စောယွန်းအဝိုင်းပတ်မှာ ပေါ်တာဆွဲတာ တော်တော်ပါကုန်တယ်။ လူငယ် ၂၀ ကျော်လောက်ပါသွားတယ်။ ပေါ်တာဆွဲ ဖမ်းဆီးတာ သိကြပေမယ့် စားဝတ်နေရေးက တစ်အိမ်လုံးလုပ်မှ စားရတာဆိုတော့ ထွက်ကြရတာပါပဲ။ စစ်ကိုင်းမြို့ပေါ်မှာက စစ်ခွေးနဲ့ ပျူစောထီးတွေက လှုပ်ရှား ရမ်းကားနေကြတာ" ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ၌ မဲစာရင်းမပါသူများကို အတင်းအကြပ် စာရင်းပေးခိုင်းခြင်းကြောင့် လက်ရှိချိန်တွင် စစ်တပ်က လူဦးရေစာရင်းများရရှိသွားကာ စစ်မှုထမ်းဆင့်ခေါ်စာများ နေအိမ်ထိ လိုက်လံပို့ဆောင်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

"ဒီနောက်ပိုင်း စစ်ကိုင်းမှာအရင်က အိမ်ထောင်စုထဲမရှိတဲ့ လူတွေပါ အိမ်တိုင်ရာရောက် စစ်မှုထမ်းလာဆွဲတာတွေရှိနေပြီ ရွေးကောက်ပွဲမှာ မဲစာရင်း မပါတာကနေ စတယ်။ မဲစာရင်းမပါတော့ လူတွေကကြောက်ပြီး အတင်းအကြပ် စားရင်းကောက်တာတွေ လုပ်မှာဆိုးလို့ စာရင်းသွားပေးကြရော စာရင်းသွားပေးလိုက်ပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာ မဲစာရင်းမှာ ပါမလာကြဘဲ စစ်မှုထမ်းစာရွက်တွေပဲ အိမ်ရောက်လာကြတယ်။ ပါလာတဲ့လူတွေကို လိုက်စုံစမ်းကြည့်တော့ အရင်ကစစ်မှုထမ်းမပါဘူး။ မဲစာရင်း ပေးလိုက်မှ အရံသင့်ထည့်လိုက်တယ်ထင်တယ်။ အခုဆို အိမ်ထိလာဆွဲတဲ့ အဆင့်တွေရောက်ကုန်ကြတာ" ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

22/01/2026

မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံး၊ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးနေပြီး ငွေကျပ် သိန်းချီ တောင်းယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံးကာ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးပြီး ငွေကျပ် သိန်းချီ တောင်းယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် မိုးကုတ်မြို့ စစ်တန်းကုန်းလမ်းဆုံအနီး ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရသော နေရာသည် အကြမ်းဖက် စစ်သားများ တပ်စွဲထားသော မြန်မာ့စီးပွားရေးဘဏ်နှင့်လည်း အလွန်နီးကပ်ကြောင်း သိရသည်။

"ဒရုန်းဗုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ထိသွားတယ်လို့ သိရတယ်။ စစ်တန်းကုန်း လမ်းဆုံက လက်ဖက်ရည်ဆိုင်နားကို ကျတာ ပြည်သူ ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ဆိုင်ရှင်ကတော့ အစမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်။ ဗုံးကျတဲ့ နေရာက စစ်ခွေးတွေ တပ်စွဲထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှိတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေ အနီး မသွားကျဖို့ လိုတယ်။ အဲနေရာတွေက ခဏခဏ တိုက်ခိုက်ခံနေရတဲ့ နေရာတွေ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ ဒရုနးဗုံးကျရောက်ပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယင်းသို့ စစ်ဆေးပြီး ဆိုင်ကယ် ဦးထုပ်မပါသူများထံမှ ငွေကျပ် ၁ သိန်းနှင့် ဆိုင်ကယ် လိုင်စင် မပါသူများထံမှ ငွေကျပ် ၃ သိန်း ကောက်ခံနေကြောင်း၊ ထို့ပြင် စည်ပင်ရုံးတွင်လည်း ရုံးပိုင်းဆိုင်ရာ ပစ္စည်းများ ကားပေါ်မှ ချနေကြောင်း သိရသည်။

"ဗုံးကျဲ တိုက်ခိုက်ခံရပြီး အခုမြို့ထဲ ဆိုင်ကယ်တွေ စစ်နေတယ်။ ဆိုင်ကယ်ဦးထုပ်မပါရင် ၁ သိန်းဆိုပြီး တောင်းတယ်။ ၅ ယောက်လောက် တောင်းခံရတယ်။ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်မရှိရင် ၃ သိန်းတောင်းတယ်။ စည်ပင်ရုံးတွေမှာလည်း ရုံးပိုင်းဆိုင်ရာပစ္စည်းတွေကားပေါ်ကနေ ချနေကြတယ်" ဟု ဒေသပြည်သူတစ်ဦး ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မိုးကုတ်မြို့၊ မစိုးရိမ်ကျောင်းတိုက်နှင့် မောနေယကျောင်း တိုက်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် သည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ချောင်းကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃ ဦးကိုလည်း ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်းသိရသည်။

Photos from Aye Yu Mon's post 13/01/2026

ရေဦးနှင့် မြစ်ခြေမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေဦးမြို့နယ်၊ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်၏ Yak-130 ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ဗုံးက ပင်စိမ်းခင်းရွာ ​ပြည်သူပိုင်နေအိမ်ထဲကို တည့်တည့်ကျတာ တံတားဦးလေတပ်က တက်လာတဲ့ Yak-130 ဖိုက်တာ ၁ စီးက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာ သေဆုံးသူတာက ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးလို့ သိရတယ်။ ဘာတိုက်ပွဲမှဖြစ်မထားဘဲ စစ်ခွေးတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့လေကြောင်းကနေ ဗုံးကျဲ သတ်ဖြတ်သွားတာပါ" ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

အလားတူ ဇန်နဝါရီ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ကလည်း ရေဦးမြို့နယ် အတွင်းရှိ လေးရွာ စာသင်ကျောင်း၊ အုန်းတပေါင်းရွာ စာသင်ကျောင်း၊ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း၊ ကျေးရွာအတွင်းရှိ‌ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

"တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီးတော့ ၁ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ အခုစစ်ခွေးတွေ ဗုံးကျဲသွားတဲ့ ရွာတွေက မြစ်ခြေမြို့နားက ရွာတွေပါပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Want your business to be the top-listed Media Company in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


Bago