SMEBi Bago
30/10/2025
“Learning with heart, teaching with respect.”
သို့မဟုတ်
“Building soft skills, strengthening human touch.”
Special Needs Children များကို စောင့်ရှောက်သင်ကြားပေးသူများ ဆရာ/ဆရာမများ၏ Skill Development and Motivation ဖြစ်စေမည့် အစီအစဉ်ဖြစ်တဲ့ Staff Development Program သင်တန်းကို
New Life Foundation နှင့် SMEBi International College တို့က အောင်မြင်စွာ ပူးပေါင်းကျင်းပဖြစ်ပါတယ်...
အဆိုပါသင်တန်းတွင် –
Trust Building (ယုံကြည်မှုတည်ဆောက်ခြင်း)
Personal Hygiene & Grooming (ကိုယ်တိုင်သန့်ရှင်းမှုနှင့် ပရော်ဖက်ရှင်နယ်ပုံပန်းသဏ္ဍာန်)
Effective Communication (ထိရောက်သော ဆက်သွယ်ပြောဆိုမှု)
Workplace Ethics & Attitude Change (အလုပ်ခွင်ကျင့်ဝတ်နှင့် အပြုအမူပြောင်းလဲမှု)
စသည့် အချက်အလက်များကို အထူးပြုသင်ကြားပေးခဲ့ပြီး၊ သင်တန်းသားများမှလည်း လှုပ်ရှားဆွေးနွေးမှုများ၊ Role Play များနှင့် မျှဝေမှုများဖြင့် တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
၎င်းမှတဆင့် သင်ကြားသူများသည်
မိမိကိုယ်ကို တန်ဖိုးထားတတ်လာခြင်းကြောင့် သင်ကြားမှုတွင် ပိုမိုချောမွေ့လာစေခြင်း၊
ကလေးများ၏ စိတ်အခြေအနေများကို နားလည်သဘောပေါက်လာခြင်း၊
အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းနှင့် အပြန်အလှန်လေးစားမှုကို တန်ဖိုးထားလာခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
သင်တန်းအပြီးတွင် Certificate များကိုလည်း ပေးအပ်ခဲ့ပြီး၊ မျှော်လင့်ချက်အသစ်များဖြင့် တန်ဖိုးရှိသည့် နေ့ရက်တစ်ရက် အဖြစ် မှတ်သားခဲ့ကြပါတယ်။
SMEBi International College အနေနဲ့ ဒီသင်တန်းလိုမျိုး ပိုမိုကောင်းမွန်သော ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စိတ်ဓါတ်မြှင့်တင်ရေး (Professional Development & Morale Building) သင်တန်းများကို အဖွဲ့အစည်းများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
# Positive Attitude
05/10/2025
🌕💫 မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော် ✨🙏🏻 အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အထူးခြားဆုံးနဲ့ အရေးအကြီးဆုံး နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
ဂေါတမမြတ်စွာဘုရားရှင်ဟာ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးနောက် မိခင်ဖြစ်ခဲ့ဖူးသူ (နတ်သားအဖြစ် တာဝတိံသာနတ်ပြည်တွင် ရောက်ရှိနေသူ) အား ကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာ နတ်ပြည်သို့ တက်ရောက်ပြီး တရားဟောကြားခဲ့ပါတယ်။
သုံးလ ကြာတရားဟောကြားပြီးနောက် မြတ်စွာဘုရားရှင်သည် သီတင်းကျွတ်လပြည့်နေ့တွင် သင်္ကဿနဂိုရ်ပြည်သို့ လူ့ပြည်ကို ပြန်လည် ဆင်းသက်ကြွမြန်းတော်မူပါတယ်။
ထိုအချိန်က လူသားဗုဒ္ဓဘာသာဝင်များက ဘုရားရှင် လူ့ပြည်သို့ ပြန်လည်ကြွရောက်လာခြင်းကို ကြိုဆိုသောအားဖြင့် လမ်းတစ်လျှောက်လုံးနှင့် နေအိမ်များကို မီးများထွန်းညှိပြီး ပူဇော်ကြိုဆိုခဲ့ကြသော အဘိဓမ္မာ အခါတော်နေ့ပဲဖြစ်ပါတယ်။
ဒီလို သီတင်းကျွတ် ကာလလေးမှာ အဘိဓမ္မာ တရားတော်ကို နာယူကာ ဝါကင်းလွတ် တော်မူလာသော မြတ်ဘုရားရှင်ကို ပူဇော်သော မီးထွန်းပွဲတော် အခါသမယလေးမှာ...
• ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ လန်းဆန်း ပြီး အေးချမ်းပါစေ။
• ဘေးအန္တရာယ်၊ အခက်အခဲမှန်သမျှ မီးမှောင်ကို ပယ်ဖျက် တဲ့အလား ကင်းဝေးပါစေ။
• စိုးရိမ်ပူပန်မှု မှန်သမျှကို လုံးဝငြိမ်းအေးစေပြီး ကြည်နူးပျော်ရွှင်ခြင်း တွေသာ အစဉ်အမြဲ ဖြစ်ပေါ်ပါစေ။
• စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကဏ္ဍအားလုံးမှာ ကောင်းသောလိုအင်ဆန္ဒ များ အမြန်ဆုံး ပြည့်ဝ ပါစေ။
• စက္ကန့်တိုင်း၊ မိနစ်တိုင်း မှာ မင်္ဂလာရှိသော ကံကောင်းခြင်းများ နဲ့ ပြည့်စုံတဲ့နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့...SMEBi International College မှရိုသေစွာ မေတ္တာပို့သ ဆုတောင်းပေးလိုက်ပါတယ်။ 🙏🏻 🙏🏻🙏🏻
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No 655, Pan Chan Kone Street, Myo Twin Gyi Qtr, Kyauk Phu Kone
Bago
08011