Max Mingo
11/09/2017
ဆရာမိုးကျော်နှင့် မောင်သီ ဆွေးနွေးခန်း ( အပိုင်း - ၂)
ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်လာတဲ့ ဘင်္ဂလီအကြမ်းဖက်တွေ အကြောင်း၊ ယင်းအပေါ်မှာ အစိုးရရဲ့ သဘောထား၊ ပါတီတွေရဲ့ သဘောထား၊ နိုင်ငံတကာရဲ့ ရပ်တည် ချက်တွေ အပေါ် ဆရာမိုးကျော်၏ သုံးသပ်ချက် ......... ။
စက်တင်ဘာ - ၁၀| မောင်သီ
မောင်သီ - ဒီတပတ် - လတ်တလော ဖြစ်ပေါ်လာတဲ့ ဘင်္ဂလီအကြမ်းဖက်တွေ အကြောင်း၊ ယင်းအပေါ်မှာ အစိုးရရဲ့ သဘောထား၊ ပါတီတွေရဲ့ သဘောထား၊ နိုင်ငံတကာရဲ့ ရပ်တည် ချက်တွေ အပေါ် ဆရာ့အမြင် သုံးသပ်ချက်လေးကို ကြားပါရစေ။ မေးချင်တာ တစ်ချို့ကိုလဲ မေးခွင့်ပြုပါဆရာ … ။
ဆရာမိုးကျော် - ရပါတယ်။ ကိုမောင်သီ ကြိုက်တာမေးပါ။ ကျွန်တော်လည်း သိသလောက် ကြိုးစား ဖြေပါ့မယ်။
မောင်သီ - ဒီဘင်္ဂလီ ပြဿနာနဲ့ ပတ်သက်လို့ NLD အစိုးရ ကိုင်တွယ်ပုံကို ရခိုင်ပါတီ ANP က ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာပြဿနာ ဖြစ်အောင် ပုံကြီးချဲ့တယ်။ ရခိုင်မှာ ဖြစ်နေတဲ့ ဘင်္ဂလီ ပြဿနာကို ရခိုင်ကဘဲ ဖြေရှင်းရမယ်။ ဒီကိစ္စကို ရခိုင်တွေ ကဘဲ ပိုသိတယ်။ ပြောလာတယ်။ လူတချို့ ဆန္ဒ ထုတ်ဖော်လာ ကြတယ်။ အဲဒီအပေါ်မှာ ဆရာ့အမြင်ကို သိ ပါရစေ။
ဆရာမိုးကျော် - ဒီပြဿနာနဲ့ ပတ်သက် လို့ NLD က - ကုလသမ္မဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်တို့ကို အကြံပေး အဖွဲ့ဖွဲ့ပြီး လေ့လာခိုင်းတဲ့အပေါ် ရခိုင်ဘက်က ခံစားချက် အမြင် ပေါ့လေ- ဟုတ်ပါတယ်။ ရခိုင်မှာဖြစ်နေတဲ့ကိစ္စ ရခိုင်လူမျိုးတွေက ပိုသိတယ်။ ရခိုင်တွေဘဲ ကိုင်တွယ်ဖြေရှင်း ရမယ်ဆိုတဲ့ အမြင်ဟာ ယေဘူယျ သဘောအရ မှန်ပါတယ်။ ဘင်္ဂလီပြဿနာကို ရခိုင် ပြည်တွင်းရေး ပြဿဆိုတဲ့ ရှုဒေါင့်က ကြည့်ကြတာကိုး။ ဒီကိစ္စဟာ ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲတောင် တစ်ခုလိုပါဘဲ။ ရေပေါ်မှာ ပေါ်နေတာက ၅ ပုံ ၁ ပုံ။ ရေအောက် ရောက်နေတာက ၅ ပုံ ၄ ပုံ။ ၅ ပုံ ၁ ပုံ ပေါ်နေတာက အစွန်းရောက် အကြမ်းဖက် ဘင်္ဂလီပြဿနာ - ရေအောက်မြုပ်နေတဲ့ ၅ ပုံ ၄ ပုံ အပိုင်းမှာ နိုင်ငံတကာက ကုလား (မူဆလင်) နိုင်ငံအားလိုလို ပါဝင် ပတ်သက်မှု၊ အိုက်စလင် ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှု၊ အစွန်းရောက် IS တွေရဲ့ ပါဝင်ပတ်သက်မှု၊ OIC မူဆလင် နိုင်ငံများ အဖွဲ့အစည်းရဲ့ ဝင်ရောက် စွက်ဖက်မှု၊ ကု လသမဂ္ဂ ပုဂ္ဂိုလ်များ၏ ဘက်လိုက်မှု (ကုလအတွင်းရေးမှူး ချုပ် ဘန်ကီမွန်းနဲ့ ရန်ဟီးလီတို့ရဲ့ အပြောနဲ့ အလုပ်တွေကို ပြန်ကြည့်ပါ) NGO, INGO အဖွဲ့အစည်းတွေရဲ့ တဖက်သတ် ပံ့ပိုးကူညီသွေးထိုးမှုတွေ အမှန်တကယ် ရှိနေတယ် ဆိုတာကို ရခိုင်ပြည်သူ လူထုတွေ ရှင်းရှင်းလင်းလင်း မြင်နေရမယ်။ တဘက်က မီဒီယာတွေရဲ့ ကိုယ်ကျိုးအတွက် ဘက်လိုက် နေကြတာ တွေကိုပါ သိနေရမယ်။
ဒီထက်အရေးကြီးတာက ဒီဘင်္ဂလီပြဿနာ အပေါ် အနောက်အုပ်စုတွေရဲ့ ချဉ်းကပ်အမြတ်ထုတ်လိုတဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံအတွက် မြွေယူရာမှာ ကင်းမှောင့် သလို ဖြစ်နေခဲ့တာ အမှန်ဘဲ။ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့ဟာ - ဘင်္ဂလီကုလား တွေဘက်က ရပ်တည်ပြောဆိုနေတာကို ထင်ထင် ရှားရှား တွေ့နေရတယ်။ မြန်မာနိုင်ငံက ဘင်္ဂလီတွေကို လူမျိုးတုံး သတ်ဖြတ် နေကြပြီဆိုပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအထိ ဒီပြဿနာကို ဆွဲတင်လာတယ်။ သူခိုးက လူလို့ ဟစ်လာတယ်။ ဒီမတရားမှုတွေကို ကမ္ဘာသိအောင် ကျုပ်တို့ ရှင်းရမယ်။ ဒါဟာ ရခိုင်ကိစ္စတစ်ခု မဟုတ်ဘူး တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်လာတယ်။ အခုဟာက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ဘူး။ လူအင်အားနဲ့ နယ်မြေခွဲထုတ်ဖို့ အကြမ်းဖက်လာတဲ့ ပြဿနာ။ အချုပ်အခြာ အာဏာတို့ တိုက်ရိုက်ထိပါးစော်ကားလာတာ ဖြစ်တယ်။ ရှင်းရှင်း လင်းလင်း ကွဲကွဲပြားပြား မြင်ဖို့လိုတယ်။ နိုင်ငံသား အားလုံးနှင့် ဆိုင်တယ်။ ရခိုင်တွေအနေနဲ့ ပိုလို့ မြင်တတ် ကြည့်တတ်ဖို့ လိုတယ်။ ခလေးအတွေးနဲ့ လူမျိုးကို ချစ်ပြနေတာဟာ ဘာမှ ခရီးမရောက် ဆိုတာ သိထားစေချင် ပါတယ်။
မောင်သီ - ဒီအကြမ်းဖက်ခိုးဝင်ဘင်္ဂလီကို အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်တွေက ဘာရည်ရွယ်ချက်နဲ့ မြှောက်ပေးနေရတာလဲ ဆရာ …… ။
ဆရာမိုးကျော် - ဒီလို ကိုမောင်သီရေ၊ ကျွန်တော်တို့ ရခိုင်လူမျိုးတော်တော်များများ မသိသေးတဲ့ နားမလည်သေးတဲ့ ကိစ္စတွေ ဆက်စပ်မစဉ်းစားမိသေးတဲ့ ကိစ္စ အများကြီး ရှိနေသေး တယ်ဗျ။ ကိုမောင်သီ သတိပြုမိမှာပါ။ ၂၀၁၅ ခုနှစ် NLD အာဏာရ ယူစဉ်အချိန်လောက်က အမေရိကန် သံအမတ်ကြီး “ဒစ်ရစ်မာရှယ်” က လူမျိုးတစ်မျိုးဖြစ်တဲ့ ရိုဟင်ဂျာ ဟာ သူ့နာမယ်ကို သူပေးတာ လက်ခံသင့်တယ်။ သူတို့လဲ လူမျိုးတစ်မျိုးမို့ အခွင့်အရေး ရှိတယ်လို့ ပြောတာကို မှတ်ကိုမှတ်မိမှာပါ။ အဲဒီအချိန်က ဒေါ်အောင်ဆန်း စုကြည် ဘာပြောခဲ့လဲ။ မှတ်မိရဲလား “ကျမတို့ နိုင်ငံမှာ ရိုဟင်ဂျာဆို တဲ့ နာမယ်နဲ့ လူမျိုး လုံးဝမရှိဘူး။ ဒီအခေါ်အဝေါ်ဟာ ထိရှ လွယ်တဲ့အတွက် မသုံးပါနဲ့လို့ တားမြစ်ခဲ့တယ်။” နောက်ပိုင်း သံရုံးတွေ နုတ်ဆိတ်သွားခဲ့တယ်။
ဒီဘင်္ဂလီကုလားတွေနဲ့ ပတ်သက်ပြီး ဗြိတိန်၊ ပြင်သစ် သံရုံးင်္တေမှာ ကျွန်တော်ဆွေးနွေးပွဲ သုံးကြိမ်တက်ဖူး တယ်။ တိုရှင်းလိုရင်း ပြောရင် အတူယှဉ်တွဲ နေထိုင်ရေး မူကိုပဲ ထပ်တလဲလဲ ပြောနေတာ။ ဒီကုလားတွေ နေခွင့် ရရေး မရရေး သူတို့ အပူလား။ ရခိုင်ဒေသမှာ ကုလားမရှိရင်ကော သူတို့မှာ ဘာနှစ်နာမှာလဲ။ ရှိရင်ကော ဘာအမြတ် ထွက်မှာလဲ။ တကမ္ဘာလုံးမှာ တခြားနိုင်ငံ တွေက မပူဘဲ သူတို့ ဘာဖြစ်လို့ ပူပင်နေတာလဲ့။ ဝင်စွက်ဖက်ချင် ရတာလဲ မစဉ်းစား သင့်ဘူးလား။ ကျုပ်တို့အခြေမရှာသင့်ဘူးလား။ အပေါ်ယံတွေးပြီး အဖြေရှာရင်တော့ ပြည်တွင်းရေး၊ ရခိုင်အရေးပေါ့။ ဒါပေမဲ့ ဒီလိုမဟုတ်ဘူး။ ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန် (အနောက်အုပ်စု) စွက်ဖက်နေပါတယ်။ သာမန် ပြည်သူနားလည် အောင် ပြောရရင်တော့ - အနောက်အုပ်စုနဲ့ တရုပ်။ ကျုပ်တို့ မြေပေါ်မှာ ထိပ်တိုက်တွေ့နေကြခြင်းဘဲ။ ဒီနိုင်ငံကို စစ်အုပ်စု ကြီးစိုး စဉ်က ကျေးဇူးရှင်တရုပ်ကြီး အတွက် ဗိုလ်သန်းရွှေက အခွင့်လမ်းတွေ အများကြီးပေးခဲ့ တယ်။ တပြည်လုံးက ကိစ္စတွေကို မပြောတော့ဘူး။ ရခိုင်ဘက်က မဒေးကျွန်း (ကျောက်ဖြူ) ရေနက်ဆိပ်ကမ်းနဲ့ ရမ်းဗြဲကျွန်း SEZ တည်ဆောက်ရေးတွေကို သဘောတူ ခဲ့တယ်။ ပင်လယ်ထွက်ပေါက် ပျောက်နေတဲ့ တရုပ်ဟာ မိုးနတ်မင်း သန်းရွှေကောင်းမှုနဲ့ ကူမင်း ကျောက်ဖြူ ရေနံပိုက်လိုင်း တဖက် တချက်မှာ ကားလမ်း၊ ရထားလမ်း၊ ရာထားချက် တွေပါတယ်လို့ သိရတယ်။ တရုပ်ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာ ထဲကို တရုပ်ပြည်ကနေ နာရီပိုင်းအတွင်း ရောက်လာနိုင်မယ်လို့ သိရတယ်။
ကျောက်ဖြူ (မဒေးကျွန်း)နဲ့ ကူမင်းကို ပိုက်လိုင်းကနေ ရေနံနဲ့ ဂတ်စ်ကို ၁၀ နာရီလောက်နဲ့ အရောက်ပို့နိုင်တယ်။ ပင်လယ်ကွေ့ နိုင်ငံတွေက ဝယ်ယူရရှိ တဲ့ ရေနံကို မဒေးကျွန်း ရေနံ TANK -တွေထဲထည့်ပြီး ပိုက်ကနေ ပို့တာဟာ ကုန်ကျစရိတ်နည်းပြီး အချိန်လဲ အချိန်တို အတွင်းပြီးမြောက်နိုင်တယ်။ ၂၀၅၀ မှာ Super Power ဖြစ်ချင်တဲ့ တရုပ်နဂါးအတွက် ရေကန်အသင့် ကြာအတင့် ဖြစ်သွားတယ်။ စီးပွားရေး ဖွံဖြိုးမှု နောက်မှာ စစ်ရေးရည်မှန်းချက် မဟာဗျူဟာပါလာမယ်ဆိုတာ နားလည် ထားရမယ်။ Super Power - ဖြစ်ဖို့ ကြိုးစားရင် သမုဒ္ဒရာ ပိုင်စိုးရေး လုပ်လာလိမ့်မယ်။ အိန္ဒိယ သမုဒ္ဒရာကို ပိုင်စိုးထား တဲ့ အမေရိကန်နဲ့ တရုပ်ဟာ ဒီဒေသမှာ ထိပ်တိုက်တွေ့ နိုင်တယ်။
တရုပ်ရဲ့ တိုးတက်လာတဲ့ စီးပွားရေးနဲ့ စစ်ရေးကို ထိမ်းချုပ်နိုင်ဖို့အတွက် အမေရိကန်ဟာ ဗြိတိန်နဲ့ ပြင်သစ်တို့နဲ့ ပူးပေါင်းပြီးတော့ ရခိုင်ဒေသကို ထိမ်းချုပ်ဖို့ ကြိုးစားနေ တယ်။ ဒီဒေသမှာ တည်ငြိမ်မှုမရှိအောင် ရခိုင်နဲ့ ကုလားကို ရန်ပွဲ ဖန်တီးမယ်။ ရခိုင် သေသေ၊ ကုလား သေသေ သူတို့အ တွက် ပြဿနာမဟုတ် ဒီသတ်ပွဲကို လူမျိုးတုံး သတ်ဖြတ်နေ ကြပြီလို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်မယ် (အခုလဲ တင်နေပြီ) အဆိုအောင်တာနဲ့ ကုလတပ်တွေ ဒီဒေသကို ဝင်သိမ်းပြီးတော့ တရုပ်ခြေလှမ်း ရှေ့မတိုးနိုင်အောင် လုပ်မယ်။ အနောက်အုပ်စုဟာ ဒီယုံကို မြင်လို့ ဒီခြုံကို ထွင်နေတာ ဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအနေအထားနဲ့ တိုင်းရင်း လက်နက်ကိုင်အုပ်စုတွေဘက်ကို ပြန်လေ့လာကြည့်လိုက် တော့ - မြောက်ပိုင်းမှာ ရပ်တည်နေကြတဲ့ - ကချင် (KIA)၊ ရခိုင် (AA)၊ တအောင်းပလောင် (TNLA)၊ ဝ (UWSA)၊ ကိုးကန့် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေဟာ တရုပ်နဲ့ နီးစပ်တယ်။ ဒဲ့ပြောရရင် တရုပ်ကြိုးကိုင်မှု အောက်မှာရှိ တယ်လို့ဆိုရမှာဘဲ။ လက်ရှိ NLD အစိုးရဟာ စစ်အုပ်စု ခဲ့သမျှ အရှုပ်အထုပ်ကို အရှေ့နဲ့ အနောက်ကြား ထိမ်းညှိနေ ရတယ်။ ဒီကြားထဲ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘုံသဘောထား တရပ်ရလာအောင် ညှိနှိုင်းရာမှာ တရုပ်ရဲ့ အရေးပါမှုကိုလဲ ထည့်တွက်ရသေးတယ်။ ဒီလို့ ခက်ခဲရှုပ် ထွေးတဲ့ အခြေအနေကြားမှာ - ဒေါ်အောင်ဆန်းစုကြည်ဟာ လိမ္မာပါးနပ်စွာ ထိမ်းကျောင်းလျှောက်လှမ်းလာနိုင်ခဲ့တယ်။ ဘင်္ဂလီအကြမ်းဖက်တွေရဲ့ ဇာတိရုပ်ကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက လာခံလာအောင် ဖော်ထုတ်နိုင်ခဲ့တယ်။
မနှစ်က ဒီစက်တင်ဘာလထဲမှာ ကုလသမဂ္ဂမှာ သူပြောခဲ့တဲ့ မိန့်ခွန်း တော်တော်ထိရောက်ခဲ့တယ်။ ဘင်္ဂလီတွေရဲ့ သံတမန်လမ်းကြောင်းက ချဉ်းကပ်လာတဲ့ ရိုဟင်ဂျာဖြစ်ရေး အိပ်မက်ဟာ တစစဖြစ်သွားခဲ့တယ်။ သံတမန်လမ်းကြောင်းပေါ်မှာ ရိုဟင်ဂျာ အဖြစ်ရပ်တည်မှု မရနိုင်တဲ့အခါ မြေပြင်စိုးမိုးရေး တိုက်ခိုက် ရေး လမ်းကြောင်းကို ရွေးချယ်အကောင်အထည် ဖော်လာခဲ့တယ်။ အကြမ်းဖက် လမ်းစဉ်ကို ချမှတ်ပြီးတော့ - မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာရှိ - နစက (နယ်စပ်ကြီးကြပ်ကွပ်ကဲရေး) စခန်း ဌာနချုပ်ကို တိုက်ခိုက်တယ်။ ပြည်ပက အစွန်းရောက် မူစလင်အုပ်စုတွေနဲ့ ဆက်စပ်လုပ် ဆောင်ကြတာ ဖြစ်ကြောင်း၊ အထောက်အထား ခိုင်ခိုင်မာမာ တွေ့ခဲ့ရတယ်။ ဒါတွေဟာ တော်ရုံနဲ့ ရပ်သွားမယ် မထင်နဲ့။ အဂုမှ အစရှိသေးတယ်လို့ သတိပေးချင်တယ်။ ဒါမျိုး ပြဿနာတွေဟာ ထိုင်းတောင်ပိုင်းမှာ ရှိတယ်။ ဖီလီပိုင်မှာ ရှိတယ်။ ကျုပ်တို့နိုင်ငံက Geo-Politic လမ်းကြောင်းပေါ်မှာ ရောက်နေတော့ - ပိုပြီးသတိထားရမယ်။ အရှေ့နဲ့ အနောက် ကစားကွက်ထဲကို ရောက်နေတယ်။ ရှောင်တတ်၊ တိမ်းတတ်၊ ပြောတတ်ဆိုတတ်မှု မရှိရင် နိုင်ငံတကာရေးရာ မကျွမ်းရင် - တိုင်းပြည်နဲ့ လူမျိုးပါ ပျောက်သွားနိုင်တယ်။ ဒီကနေ့ ကျုပ်တို့တွေဟာ အတ္တကြီးနေရမဲ့အချိန် မဟုတ် တော့ဘူး။ တစ်တော တစ်ကြက်ဖ တွန်နေမဲ့ အချိန်မဟုတ်တော့ဘူး။ အမျိုးသား နိုင်ငံရေးအမြင်နဲ့ အမျိုးသားနိုင်ငံတော်ကို ကာကွယ်ကြရမဲ့ အချိန် ဆိုတာကို သတိရကြပါ။ သတိထားကြပါလို့ နိုးဆော်ပါတယ်။
မောင်သီ - ၂၈-၈-၂၀၁၇ နေ့ညမှာ ဘင်္ဂလီအကြမ်းဖက်မှု မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့တွေမှာ ဖြစ်တယ်။ ဒီအကြမ်းဖက်မှု မဖြစ်ခင် ရခိုင်အမျိုးသားပါတီ ANP က ဖိတ်ခေါ်လို့ ၉-၈-၂၀၁၇ နေ့မှာ စစ်တွေလေဆိပ်ကို မြန်မာတပ်မတော်က လေယာဉ် ၉ စီးနဲ့ စစ်သား ၆၀၀ လက်နက်အပြည့်အစုံနဲ့ ရောက်လာ တယ်လို့ သတင်းတွေမှာ ဖတ်လိုက်ရတယ်။ ဘင်္ဂလီအကြမ်းဖက်တွေ တိုက်ခိုက်လာချိန်မှာ - သက်ဆိုင်ရာဒေသတွေမှာ ရှိမနေဘဲ ပလက်ဝ နယ်ဘက်ကို ရောက်နေခဲ့တယ်။ အဲဒီအလွဲအမှားကြောင့် မဖြစ်သင့် တာတွေကို ပိုလို့ဖြစ်သွားတယ်။ နှစ်နာမှု များသွားရတယ်လို့ ပြောဆို ကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဆရာ့အမြင်လေး သိပါရစေ။
ဆရာမိုးကျော် - စစ်တပ်ဆိုတာ တစ်စုံတစ်ယောက်၊ အဖွဲ့ အစည်းတစ်စုံတစ်ခုက ပင့်မှ ဖိတ်မှ လာရတာမျိုး မဟုတ်တာ - ပြည်သူတွေရဲ့ အသက်စည်းစိမ်အိုးအိမ်ကို အသက်နဲ့ လဲပြီး ကာကွယ် ပါ့မယ်လို့ ဂတိသစ္စာဆိုထားတဲ့ လူတွေ။ လက်ရှိအစိုးရအပေါ်မှာ သစ္စာစောင့်သိပြီး အစိုးရညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရား ရှိပါတယ်။ လာခေါ်လို့ သွားတာမဟုတ်ပါဘူး။ သူ့အစီ အစဉ်အတိုင်း ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ပြောချင်တယ်။ စစ်သေနင်္ဂဗျူဟာ (စစ်ရေးလျှို့ဝှက်ချက်)တွေကို အရပ်သားအမြင် အရပ်သားအတွေးနဲ့ မှန်းဆဖို့ ခက်ပါတယ်။ ဒီလိုပါပဲ အစိုးရအလုပ် ဟာလဲ ကျယ်ပြန့်နက်နဲလွန်းတော့ - ကိုယ့်သဘောကျ ဖြစ်ကောင်းမှ ဖြစ်မယ်။ အယူအဆနဲ့ တူချင်မှ တူမယ်။ ဒါကြောင့် ရှေးပညာရှိတွေက “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” လို့ ရေးသား ခဲ့တာပေါ့ - ကိုမောင်သီ။ ဒီလိုမဖြစ်ရကောင်းလား၊ ဟိုလို မလုပ်ရကောင်းလားလို့ …. အစိုးရကိုသော်လည်းကောင်း၊ စစ်တပ်ကို သော်လည်းကောင်း ပြစ်တင်ဆဲဆိုနေရမဲ့ အချိန်မဟုတ်တာကို သတိထားသင့်ပါတယ်။ အားလုံးကို ခြုံပြောရရင်တော့ - ဒီကနေ့ နိုင်ငံ တော်အစိုးရနဲ့ စစ်တပ်ဟာ ဒီပြဿနာအပေါ် အမြင်ချင်း မကွာခြားလှ ဘူးလို့ မြင်ပါတယ်။ အစိုးရအပိုင်းက စီစဉ် ညွှန်ကြားမှုနဲ့ သံတမန်အပိုင်း၊ မီဒီယာအပိုင်း၊ စစ်တပ်က မြေပြင် စိုးမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေး အပိုင်းတွေကို ဟန်ချက်ညီညီနဲ့ လှုပ်ရှားနေ တယ်လို့ ကြည့်မြင်သုံးသပ်မိပါတယ်။
အဆိုးထဲက အကောင်းအမြင်နဲ့ တွေးရင်တော့ - ဒီအချိန် မှာ ပါတီတွေရော၊ အစိုးရရော၊ စစ်တပ်ရော၊ လူထုတွေပါ အမျိုးသားရေး လမ်းကြောင်းအပေါ်မှာ - ခံစားချက်ချင်း တူသွားကြပြီ၊ အမြင်ချင်း တူသွားကြပြီ၊ ခံယူချက်ချင်း တူသွားကြပြီ လို့မြင်တယ်။
အကြမ်းဖက်သမား ဘင်္ဂလီကုလားတွေကို ဘုံရန်သူအ ဖြစ် မြင်နေကြပြီးဖြစ်တယ်။ ဒီလိုအချုပ်အခြာအာဏာကို ထိခိုက်စော် ကားလာတဲ့ ရန်သူတွေကို အမျိုးသားရေး စိတ်ဓာတ် နိုင်ငံချစ် စိတ် ဓာတ် အပြည့်အဝနဲ့ အောင်မြင်စွာ ချေမှုန်းနိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။
မောင်သီ - အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတာ ကျေးဇူးများစွာ တင်ပါတယ်ဆရာ
ဆရာမိုးကျော် - ကောင်းပါပြီ - ကိုမောင်သီ အားလုံးကျန်းမာချမ်းသာကြပါစေ။
13/07/2017
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကုလားပုန်းကျွန်းရှိ ဇီးပင်ကြီးကျေးရွာ၊ ညောင်ပင်လယ်ကျေးရွာ၊ နတ်ချောင်းကျေးရွာ၊ ဂျင်ချေကျေးရွာနှင့် နတ်ချောင်း(ရွာသစ်)ကျေးရွာတို့တွင် အလယ်တန်းအဆင့် ကျောင်းသား/သူများအတွက် အဆင်ပြေစေရန်အတွက် ရခိုင်မျိုးချစ်ပါတီ(APP)နှင့် ဒေသခံ ကျောင်းသား မိဘများအပါအဝင် ပူးပေါင်း ဆောင်ရွက်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
“တာဝန်ယူမှု တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြပါသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ပြည်နယ်ပညာရေးမှူးများသို့”
------------------------------------------------
- မြောက်ဦးမြို့နယ် - ကုလားပုန်းကျွန်းရှိ ဇီးပင်ကြီးကျေးရွာ၊ ညောင်ပင်လယ်ကျေးရွာ၊ နတ်ချောင်းကျေးရွာ၊ ဂျင်ချေကျေးရွာ၊ နတ်ချောင်း(ရွာသစ်)ကျေးရွာတို့တွင် မူလတန်းကျောင်းနှင့် မူလွန်ကျောင်း (ဆဋ္ဌမတန်းထိ သာ သင်ယူရသော)များရှိပါသည်။
- အလယ်တန်းကျောင်းသား/သူ များသည် ယခင်နှစ်အထိ မိမိတို့ရွာရှိ စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းရှိ ဇရပ်တို့တွင် ကျေးရွာမှ ဘွဲ့ရလူငယ်များကို (လစာအတွက် စပါးပေး၍) သင်ကြားစေခဲ့ပြီး ပျားတဲကျေးရွာ အလယ်တန်းကျောင်းတွင် အတန်းကူးပြောင်း စာမေးပွဲ ဖြေဆိုကြရပါသည်။
- (ယခုနှစ် မြောက်ဦးမြို့နယ် - စက်သားကျေးရွာ အလယ်တန်းကျောင်းတွင် ဖြေဆိုကြရပါမည်။) ဖေါ်ပြပါကျေးရွာများသည် ယခုနှစ် ၂၀၁၇ တွင် ယခင်နှစ်များကဲ့သို့ သင်ကြားဖြေဆိုခွင့် မရပါကြောင်း၊ ကျောင်းသားများ အနေဖြင့် သတ်မှတ်ကျောင်းများတွင် တက်ရောက် သင်ကြားရမည် ဖြစ်ပါကြောင်း မြောက်ဦးမြို့နယ် ပညာရေးမှုးက ပြောဆိုပါ၍ ယခုနှစ် ဇူလိုင်လ (၁၀)ရက်အထိ စာသင်ကြားနိုင်ခြင်း မရှိခဲ့ပါကြောင်း သိရှိရပါသည်။ မိဘများမှာလည်း သားသမီးများ၏ ပညာရေးအတွက် ငွေကြေးအခက်အခဲများကြောင့် လည်းကောင်း၊ စက်သားကျေးရွာ အလယ်တန်းကျောင်း သို့တက်ရောက်ရန် ရေလမ်းခရီး အတွက်လည်းကောင်း စိတ်သောက စိုးရိမ်နေကြရပါသည်။ ယင်းကိစ္စအခက်အခဲများကို ကျောင်းသားမိဘများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာထံ တင်ပြခဲ့ရာတွင် ဝန်ကြီးမှ ပြည်နယ်ပညာရေးမှူးနှင့် တွေ့ဆုံညှိနှိုင်းရာ ပြည်နယ်ပညာရေးမှူးမှ မူသတ်မှတ်ချက်အရ သင်ကြားပြသရန် ဆရာ(၄)ဦး လိုအပ်ပါကြောင်း။
- ယင်းဆရာ(၄)ဦးတွင် သင်္ချာဘွဲ့ရ (၁)ဦး၊ အင်္ဂလိပ်စာဘွဲ့ရ(၁)ဦး ပါရှိရမည်ဖြစ်ပြီး၊ မြောက်ဦးမြို့နယ် - မြို့နယ်ပညာရေးမှူးထံ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။ အထက်ဖေါ်ပြပါ အလယ်တန်း ကျောင်းသားများအတွက် ယင်းကျေးရွာက ဘွဲ့ရ ၊ ဆယ်တန်းအောင်များနှင့် မိဘများက လယ်ယာထွန်ယက်ခြင်း ကို စွန့်လွှတ် လျစ်လျူရှုကာ ယင်းကျေးလက်နေ အနာဂတ် ကြယ်ပွင့်လူငယ် ကျောင်းသား/သူများ ပညာရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက် လျက်ရှိပါကြောင်း။
ပြန်ကြားရေးကော်မတီ
ရခိုင်မျိုးချစ်ပါတီ
Click here to claim your Sponsored Listing.
Category
Website
Address
Bago