Transform Myanmar Bago

Transform Myanmar Bago

Share

Photos from Transform Myanmar Bago's post 07/07/2023

စပါး အာဟာရချို့တဲ့ခြင်း နှင့် အဆိပ်သင့်ခြင်း

🌾🌾

🔰 စပါးစိုက်တောင်သူကြီးများ 👩‍🌾ခင်ဗျာ စပါးစိုက်ရာသီမှာ စပါးပင်အတွက်လိုအပ်သောအာဟာရဓာတ်များနှင့် ချို့တဲ့မှုလက္ခဏာများ ၊ အဆိပ်သင့်မှုလက္ခဏာများကို ကြိုတင်လေ့လာထားမည်ဆိုပါက စိုက်ခင်းအတွင်း အာဟာရဓာတ်နဲ့ဆိုင်သောများကင်းဝေးပြီးအထွက်တိုးမှာ သေချာပါခင်ဗျာ။

🔰 သို့ဖြစ်ပါ၍ စပါးပင် ရှင်သန် ကြီးထွားပြီး အထွက်များဖို့ဆိုရင် အာဟာရဓာတ် ၁၆ မျိုး မဖြစ်မနေ လိုအပ်ပါတယ်။

✅ ဒီဓာတ်တွေကတော့ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်ဓာတ်များနဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဆီလီကာ၊ သံဓာတ်၊ သွပ်ဓာတ်၊မဂ္ဂနီးစ်၊ ဘိုရွန်၊ ကော့ပါးနဲ့ အလူမီနီယမ်ဓာတ်တို့ ဖြစ်တယ်။ ဒီဓာတ် တွေကို အပင်ကလိုအပ်တဲ့ ပမာဏအတိုင်း အသုံးပြုမှာဖြစ်ပါတယ်။

🔰 ပိုရင်လည်း အဆိပ် အတောက်ဖြစ်ပြီး လိုရင်လည်း ချို့တဲ့မှု ပြဿနာ ကြုံရမှာ ဖြစ်ပါတယ်။ တချို့ဓာတ်တွေကျတော့ အပင်ကို အဆိပ်သင့်မှုဖြစ်စေ ပါတယ်။

🔰 နိုက်ထရိုဂျင်ဓာတ်ဟာ စပါးအတွက် မရှိမဖြစ်ဓာတ်ပါဘဲ။

✅ ဒါပေမယ့် လွန်ကဲ အောင်သုံးစွဲရင်တော့ အပင်တွေလောင်ကျွမ်း သေစေတယ်။ မြေဆီမြေလွှာတွေ ပျက်စေတယ်။ မြေချဉ်စေတယ်။

✅ စပါးမှာ နိုက်ထရိုဂျင်ဓာတ်ကို မလိုအပ်ရင် မကျွေးဘဲ အရောင်တိုင်းကတ် (Leaf Color Chart) အသုံးပြုတိုင်းတာပြီး အောက် အရွက်တွေမှာ နံပတ် ၃၊ ၄ အဆင့်ဆိုရင် ကျွေးစရာမလိုပါဘူး။

🚫 နိုက်ထရိုဂျင် ဓာတ်အတွက် ယူရီးယား မြေသြဇာကျွေးရင် ယူရီးယား တစ်အိတ်ကို မြေဆွေးသုံးအိတ်နဲ့ ရောမွှေ ကျွေးတာဟာ လေလွင့်ပျောက်ဆုံးမှု နည်း စေတယ်။

✅ နိုက်ထရိုဂျင် ဓာတ်ချို့တဲ့ရင်တော့ အပင်ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်စေတယ်။ အရွက်ဟောင်းများ ရွက်ပြားကျဉ်းပြီး၊ တိုပြီးထောင်မတ် နေတယ်။ ပင်ပွား နည်းစေတယ်။ ချို့တဲ့လွန်းရင်တော့ အရွက် တွေ ခြောက်ပြီးသေကုန်တယ်။

🔰 ဖော့စ်ဖရပ်ဓာတ်ချို့တဲ့ပါက စပါးပင်ကြီးထွားမှု ရပ်တန့်စေပြီး ပင်ပွားနည်းစေတယ်။

✅ ရွက်နုများ၊ ရွက်ရင့်ရွက်ဟောင်းများ ထက် ကျန်းမာသန်စွမ်းတာ တွေ့ရပြီး ချို့တဲ့ မှု လွန်ကဲပါက အရွက်ဟောင်းများ အညို ရောင်ပြောင်းပြီး ခြောက် သေသွားပါတယ်။

✅အချို့စပါးမျိုးတွေမှာတော့ အနီ သို့မဟုတ်ပန်းရောင် ပြောင်းသွားတဲ့ လက္ခဏာပြတတ် ပါတယ်။

🔰 ပိုတက်ရှ်ဓာတ် ချို့တဲ့ရင် စပါးပင် ကြီးထွားမှုနှေးပြီး အပင်ပွားမှု နည်းစေပါ တယ်။

✅အရွက်များလိပ်နေပြီး အစိမ်းပုပ် ရောင် ဖြစ်နေတယ်။ အရွက်ဟောင်းများ ထိပ်ဖျားမှစ၍ ဝါပြီးနောက် အညိုဖျော့ရောင် ပြောင်းကာ ခြောက်သွေ့ သေသွားပါတယ်။

✅အစိမ်းပုပ်ရောင်အရွက်များပေါ်တွင် အညိုရောင် အစက်အပြောက်များတွေ့ရပြီး အနှံ များ အဆံမပြည့် ဖြစ်တတ်ပါတယ်။

🔰 စပါးမှာ ကယ်လ်စီယမ်ချို့တဲ့ပါက စပါးအရွက်များ အဖြူရောင် လိပ်တွန့်မှုဖြစ် စေတယ်။ အပင်ကြီးထွားချိန်တွင် ခြောက်သေသွားစေပါတယ်။

🔰 မဂ္ဂနီစီယမ်ဓာတ်ချို့ တဲ့ပါက စပါးပင်ကြီးထွားမှု၊ အပင်ပွားမှု ထိခိုက်စေတယ်။ စပါးရွက်များ တွန့်လိမ် ကောက်ကွေးနေပါတယ်။အောက်ရွက်များ လိမ္မော်ဝါရောင်ပြောင်းလျှင် တဖြည်းဖြည်း ခြောက် သေသွားပါတယ်။

🔰 ဆာလ်ဖာဓာတ် ချို့တဲ့ပါက စပါးအောက်ရွက်ဟောင်းများဝါစေပြီး တစ်ပင်လုံးလည်း ဝါစေပါတယ်။ စပါးပင် ပုစေတယ်။ အနှံဂုတ်မလွတ်စေဘဲ ရင့်မှည့်မှု နောက်ကျစေပါတယ်။တစ်နှံပါ အောင်စေ့လည်း လျော့နည်းစေပါတယ်။ ဆာလ်ဖာဓာတ်ချို့တဲ့ တဲ့ လယ်မြေကို နွေ ထယ်ရေးထိုးပြီး မြေလှန်ထားဖို့ လိုပါတယ်။

🔰 သွပ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဘိုရွန်နဲ့ ကော့ပါး၊ ဆီလီကာဓာတ်တွေဟာ လည်း စပါးအထွက်တိုးရေးအတွက် အထူးလိုအပ်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရှိ လယ်မြေအတော်များများမှာ သွပ်ဓာတ် ချို့တဲ့တာ တွေ့ရပါတယ်။ 🚫🚫 အထူးသဖြင့် မြေငန်၊ရေဝပ်မြေ၊ ဆားပေါက်မြေများမှာ သွပ်ဓာတ်ချို့တဲ့တာကို တွေ့ရပါတယ်။ သြဂဲနစ်ပါဝင်မှုနည်းသော သဲဆန်မြေ များတွင် ကန့်ဓာတ်ချို့တဲ့ မှုကို တွေ့ရပါတယ်။

🔰 သွပ်ဓာတ်ချို့တဲ့သော လယ်မြေအတွက် ဇင့်ဆာလ်ဖိတ် တစ်ဧက သုံးပေါင် ထည့်ပေး နိုင်ပါတယ်။ ဇီဝမြေသြဇာ ၉၀ ဂရမ်ကိုရေနှင့်ဖျော်၍ ပျိုးပင်များမစိုက်မီ ပျိုးမြစ်ကို စိမ်၍ စိုက်ပျိုးပါက ပို၍ထိရောက်တာ တွေ့ရပါတယ်။ မြေချဉ်ကိန်း နိမ့်တဲ့ မြေတွေမှာသံဆိပ် သင့်ခြင်းဖြစ်တာ တွေ့ရပါတယ်။

🚫🚫 သံဆိပ်သင့်ရင် စပါးပင်နီပြီး တိုနေတတ် ပါတယ်။ လယ်သမားကြီး များက နီတို့ဖြစ်တယ်လို့ပြောကြပါတယ်။ သံဆိပ်သင့်ရင် စပါးရွက်ဖျားမှစပြီး အညိုစက်ပြောက်များ ဖြစ်ပြီး ကျယ်ပြန့်လာကာ ပေါင်းစပ်သွားပါ တယ်။ အဆိပ်သင့်မှု ပြင်းထန်ရင် စပါးရွက် လယ်ကြောများ ခရမ်းညိုရောင် ပြောင်းသွား ပါတယ်။

✅ သံဆိပ်သင့်တဲ့မြေကို နွေထယ်ရေး လှန်ပါ၊ ထုံးထည့်ပါ၊ ရေဝပ်ရင် ရေထုတ်ပစ်ပါ၊ ပိုတက်စီယမ်မြေသြဇာ ကျွေးပါ။ (PH) မနိမ့်စေရန် ဂရုစိုက်ပြုပြင်ပါ။

🔰 ဘိုရွန်ဓာတ် အဆိပ်သင့်မှု ဟာ စိုက်ပြီးခြောက်ပတ်မှာ အရွက် ဟောင်းထိပ်များ အဝါရောင်ဖျော့ဖျော့စဖြစ် လာပါတယ်။

🔰 လွန်ကဲလွန်းလာပါက နောက် နှစ်ပတ်မှ လေးပတ်အကြာမှာ ရွက်နား တစ်လျှောက် အရောင်မညီကွက်ကြားများတဖြည်းဖြည်းညိုမဲလာပြီး ညိုမောင်းရောင် အစက်များ ဖြစ်ပေါ်စေပါတယ်။ ရေဝပ်ပါက ရေထုတ်ပစ်ပါ။ နွေထယ်ရေးလှန်ပါ။

တောင်သူလယ်သမားကြီးများ အားလုံး သီးနှံတွေအထွက်တိုးလို့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလျက် . . .

အောင်ဆန်း (စိုက်ပျိုးရေး)
#စပါး

Photos from Transform Myanmar Bago's post 06/06/2023

*စပါးစိုက်ပျိုးသော တောင်သူဦးကြီးများအတွက်*
ကုန်ကျစရိတ်သက်သာပီး အထွက်နှုန်းတိုးတဲ့
#ထရမ်စဖောင်းပလက်စ်မြေသြဇာသုံးစွဲနည်းလေး မျှဝေလိုက်ပါတယ်ခမျာ။

-စပါးအမျိုးမျိုးရှိပါတယ်။ မနောသုခ၊ဆင်းသုခ၊ပုလဲသွယ်၊ဆင်းသွယ်လတ်၊ဆင်းရွှေဝါ၊ဆင်းဧကရီ၊မှော်ဘီ၊ဧည့်မထ၊ကျော်ဇေယျ၊ရွှေဝါထွန်း၊ရာကျော်၊စပါးနက်၊ငကျွဲ၊ငစိန်၊ပေါ်ဆန်းမွှေး စတဲ့ စပါးမျိုး တွေ ရှိပါတယ်။ #ဘယ်လိုစပါးမျိုးမဆိုထရမ်စဖောင်းပလက်စ်ကိုသုံးလို့ရပါတယ်။

#ဘယ်လိုစပါးမျိုးပဲဖြစ်ဖြစ် ဖက်ပိုးတော့ ကြောက်ရပါတယ်။ စပါးဆစ်ပိုး၊စပါးကြက်သွန်မြိတ်ပိုး၊ငမြောင်တောင်၊စပါးရွက်လိပ်ပိုး၊လောင်းမီးပိုး၊စပါးဖြုတ်ပိုး၊စပါးနှံဖျက်ပိုး၊ဖောင်စီးဂဏန်း၊စပါးနှံစုပ်ပိုး စတဲ့ ပိုးများအတွက် #ထရမ်စဖောင်းပလက်စ်ကိုသုံးနိုင်ပါတယ်၊
(ထရမ်စဖောင်းက ပိုးသတ်ဆေး မဟုတ်ပါဘူး။ ပိုးတွေ မကြိုက်တဲ့အနံ့ ပါဝင်တာကြောင့် #ပိုးလွယ်ကူစွာမကျနိုင်ပါဘူး။)

စပါးမှာ အများဆုံးဖြစ်တဲ့ ရောဂါတွေကတော့ လောင်မီးကျရောဂါ၊ရွက်ဖျားဖြူရောဂါ၊မြစ်ဖုရောဂါ၊ဂုတ်ကျိုးရောဂါ၊ပင်ခြေပုတ်ရောဂါ၊ရွက်ဖုံးခြောက်ရောဂါ၊ရွက်ညိုပြောက်ရောဂါ၊ရွက်ခြောက်ရောဂါ၊ပင်စည်ပုတ်ရောဂါများ စတဲ့ #ရောဂါတွေအတွက်လဲထရမ်စဖောင်းပလက်စ်ကိုသုံးနိုင်ပါတယ်။ အပင်သန်စေတယ်။အရွက်ကို အားကောင်းစေပါတယ်။ အမြစ်ကို ပွားစေပါတယ်။ အနှံအားလဲ ကောင်းစေပါတယ်။ကိုင်းခွဲအားများတယ်။ စပါးစေ့ကို ကြီးစေပါတယ်။ စပါးအထွက်တိုးစေတယ်။အထားခံတယ်။ဆန်အရသာကောင်းတယ်။အလေးချိန်စီးတယ်။လောင်ရိပ်အောက်ကျသောစပါး ပါ တစ်ပြေးညီတတ်တယ် စပါးအားလုံးရိပ်သိမ်းရတယ်။

👉သုံးစွဲပုံအညွှန်း

#မြေပြင်ချိန်
Transform Soil (ထရမ်စဖောင်းဆွိုင်း) တစ်ထုပ်ကို ၁ဧကစာ ဖြင့်မြေပြင်ပါ
-မြေအောင်းပိုးဝင်တာသက်သာတယ်။
-အမြစ်တွယ်ပိုးဝင်တာသက်သာတယ်။
-ဆားငံဖောက်မြေ/ဆပ်ပြာဖောက်မြေ/မြေချဉ်ဓာတ်များတဲ့မြေ/ဓာတုနှစ်ပေါင်းများစွာသုံးစွဲပီး အဆိပ်တောက်​များသောမြေများအားလုံးကို ၂၄နာရီအတွင်း ပြန်လည်ပြုပြင်ပေးပါတယ်။
-ဓာတုမြေသြဇာအသုံးပြုရသက်သာတယ်။
-မြေပြင်ဖိုးအတွက်ဝယ်ရမယ့်ကုန်ကျစရိတ်များစွာသက်သာတယ်။

ရေပုံးထဲမှာဆွိုင်းကိုထည့်ပီး မိနစ်၃၀ လောက် စိမ်ထားပါ။
ထဲမထွန်းခင် ၁ကြိမ် /ထဲထွန်းပီး ၁ကြိမ် သုံး မြေကိုပိုမွှစေပါတယ်။
၁ဧက ၅ပုံးနှုန်းဖြင့် ရွှဲအောင်ဖြန်းပါ။

(မှတ်ချက်- မြေပြင်ဆေးသုံးပီးပီးခြင်း မျို့စေမကျဲရ၊ ၂ရက် (သို့)၃ရက်ခြားပီးမှ ထရမ်စဖောင်းပလက်စ် အစိမ်းဖြင့်လူးနယ်ပီး မျို့ကျဲပါ မှိုကျသက်သာပါတယ်)

#မျိုးစေ့ကိုလူးနယ်ခြင်း
(အစိမ်း)T1=20CCကို ရေ 1လီတာ (ရေသန့်ဗူးတစ်ဗူး)ဖြင့်ရောစပ်၍ မျိုးစေ့ကိုလူးနယ်ပြီး (၁နာရီခြားလျှင်) မြေပြင်တွင်စိုက်ပျိုးနိုင်ပါသည်။
#ဧကများသူများအနေဖြင့်ရေတိုးဆေးတိုးရေလျှော့ဆေးလျှော့ပြီး လိုသလို အသုံးပြုနိုင်ပါသည်။

#မျိုးစေ့ကိုစိမ်လိုပါက
(အစိမ်း)T1=20CCကို ရေ ၂၀လီတာဖြင့် စိမ်နိုင်ပါသည်။
#ဧကများသူများအနေဖြင့် မျိုးစေ့ကိုစိမ်ခြင်း လူးနယ်ခြင်းများ ပြုလုပ်ရန် အဆင်မပြေပါက မျိုးစေ့အိတ်ကို ရေတွင် အတန်ကြာစိမ်ပြီး ရေမှ ပြန်ထုတ်ပြီးပါက အိတ်ပေါ်တွင် (အစိမ်း)T1=20CC ရေ ၂၀ လီတာဖြင့် ဖျန်းပေးနိုင်ပါသည်။

*စိမ်ခြင်း၊လူးနယ်ခြင်း၊ဖျန်းခြင်းဖြင့်ရနိုင်သောအကျိုးကျေးဇူးများ*
-အမြစ်ပွားနှုန်းကို ကောင်းစေသည်။ ပိုးဒဏ် ပို၍ ခံနိုင်ရည် ရှိစေသည်။ ရာသီဥတုဒဏ် ပို၍ခံနိုင်သည်။ အပင်ကိုပို၍ ကျန်းမာစေသည်။

ပျိုးကျဲပြီး
-၁၀ရက်သားT1=20CC ကို ရေ(၄)ဂါလံဖြင့် ရောစပ်၍ တစ်ဧကလျှင် ၄ပုံးနှုန်းဖြင့်ဖျန်းပါ။

-နောက်၁၅ရက်ခြား၍ ၂၅ရက်သားရောက်လျှင် (အစိမ်း)T1=20CC

-နောက်၁၅ရက်ခြား၍ ၁လနဲ့၁၀ရက်သားရောက်လျှင်(အစိမ်း)T1=20CC သို့ 30CC
ကို ရေ(၄)ဂါလံဖြင့် ရောစပ်၍ တစ်ဧကလျှင် ဆေးဖျန်းပုံး ၄ပုံးနှုန်းဖြင့်ဖျန်းပါ။

နောက်၁၅ရက်ခြား၍ ၁လနဲ့၂၅ရက်သားရောက်လျှင် မှိုစကပ်လာပြီ ဖြစ်သောကြောင့်
(အစိမ်း)T1=20CC + (အဝါ)T2=20CC ရောစပ်ပြီး တစ်ဧက ၄ပုံးဖျန်းပါ။

-စပါးနှံ ဝတ်မှုန်ကူးချိန်တွင် ဆေးဖျန်းခြင်းကိုခေတ္တ ရပ်ထားပါ။
-ဝတ်မှုန်ကူးပြီးနောက် စပါးနှံ စထွက်လာချိန်တွင်
(အစိမ်း)T1=20CC သို့ 30CC+(အဝါ)T2=20CC သို့ 30CC ရောစပ်၍
တစ်ဧက ၄ပုံးဖြန်းပါ။

နောက်၁၀ရက်ခြားပြီး
(အစိမ်း)T1=20CC သို့ 30 CC
(အဝါ)T2=20CC သို့ 30CC တစ်ဧက၄ပုံးဖျန်းပါ။

မှတ်ချက်=ရေမှုန်ရေမွှားဖြင့် ဖျန်းပါ။ မရွှဲစေရ။ နှစ်ထပ် နှစ်ကျော့ မဖြန်းရ
#ကုန်ကျစရိတ်နည်းနည်းနဲ့ အထွက်နှုန်းလည်း တိုးပွါးစေပါတယ်။ ကုမ္ပဏီ တိုက်ရိုက် ဖြစ်သောကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။

#နည်းစနစ်မှန်ကန်စွာသုံးစွဲခြင်းဖြင့်တောင်သူဦးကြီးများအတွက်အကျိုးကျေးဇူးပိုများနိုင်စေမှာဖြစ်ပါတယ်။

#ထရမ်စဖောင်း ပလက်စ် ဈေးနှုန်း
#စပါး ၁ဧကစာ-၇၂၀၀၀ကျပ်(၁ဧက ၄ပုံးဖြင့် ၅ကြိမ်ဖြန်းစာ)
#စပါး ၅ဧကစာ-၃၅၀၀၀၀ကျပ်(၅ဧက ၄ပုံးဖြင့် ၅ကြိမ်ဖြန်းစာ)
#စပါး ဧက၂၀နှင့်အထက် လက်ကားဈေးဖြင့် ၀ယ်ယူနိုင်ပါသည်)

#မြေပြင်ဆေး
#၁ဧက ၁ထုတ်-၅၂၀၀၀ကျပ်(မှတ်ချက်- မြေပြင်ဆေးသုံးပါက ထုံးမှုန့်/ဖော့စ်ဖိတ်ကျောက်မှုန့် စတဲ့ မြေပြင်မှုန့်များထပ်ဝယ်စရာမလိုပါ)
#ဧက ၂၀နှင့် အထက် လက်ကားဈေးပေးပါမည်။

နယ်အသီးသီးမှ လက်ကားကိုယ်စားလှယ်များဖိတ်ခေါ်ပါတယ်ဗျ

လက်လီ လက်ကား
မှာယူမေးမြန်းလိုပါက
☎️09451940660
☎09750273379
☎09880096898
☎09766914223
ကိုမှာယူမေးမြန်းနိုင်ပါတယ်ခင်မျာ




#အပင်
#စိုက်ပျိုးရေး
#စပါး
#လယ်သမားများ
#စိုက်ပျိုးရေးဆေးဆိုင်များ
#စပါးကုန်သည်
#စပါးတောင်သူ

01/06/2023

မြေပြင်ဆေး 2 ထုပ် soldout
အားပေးကြတဲ့တောင်သူတွေ ကျေးဇူးပါ
မြေရဲ့ချဉ်ငန်ဓာတ်တွေ ပြင်ပေးတဲ့အတွက် စိုက်ပျိုးဖြစ်ထွန်းလွယ်ပြီး သီးနှံတွေအထွက်တိုးကြပါစေ။🙏🙏🙏

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bago