New Chance-NC Computer Training
တော်တော်များများဒီအခက်အခဲလေးကိုကြုံကြမယ်ထင်ပါတယ်
©©©©©©©©©©©®®®®®®®
အဲ့တာကဘာလဲဆိုတော့ ကျနော်တို့ Printer တစ်လုံးကိုဝယ်လိုက်ပြီပဲ ဖြစ်ဖြစ် အခုမှစသုံးတာပဲဖြစ်ဖြစ် Printer တစ်လုံးကိုယ့်ရှေ့ရောက်လာပြီဆိုတာနဲ့ Print ထုတ်ချင်တယ် ထုတ်ဖို့အတွက် ကွန်ပျူတာနဲ့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာကို Printer နဲ့မရင်းနှီးတဲ့ ကျနော်တို့တွေအတွက် ခေါင်းစားရပါတယ် ဘယ်လိုစားလဲဆိုရင် ဘယ် Printer ပဲဖြစ်ဖြစ် ဟုတ်ပြီ သူ့မှာ ကြိုး(2)ကြိုးပါလာမယ်
1. Printer Power ကြိုး
2. Printer Data ကြိုး
(1) Power ကြိုးက Printer ကို Power ပေးဖို့အတွက် Printer မှာထိုးထားရမယ် (ဒါမှ သူအလုပ်လုပ်နိုင်မယ်)
(2) Data ကြိုးကတော့ ကွန်ပျူတာနဲ့ Printer ကြားမှာ အချိတ်ဆက်မိဖို့ Data transfer ဖြစ်ဖို့အတွက် ကွန်ပျူတာရဲ့ USB port မှာ တပ်ထားရမယ်ဆိုတာ ဒါကျနော်တို့သိပြီးသားပေါ့နော် ဒါမယ့် အဓိကပြသနာက ကြိုးတွေလဲ စုံအောင်တပ်ထားပြီးပီ Print ကထုတ်မရသေးဘူး ဘာကြောင့်လဲဆိုတော့ Data ကြိုးသာတပ်ထားတာ ကွန်ပျူတာက ကိုယ့် Printer ကိုမသိသေးဘူး
ဘာလို့မသိတာလဲဆိုတော့ Printer ရဲ့ driver မထည့်ရသေးလို့ပါ driver က ဘာလဲဆိုရင် ကွန်ပျူတာနဲ့ printer ကြားမှာ အချိတ်အဆက်မိဖို့အတွက်ထည့်သွင်းအသုံးပြုရခြင်းဖြစ်ပါတယ် driver သာ မသွင်းထားရင် ကွန်ပျူတာကလဲ Printer ကိုသိမှာမဟုတ်သလို Printer ကလဲ ကွန်ပျူတာကို သိမှာမဟုတ်ပါဘူး ဆိုလိုတာက Driver ဆိုတာက Printer နဲ့ ကွန်ပျူတာချိတ်ဖို့အတွက်သာမက တစ်ခြား အစိတ်အပိုင်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖို့အတွက်လဲ သုံးရခြင်းဖြစ်ပါတယ် (ဘာသာစကားလိုမျိုးပေါ့) စာတွေနည်းနည်းရှည်သွားတယ်ဗျ 😁
အတိုချုပ်ပြောရရင် ကျနော်တို့ ကွန်ပျူတာမှာ Printer ချိတ်ဆက်ဖို့အတွက်
ကြိုးတွေတပ်ပြီးရုံနဲ့မပြီးသေး driver ဆိုတာလေး ထည့်သွင်းပြီးမှ အသုံးပြုလို့ရမှာပါ
အခုလိုရင်းလေး ဆက်သွားပါ့မယ် 😁 အောက်က video ထဲမှာ ဘာတွေပါလဲဆိုရင် -
( Printer & Scanner driver ထည့်သွင်းနည်း
( Printer Scanner အသုံးပြုနည်း တို့ဖြစ်ပါတယ်
: အခုVideo ထဲမှာပါတဲ့ Printer က Epson Printer ပါ တစ်ခြား Printer ဆိုလဲ ဒီ Video ထဲအတိုင်းလုပ်ကြည့်လိုက်ပါဗျ
#မသိသေးသောသူများအတွက်ရည်ရွယ်ပြီး
#အားလုံးအဆင်ပြေကြပါစေ
#ကျန်းမာရေးလဲအထူးဂရုစိုက်ကြပါဗျ
🔆 နောက်ထပ် tutorial လေးတွေ ထပ်ပြီးတင်ပေးသွားမှာမို့လို့ ခု post အောက်မှာ ဘယ်အကြောင်းအရာလေးတွေ တင်စေချင်လဲဆိုတာ comment လေးပေးသွားဦးနော်🔆
🖥မိမိတို့၏ Computer များ ဘယ်လို Error ပဲ ကြုံကြုံ
နည်းပညာအခက်အခဲများရှိပါက သိလိုသည့်အကြောင်းရာများကို New Chance Page Messenger ကနေတစ်ဆင့် အချိန်မရွေး မေးမြန်နိုင်ပါတယ်ခင်ဗျ 🖥
Click here to claim your Sponsored Listing.
Contact the business
Website
Address
7/193, 1st Street, 3 Quarter, Oaktharmyothit
Bago
6101
Opening Hours
| Monday | 08:00 - 19:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 19:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 19:00 |
| Saturday | 08:00 - 19:00 |
| Sunday | 08:00 - 19:00 |