Language Zone-Bago
07/02/2022
✈️🇯🇵နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၊တိုင်းပြည်တစ်ခုနှင့်တစ်ခုယဥ်ကျေးမှု၊ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးစံတွေ မတူညီတဲ့အတွက် အလုပ်တစ်ခုရဖို့ ကြိုးစားတဲ့အခါဘယ်လိုအချက်တွေကို သတိထားသင့်တယ်ဆိုတာ ကိုယ်နေထိုင်တဲ့နိုင်ငံရဲ့ ဓလေ့ထုံးစံအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်၊၊
ဂျပန်နိုင်ငံမှာအလုပ်လုပ်ချင်တဲ့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် ဂျပန်ကုမ္ပဏီတွေရဲ့အလုပ် အင်တာဗျူးတိုင်းမှာ မေးလေ့ရှိတဲ့အချက်(၅)ချက်
အလုပ်အပေါ် မူတည်ပြီး မေးခွန်းအနည်းငယ် ကွာခြားနိုင်ပေမယ့် အောက်မှာ ပြောပြထားတဲ့အချက်တွေကတော့ အင်တာဗျူတိုင်းမှာ မေးလေ့ရှိတဲ့အချက်တွေပဲဖြစ်ပါတယ်၊၊
(1)ကိုယ်ကိုယ် ကိုအရင် မိတ်ဆက်ပေးပါ
အင်တာဗျူးတိုင်းမှာ အရင်ဆုံးမေးလေ့ရှိတဲ့ မေးခွန်းပါ၊၊ သေချာနေတဲ့ မေးခွန်းဖြစ်တဲ့ သေချာပြင်ဆင်ထားဖို့လိုပါတယ်၊၊အင်တာဗျူးမသွားခင်ကတည်းက ကိုယ့်ရဲ့အကြောင်းကို storyတစ်ပုဒ် လို ပြင်ဆင်ထားပြီး အင်တာဗျူးသူ စိတ်၀င်စားမှုရှိအောင်
ဘယ်လိုဖြေမလဲ ဆိုတာ အရေးကြီးပါတယ်၊၊ ၂မိနစ်လောက်အချိန်အတွင်း ကိုယ်ရဲ့ အကြောင်း ကိုပြောပြရမှာ ဖြစ်တဲ့ အတွက် ဟိုးကလေးဘ၀ကနေခုချိန်ထိ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြစရာမလိုပါဘူး၊၊ ကိုယ့်ရဲ့ နာမည် ယခုနေထိုင်ရာ မြို့နယ်၊ ပညာအရည်အ ချင်း၊ ရရှိထားတဲ့လက်မှတ် ၊ကိုယ့် ရဲ့ ၀ါသနာတွေနှင့် လုပ်ငန်းအတွေ့အကြုံရှိတဲ့ သူအနေနဲ့ ကိုယ်ရဲ့ လက်ရှိကုမ္ပဏီနာမည်နဲ့ လုပ်နေတဲ့ အလုပ်ကို အဓိကထားပြီး ပြောဖို့လိုပါတယ်၊၊
(2)ဂျပန်ကို လာရတဲ့ ရည်ရွယ်ချက်
ဘာကြောင့်ဂျပန်ကိုလာတာလဲ၊၊ ဂျပန်လာတဲ့ ရည်ရွယ်ချက်ကို ပြောပါဆိုတာလည်းဂျပန်မှာ အလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသာတိုင်းကို မေးလေ့ရှိတဲ့မေးခွန်းပါ၊၊ ဂျပန်လာရတဲ့ရည်ရွယ်ချက်အကြောင်းမေးတဲ့အခါ သတိထားရမယ့် အချက်က ကိုယ့်အကြောင်းမဟုတ်တဲ့ ယေဘူယျကျတဲ့ အချက်တွေ၊ငွေရေးကြေးရေးနှင့်၀င်ငွေတွေ အကြောင်းကိုမပြောမိဖို့ရေးကြီးပါတယ်၊၊မြန်မာကျောင်းသားအများစုကဂျပန်ကိုလာရတဲ့ ရည်ရွယ်ချက် အကြောင်းမေးတဲ့အခါတိုင်းပြည်အေးချမ်းလို့၊လမ်းပမ်းဆက်သွယ်ရေးကောင်းလို့၊စသည်ဖြင့်ယေဘူယျကျတာကိုဘဲဖြေတတ်ကြပါတယ်၊၊ ယေဘုယျအားဖြင့်တော့မှန်တယ်ဆိုပေမယ့်အင်တာဗျူးသူလိုချင်တာကဒီလို အဖြေမျိူးမဟုတ်ပါဘူး၊၊ လုပ်ငန်းရှင်တွေက သင့်ရဲ့ စိတ်နေစိတ်ထား၊ အနာဂါတ် အတွေးအခေါ်၊ သင့်ရဲ့အိမ်မက် ရည်မှန်းချက်တွေအကြောင်းကို သိချင်တာဖြစ်တဲ့အတွက် ဒီလိုမေးခွန်မျိူးမေးတဲ့အခါ ရိုးသားစွာ မိမိအကြောင်းကို အဓိကထားပြီးပြောပြတတ်ဖို့လိုပါတယ်၊၊
(3)ကျောင်းသားဘ၀မှာ ကြိုးစားခဲ့တဲ့ အကြောင်းအရာ
ဒါကလည်း ဂျပန်အလုပ်အင်တာဗျူးမှာမေးလေ့ရှိတဲ့ မေးခွန်းပါ၊၊ ကျောင်းသားဘ၀မှာ ဘာတွေကိုကြိုးစားပြီး လုပ်ခဲ့လဲ၊ ဘယ်လို activities တွေမှာပါ၀င်ခဲ့လဲ ဆိုပြီးမေးတတ်ပါတယ်၊၊ ကိုယ်ကျောင်းသားဘ၀ လုပ်ဖြစ်ခဲ့တဲ့ Projectsအကြောင်းနှင့် အောင်မြင်မှု အကြောင်းတွေကို ပြောပြဖို့လိုပါတယ်။အောင်မြင်မှုလို့ပြောတဲ့အခါအခါ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ဆိုလိုတာမဟုတ်ပါဘူး၊၊လုပ်ငန်းရှင်တွေအများစုက သိချင်တာက သင်ဘယ် လောက် ကြိုးစားချင်စိတ်ရှိလဲ၊ Team work(အဖွဲ့အစည်းနှင့် လုပ်ရတဲ့ အလုပ်)တွေမှာ သင့်ရဲ့ ပူးပေါင်းပါ၀င်နိုင်မှုကို အဓိက သိချင်လို့ဖြစ်ပါတယ်၊၊ ဥပမာ ကျောင်းတဖက်၊ အချိန်ပိုင်းအလုပ်တဖက်နှင့် အရမ်းအလုပ်ရှုပ်နေပေမယ့် ကြိုးစားပြီး JLPT level မြင့်မြင့် အောင်အောင်ဖြေခဲ့တာ ရခဲ့တာတွေ၊ ဗဟုသုတ ရှာခဲ့တာတွေ ရှိပါကပြောတတ်ဖို့လိုပါတယ်၊၊ နောက်ထပ်သိထားရမဲ့အချက်က ဂျပန်ကုမ္ပဏီတွေက Team work နှင့်အလုပ်လုပ်ရတာကို အရမ်းကြိုက်ပါတယ်၊၊ ဒါကြောင့်သင့်ရဲ့ students life style နှင့်ပတ်သတ်ပြီး မေးခွန်းတွေမေးတဲ့အခါ အချိန်အပိုင်းအလုပ် ကြီးပဲလုပ်နေတယ်ဆိုတာထက် ကိုယ်ဘယ်လို အဖွဲ့အစည်းတွေနှင့် ဘယ်လို activities မျိုးတွေမှာ ပါ၀င်လှုပ်ရှားခဲ့တယ်ဆိုတာကို အဓိကထားပြောဖို့လိုပါတယ်၊၊
(4)ဘာကြောင့် ဒီအလုပ်ကိုလုပ်ချင်ရတာလဲ
ဒီမေးခွန်းကတော့ အင်တာဗျူတိုင်းမှာ မေးလေ့ရှိတဲ့ အချက်တစ်ချက်ပါ၊၊ ဘာကြောင့် ဒီအလုပ်ကို လုပ်ချင်ရတာလဲ၊အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက် ရဲ့အရေးကြီးပုံကို နှင့် ပတ်သတ်ပြီး ယခင်အပတ်ကလည်းပြောပြခဲ့ပြီးပါပြီ၊၊ ဒီမေးခွန်းကို ကောင်းမွန်စွာဖြေနိူင်ဖို့အတွက် ကိုယ်လျှောက်မယ့်အလုပ်နှင့်ပတ်သတ်တဲ့ အကြောင်းအရာတွေကို သေချာလေ့လာထားဖို့ လိုပါတယ်၊၊ ကိုယ်လျှေက်မယ့် ကုမ္ပဏီက ဘာကိုအဓိက ထားပြီးလုပ်နေလဲ၊ ဘယ်လို အရည်အချင်းရှိတဲ့သူတွေကို အလုပ်ခန့်လေ့ရှိလဲ့ စတဲ့ company နှင့်ပတ်သတ်တဲ့ informationတွေကို သေချာလေ့လာထားမယ်ဆိုရင် ဒီမေးခွန်းကို ကောင်းစွာဖြေဆိုနိုင်ပါတယ်၊၊
(5)ဘာကြောင့် မင်းကို အလုပ်ခန့်သင့်သလဲ။
ဒီအချက်က အရမ်းကိုရေးကြီးပါတယ်၊၊ အင်တာဗျူးမေးခွန်းတွေမှာ အမှား အမှန်သတ်မှတ်ထားတာ မရှိပေမယ့် အလုပ်ရနိုင်မရနိုင်ဆိုတာ သင်ဘယ်လောက်ထိ အင်တာဗျူးမေးခွန်းတွေကို လိမ္မာ ပါးနပ်စွာ ဖြေနိုင်လဲဆိုတဲ့ အချက်အပေါ်မူတည်ပါတယ်၊၊ အင်တာဗျူးလာဖြေတဲ့ သူတွေအများကြီး ရှိတဲ့ အထဲက သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်တာလဲမေးလာတဲ့အခါကိုယ့်ရဲ့အရည်အချင်းနှင့်ကိုယ်ဘယ်လောက်ကိုက်ညီကြောင်းကိုအချိန်တိုတိုအတွင်း ပြောနိုင်ဖို့လိုပါတယ်၊၊ သူများနှင့် ယှဥ်တဲ့အခါ သင့်မှာဘယ်လိုအားသာချက်၊ဘယ်လိုအရည်အချင်းတွေရှိတယ်၊ ဒီအလုပ်ဟာ သင့် အရည်အချင်း၊ သင့် အနာဂါတ်နှင့်ဘယ်လောက်ထိ ကိုက်ညီတဲ့အကြောင်း ယုံကြည်ချက်ရှိရှိပြောတတ်ဖို့ လိုပါတယ်၊၊ ဒါကြောင့်ဒီမေးခွန်းတွေဟာအင်တာဗျူးတိုင်းမှာမေးလေ့ရှိတဲ့အတွက် ဒီလိုအချက်တွေကိုသိပြီး ကြိုတင်ပြင်ဆင်ထားရပါမယ်၊ ဒီလိုမေးခွန်းတွေမေးလာခဲ့ရင် ဘယ်လိုဖြေရမလဲ၊စသည်ဖြင့် အဖြေတွေကို ကြိုတင်စဥ်းစားထားခြင်းဟာ သင့်ရဲ့ အလုပ်အင်တာဗျူး50%ကိုအောင်မြင်သွားနိုင်မည့် အခွင့်အလမ်းတခုဖြစ်ပါတယ်🧑💻
Japanese N5,N4 Classes
Day & Online class တန်းခွဲသစ်များအတွက်အပ်နှံနိုင်ပါပီ🇯🇵
LZ-B🌎 09764125141
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bago