MC Foundation Library_NTL
ကလေးငယ်တစ်ယောက်က
ဟစ်တလာ ဖြစ်သွားတဲ့အခါ
တစ်ကမ္ဘာလုံး အတုံးအရှုံးသေကြေကြသလို ……
ကလေးငယ် တစ်ယောက်က
မင်ဒဲလား ဖြစ်သွားတဲ့အခါမှာ
အာဖရိက တစ်တိုက်လုံး ကျွန်စနစ်ပျောက်သွားပြန်ရော ……
ကလေးငယ်တစ်ယောက်က
ကဒါဖီ ဖြစ်သွားတဲ့အခါ
လူတွေ ဆင်းရဲဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
ဂန္ဒီဖြစ်သွားတဲ့ အခါ
အာရှတိုက်တခုလုံး ထွန်းလင်းသွားပြန်ရော ……
ကလေးငယ်တစ်ယောက်က
ဘင်လာဒင် ဖြစ်လာတဲ့အခါ
လူတွေ ဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
မာသာထရီဆာ ဖြစ်လာတဲ့အခါ
လူသားတိုင်း အေးချမ်းသွားရပြန်တယ် ,
မင်းတို့ဟာ အနာဂါတ်ရဲ့ ဖန်ဆင်းရှင်တွေ
လက်ဖျံက သွေးကြောတွေ တစ်ဖြောင်းဖြောင်းထ,ပေါက်သလို
ဘုန်းတန်ခိုးရှိတဲ့ သူတွေ … … …
ကောင်းကင်မှာ ချိတ်ထားတဲ့
ငါတို့ သမိုင်းဟာ
မင်းတို့ လက်ထဲမှာ ထွန်းလင်းတော့မှာ
မြန်မာပြည်ရဲ့ ပန်းချီကားကို
မင်းတို့ ဆက်ဆွဲရမှာ . . .
တံခါးတွေ ဖွင့်ဖို့ . . . ,
စာတွေ ဖတ်ရမယ်
ရာဇဝင်တွေ မှတ်ရမယ်
သီအိုရီတွေ ကျက်ရမယ်
မြန်မာနိူင်ငံကြီး အအေးမိနေတာကို
မင်းတို့ ကုဖို့
ပညာအစစ်တွေ တက်ဖို့လိုတယ် . . . . .
သန်း ၆၀ တန် အိမ်မက်တွေကို
လူရာသွင်းဖို့
မင်းတို့ စာဖတ်ဖို့လိုတယ် … … … ။
Credit
Ulay Kyi ( ကိုလင်း )
24/01/2021
ယနေ့ Seminar တွင် TAG သင်တန်းသူလေးများကိုလာရောက်ဟောပြောပေးသော ဆရာမဒေါ်မေသန္တာဦး၏ ဟောပြောမှုအား စာကြည့်တိုက် နာယက ဆရာမကြီး ဒေါ်ခင်မော်ဝင်း(ငြိမ်း)နှင့် အတူ အဖွဲ့ဝင်များဖြစ်ေသာ ဆရာမဒေါ်ခင်သိန်းတင်နှင့် ဆရာမဒေါ်ရီရီဝင်းတို့မှလည်း အမျိုးသမီးများစွမ်းရည်မြင့်မားစေရန်အတွက် ရှေးရှုပြီး တက်ကြွစွာပါဝင်အာဖြည့်ဆောင်ရွက်နေတာကိုလည်း ဂုဏ်ယူလေးစားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။
ထို့ကြောင့် MC Foundation Library ၏ ၂၀၂၁ခုနှစ်အတွက်
ဆောငိပုဒ်ကို"
#ကျွန်ုပ်တို့ယနေ့ဆောင်ရွက်ချက်များသည်အနာဂါတ်အတွက်သာဖြစ်သည်။"
ဟုသပ်မှတ်၍ စာကြည့်တိုက်ခရီး ရှေ့ဆက်နှင်သွားပါမည်။
21/01/2021
MC Foundation Library သည် လူငယ်များ၏ အနာဂါတ်တိုးတက်ေစရန်အတွက် အစဉ်ကြိုးပမ်းလျက်ရှိရာ
ယခုဖွင့်လှစ်ပို့ချလျက်ရှိသော Tech Age Girls Myanmar
2021 သင်တန်း၌ နယ်ပယ်အသီးသီးမှ ဆရာ၊ဆရာမများကို ဖိတ်ခေါ်၍ အပါတ်စဉ်(တနင်္ဂနွေနေ့)နေတိုင်းတွင်
ဆွေးနွေးပွဲများကို ထည့်သွင်း၍ ပြုလုပ်ပေးနေပါသည်။
ယခုပါတ်တွင် Nobel Care Education Center Nattalin ၏
Founder & Principal ဖြစ်သူ Teacher May @ ဆရာမဒေါ်မေသန္တာဦးမှ အမျိုးသမီးများအတွက် " ပညာရေးနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ " ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားပါက Volunteers များအေနဖြင့် ဆွေးနွေးပွဲသို့တက်ရောက်နိုင်ပါသည်။
Organize by
17/01/2021
MC Foundation Library သည် လူငယ်များ၏ဘအနာဂါတ်အကျိုးကိုရှေးရှု၍ ဆောင်ရွက်လျှက်ရှိရာ ယခုဆောင်ရွက်နေသော TAG သင်တန်းတွင် နယ်ပယ်အသီသီးမှ အတွေ့အကြုံရှိသော ဝါရင့်ဆရာ၊ဆရာမများမှ အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း သင်တန်းမစတင်မှီ နံနက် (၈:၃၀)မှ (၉:၄၅)အချိန်အထိ TAG သင်တန်းသူများအား Seminar ဟောပြောဆွေးနွေးပွဲကို
စာကြည့်တိုက်မှူးမှ စီစဉ်ဆောင်ရွက်ထားပါတယ်။
ဟောပြောဆွေးနွေးမည့် ဆရာများကိုလည်း အပါတ်စဉ်ကြိုတင်ကြေငြာပေးသွားမှာဖြစ်ပါတယ်။ အခြားသော စိတ်ဝင်စားသော သူများလည်းလာရောက်နားထောင်နိုင်ပါတယ်။
ယခုပထမဆုံးပါတ်တွင် MC Foundation Library ၏
စာကြည့်တိုက်ကော်မတီ နာယကကြီးလည်းဖြစ်သော ကျောင်းအုပ်ဆရာကြီး ဆရာဦးတင်ဝေမြင့်မှ " ပရဟိတအများအကျိုးပြုလုပ်ငန်းကို စာကြည့်တိုက်ကဏ္ဍဖြင့်လုပ်ဆောင်ခြင်း" ခေါင်းစဉ်ဖြင့် TAG သင်တန်းသူများကို ဟောပြောဆွေးနွေးေပးခဲ့ပါတယ်။
နောက်အပါတ်များတွင်လည်း အခြားသော ကျွမ်းကျင်ပညာရှင်များမှ သင်တန်းသူများအတွက် ဗဟုသုတများစွာရရှိပြီး အကျိုးရှိစေမည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးပေသွားအုံးမှာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Bagoda Street
Bago