X Mobile

X Mobile

Share

07/10/2023

K30 လေးတွေ

28/11/2020

စာဖတ်သူအနေနဲ့ စမတ်ဖုန်းတစ်လုံးကို တစ်နှစ်ကျော်အထိ အချိန်ကြာကြာ သုံးနေတယ်ဆိုရင် ဖုန်း Battery ဟာ အရင်ကလောက် အားမခံတော့တာကို သတိထားမိလောက်မှာပါ။ ဒီလိုနဲ့ Battery အသစ်လဲရတော့မယ့် အခြေအနေတွေအထိကြုံလာရပါတာ့တယ်။ တစ်ချို့ Users တွေဆို ဖုန်းအသစ်လဲတဲ့အထိ ပြုလုပ်လာကြပါတယ်။

ဒီလို အခြေအနေမျိုးတွေမဖြစ်ရအောင် အခု Article ထဲမှာ ကျွန်တော်တို့ဖုန်းတွေရဲ့ Battery ပိုကြာကြာခံစေဖို့ လုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးသွားပါမယ်။

၁။ Battery Saver Mode ကိုဖွင့်ထားပါ

ဖုန်းတိုင်းလိုလိုမှာ Battery Saver Mode မလို့ Battery Saver Mode ဘယ်လိုအလုပ်လုပ်လဲဆိုတာကို စာဖတ်သူအားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် Battery Saver Mode ကိုသုံးတဲ့နည်းမှာတော့ အနည်းငယ်လွှဲနေကြပါတယ်။

Users တော်တော်များများကတော့ Battery Saver Mode ကို ဖုန်းအားကုန်ခါနီးအချိန်မှသာ ဖွင်တတ်ကြပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ ဖွင့်ဖို့မေ့နေတတ်ကြပါတယ်။ ဒါကိုမမေ့စေဖို့ ကျွန်တော်ကသတိပေးချင်တာပါ။ ဒါကြောင့် Battery Saver Mode ကို ဖုန်းအားကုန်ခါနီးအချိန်မှသာ မဟုတ်ဘဲ ကျန်တဲ့အချိန်တွေမှာလည်းဖွင့်ထားသင့်ပါတယ်။

iPhones တွေမှာပါတဲ့ “Low Power Mode” ဟာ ဖုန်း Battery 20 ရာခိုင်နှုန်းအောက် ရောက်သွားတာနဲ့ အလိုအလျောက်ပွင့်တတ်ပါတယ်။ Control Center မှာလည်း “Low Power Mode” ကို အလွယ်တကူ သွားဖွင့်လို့ရပါတယ်။၊

Android ဖုန်းတော်တော်များများမှာတော့ Notification ကိုဆွဲချရုံနဲ့ Battery Saver Mode ကိုအလွယ်တကူဖွင့်နိုင်မှာပါ။

ဒီလို Battery Mode ကို ဖွင့်ထားတာက ဖုန်းအားကို ပိုထိန်းနိုင်ပြီး တစ်နေကုန်အသုံးခံမှာကတော့ အသေအချာပါပဲ။

၂။ ဖုန်းကို စနစ်တကျအားသွင်းပါ..

ကျွန်တော်တို့အနေနဲ့ ဖုန်းကို အားသွင်းတဲ့အခါမှာ Battery ကို မပျက်စီးစေဘဲ အားပိုခံစေအောင် လုပ်လို့ရမယ့် နည်းလမ်းတွေရှိပါတယ်။ ပထမနည်းကတော့ အလျင်လိုနေတဲ့အချိန်မှသာ Fast Charging ကိုသုံးသင့်တာပါပဲ။ အကြောင်းက Fast Charging နဲ့အားသွင်းတာ များလာပြီဆိုရင် ကျွန်တော်တို့ရဲ့ ဖုန်းအားကလည်း အမြန်လျော့လာမှာပါ။ ဒါ့ကြောင့် ပုံမှန်အခြေအနေတွေမှာ ရိုးရိုး Charging နဲ့ပဲ အားသွင်းသင့်ပါတယ်။

ဒုတိယတစ်ခုကတော့ ဖုန်းကို တစ်ညလုံးအားသွင်းမထားမိဖို့ပါပဲ၊။ဒါကတော့ ကျွန်တော်တို့အားလုံး ညတိုင်းလုပ်တတ်တဲ့ အကျင့်ပါပဲ။ဒီလိုထားလိုက်တာက အားပြည့်သွားတဲ့အချိန်မှာ ဖုန်းဟာ အားသွင်းကြိုးတပ်ထားတုန်းပဲရှိနေသေးတဲ့အတွက်ဖုန်း Battery ကို တစ်နည်းနည်းနဲ့တော့ ထိခိုက်လာနိုင်လို့ပါပဲ။

၃။ မလိုအပ်ဘဲ Bluetooth နဲ့ Wifi ကို ဖွင့်မထားမိပါစေနဲ့

စာဖတ်သူအနေနဲ့ Bluetooth နဲ့ Wi-Fi ကိုမသုံးဘဲ ဒီအတိုင်းဖွင့်ထားတာကဖုန်းအားကို အလွယ်တကူ ဖြုန်းနေတာနဲ့တူနေပါတယ်။ ဒီလိုမျိုးဖွင့်ထားတတ်ရင် နောက်တစ်ခါမှာ Wi-Fi နဲ့ Bluetooth ကိုပိတ်ပြီး ဖုန်းကိုသုံးကြည့်လိုက်ပါ။ ကျွန်တော်တို့ရဲ့ ဖုန်းက အားပိုခံလာမှာကိုတွေ့ရမှာပါ။ WiFi နဲ့ Bluetooth ကို ဖုန်းတိုင်းရဲ့ Notification Status မှာ အလွယ်တကူအဖွင့်အပိတ် ပြုလုပ်နိုင်ပါတယ်။

၄။ WI-FI သုံးလို့ရရင် WIFI ကိုပဲသုံးပေးပါ

အ‌ပေါ်မှာ မလိုအပ်ဘဲ WiFi ဖွင့်မထားဖို့ကို ပြောပြပေးခဲ့ပါတယ်။ အခုကတော့ WiFi ချိတ်သုံးလို့ရတဲ့အချိန်မှာ WiFi ကိုသုံးသင့်ကြောင်းပြောပြပေးသွားမှာပါ။

ဆိုတော့.. ဘာလို့ WiFi ကိုသုံးသင့်တာလဲ??

အကြောင်းကတော့ သူက ပုံမှန် Cellular Data ထက် Data သက်သာအောင် ပြုလုပ်ပေးနိုင်ရုံသာမက အားပိုခံအောင်လည်း ပြုလုပ်ပေးလို့ပါပဲ။ ဒီလို သိသွားပြီဆိုရင်တော့ Coffee ဆိုင်တွေမှာ WiFi Free ပေးထားရင် Internet အစား WiFi ကိုသာချိတ်သုံးပါ။ Wifi Password ခတ်ထားရင်တောင် ဖုန်းအားသက်သာစေအောင် Password တောင်းပြီး ဂုန်းဆင်းပါလေ..

၅။ Airplane Mode ကိုဖွင့်ထားပါ

ကျွန်တော်တို့အားလုံးဟာ ဖုန်းအားကုန်ခါနီးဆို ဖုန်း Brightness ကိုအနိမ့်ဆုံးထိလျော့ချပစ်တတ်ကြပါတယ်။ နောက်ထပ်ကျွန်တော်တို့လုပ်သင့်တာတစ်ခုက Airplane Mode ကိုဖွင့်ထားရမှာပါ။ ဒီလိုဖွင့်လိုက်တာက ဖုန်းအားစားစေတဲ့ Bluetooth နဲ့ Wi-Fi လို Features တွေကိုပိတ်သွားစေပါတယ်။

၆။ Screen Brightness ကိုလျော့ပေးပါ

Screen Brightness ကတော့ ဖုန်းအားကို အမြန်ဆုံးကုန်စေတဲ့ အရာတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ ဒါကြောင့်မလို လိုအပ်တဲ့အခြေအနေမှသာ Brightness ကိုတိုးထားသင့်ပါတယ်။ ဥပမာအနေနဲ့ နေရောင်နဲ့တိုက်ရိုက်ကျတဲ့နေရာမှာ မျိုးတွေမှာပါ။ ပြင်ပအလင်းရောင် အခြေအနေကိုကြည့်ပြီး Brightness လျော့တာ တိုးတာတွေကို အလိုအလျောက်လုပ်ပေးတဲ့ Auto Brightness Mode ကိုလည်းဖွင့်ထားသင့်ပါတယ်။ ဒီလို ဖွင့်ထားတာကလည်း ပုံမှန် Brightness အမြင့်ဆုံးထားတာထက် အားပိုသက်သာစေပါတယ်။

၇။ မလိုအပ်ဘဲ Location Services ကိုဖွင့်မထားပါနဲ့

Google Maps လို Apps တွေကိုသုံးတဲ့ အခါ ကျွန်တော်တို့ နေရာအတိအကျကို Track လုပ်နိုင်ဖို့ Location ကိုဖွင့်ထားသင့်ပေမယ့် တစ်ခြား Apps တွေကို သုံးတဲ့အခါမှာတော့ Location Services ကိုပိတ်ထားသင့်ပါတယ်။ ဒီလို ပိတ်တာက ကျွန်တော်တို့ရဲ့ ဖုန်းအားကိုပိုသက်သာစေပါတယ်။

iPhone တွေမှာ ဘယ် Apps တွေက Location သုံးနေတာကိုသိရဖို့ Settings > Privacy > Location Services ကိုသွားပြီးကြည့်နိုင်ပါတယ်။

Android မှာတော့ Settings > Security & Location > Location မှာသွားကြည့်နိုင်ပါတယ်။

၈။ AirDrop ကိုပိတ်ထားပါ

အခုကတော့ iPhones တွေအတွက်ပဲဖြစ်ပါတယ်။ Apple ရဲ့ AirDrop Feature ဟာ ပုံတွေနဲ့ တစ်ခြား Files တွေ မျှဝေရာမှာ လွယ်ကူမြန်စေတဲ့ Feature တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဒီ AirDrop ဟာ ဖုန်းအားကိုတော့စားစေပါတယ်။ AirDrop ပိတ်ဖို့ Apple Control Center ကနေ AirDrop Off လုပ်ပြီး ပိတ်နိုင်ပါတယ်။ Setting ထဲကရှာမယ်ဆိုလည်း General > AirDrop ထဲမှာတွေ့နိုင်ပါတယ်။

၉။ Visual Effects ၊ Live Widgets နဲ့ Live Wallpaper ‌ကိုပိတ်ထားပါ

Widgets တွေနဲ့ ရွေ့လျားနေတဲ့ Wallpapers တွေဟာ ကျွန်တော်တို့ရဲ့ ဖုန်းတွေကိုပိုကြည့်ကောင်းစေအောင်လုပ်ပေးနိုင်‌ပေမယ့် သူတို့တွေက ကျွန်တော်တို့ရဲ့ ဖုန်းအားကို ပိုစားစေပါတယ်။ ဒါကြောင့် Wallpaper ထားရာမှာ Live Wallpapers တွေအစား ပုံမှန် Wallpaper ပဲထားဖို့ အကြံပေးချင်ပါတယ်။ iPhone တွေမှာ Visual Effects တွေကို Settings > General > Accessibility > Reduce Motion မှာသွားပြီး ဖျက်နိုင်ပါတယ်။

Android မှာတော့ Settings > Developer options ထဲကိုသွားပြီး “Window animation scale,” “Transition animation scale,” “Animator duration scale တွေကိုပိတ်ပြီး Effects တွေကိုဖျက်လို့ရပါတယ်။

ဒီလိုလုပ်တာတွေက ကျွန်တော်တို့ ရဲ့ဖုန်းအားကို သက်သာစေရုံသာမက ဖုန်းကိုလည်း ပိုမြန်စေဦးမှာပါ။

၁၀။ Automatic App Updates တွေကိုပိတ်ထားပါ

အခုအချက်ကတော့ အားလုံးသတိထားမိကြတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ရဲ့ ဖုန်းတွေဟာ WiFi တစ်ခုခုနဲ့ ချိတ်မိလိုက်တဲ့အခါ App Store နဲ့ Google Play Store ထဲက Apps တွေဟာ Auto-Update လုပ်သွားကြပါတယ်။ ဒီလို Auto-Updates တွေကြောင့်ဖုန်းအားက သိသိသာသာလျော့လာမှာအသေအချာပါပဲ။ ဒါ့ကြောင့်မို့ Automatic Updates ကို ပိတ်ထားသင့်ပါတယ်။

iPhones တွေမှာ Settings > iTunes & App Store ထဲကိုသွားကာ Updates under Automatic Downloads ကိုပိတ်လို့ရပါတယ်။

Android မှာတော့ Google Play Store ထဲကိုသွားကာ Menu > Settings > General ထဲက Auto-update apps ကိုပိတ်ရုံပါပဲ။

အပေါ်ကအချက်တွေကို ဖတ်ပြီးပြီးဆိုရင် စာဖတ်သူအဖို့ ဖုန်းကိုအားခံအောင်ဘယ်လုပ်လို့ရမယ့်နည်းတွေကို သိလောက်ပြီလို့ မျှော်လင့်ရင်း ဒီ Article လေးကိုအဆုံးသတ်လိုက်ရပါတယ်။

Crd;www.anycallmyanmar.com

Want your business to be the top-listed Shop in Bago?
Click here to claim your Sponsored Listing.

Website

Address


Bago