Orphan school - bago

Orphan school - bago

Share

Photos from Orphan school - bago's post 23/04/2026

ထိုက်တန်သော မွေးနေ့လက်ဆောင်...

စာအုပ်တစ်အုပ်ထဲကလို
ချစ်သောသူကို သတိရတဲ့အခါ မေတ္တာပို့ပါ တဲ့။
အာ့လိုပါပဲ....
ချစ်တဲ့သူကို ချစ်ခြင်းမေတ္တာအကြောင်း
ပြသချင်တဲ့အခါ...

မွေးနေ့လေးကို ကုသိုလ်ကောင်းမှုနဲ့ အလှဆင်ပေးပါတယ် ပေါ့။

မွေးနေ့ရှင် မပြည့်ပြည့်ဝင်း ၏ ၂၉
နှစ်ပြည့် မွေးနေ့ အမှတ်တရကုသိုလ်တော်အဖြစ်

ရင်ခွင်မဲ့ကျောင်းလေးမှာ
ကျောင်းရှိ သံဃာတော်များနှင့် ကလေးသူငယ်များအတွက်
နေ့ဆွမ်းနှင့် နေ့လယ်စာ အာဟာရဒါန
အလှူငွေ ၄၅၀,၀၀၀ကျပ်ကို လှူဒါန်းပါတယ်။

ပြုရသမျှ မြတ်ဒါနကြောင့်
ရပ်ဝေးမြေခြားတွင် ဘဝအတွက် ချီတက်နေရသော မွေးနေ့ရှင်နှင့်တကွ ကုသိုလ်ရှင် မိသားစုများ...စိတ်ရောကိုယ်ပါ
ငြိမ်းချမ်းကြပါစေ။

တနယ်တကျေး ရပ်အဝေးတွင်
မိတ်ကောင်း ဆွေကောင်း ပတ်ဝန်းကျင် ကောင်းဖြင့် ဘေးရန်ကင်းကွာ ကိုယ်ကျန်းမာပါစေ။

ကုသိုလ်တရားတို့၏ စောင့်ရှောက်မှုဖြင့်
လုံခြုံ အေးမြပါစေ။

ဘာသာ သာသနာအကျိုး
သယ်ပိုးနိုင်သော အမျိုးကောင်းသားသမီးများအဖြစ်
ဘဝခရီးကို ကြည်လင်ချမ်းမြေ့စွာ
လှမ်းလျှောက် နိုင်ကြပါစေ။

Photos from Orphan school - bago's post 21/04/2026

မွေးနေ့ရက်မြတ် ကုသိုလ်နှင့်ဆက်လျက်..

မိမိ၏ မွေးနေ့လေးမှာ
အမှတ်တရမြတ်ဒါနအဖြစ်
ကုသိုလ်မှတ်တမ်းလေး စိုက်ထူ
လှူဒါန်းပေးခဲ့တဲ့ ...

မွေးနေ့ရှင်... မောင်ဟိန်းထက်အောင်၏ ၂၀နှစ်ပြည့်
မွေးနေ့ကုသိုလ်တော်အဖြစ်...
ကျောင်းရှိ ကလေးသူငယ်ဝေယျာဝစ္စများအတွက်
လိုအပ်ရာ ကိစ္စရပ်များဖြည့်ဆည်း အသုံးပြုနိုင်ပါရန်
ဘက်စုံအလှူငွေ ၁၀၀,၀၀၀ ကျပ်ကို ဖြူစင်စေတနာ မေတ္တာတို့ဖြင့်လာရောက်၍ လှူဒါန်းခဲ့ပါတယ်။

သာဓု သာဓု သာဓု ပါ မွေးနေ့ရှင်...

ယနေ့ပြုရသော မေတ္တာစေတနာအရင်းခံ၍
ဤနေရာလေး၏ လိုအပ်ချက် ကွက်လပ်တစ်ခုကို
သဒ္ဓါစိတ်ထက်သန် လူသားဆန်ခြင်း အကြင်နာတို့ဖြင့်
ဖြည့်စွမ်းပေးခဲ့ရခြင်း ကုသိုလ်ကောင်းမှုကြောင့်....

မွေးနေ့ရှင်နှင့်တကွ စေတနာရှင်မိသားစုများ
စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။
လုပ်ငန်းဆောင်တာများ အဆင်ပြေ ချောမွေ့ကြပါစေ။

မွေးနေ့ရှင်၏ ဘဝအိပ်မက်များလည်း
ပြည့်စုံစွာ ဖန်တီးပုံဖော်နိုင်ပါစေ။
ဒီထက်ပိုမို လှူဒါန်းမျှဝေခြင်းများ
ပြုနိုင်ကြပါစေ။

နေ့ရက်တိုင်းတွင် ပြုံးပန်းဆင် ရွှင်လန်း
နိုင်ကြပါစေ။
နိဗ္ဗာန်ချမ်းသာတရားများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

Photos from Orphan school - bago's post 20/04/2026

ဘုံတကွေ့မှာ ဆုံတွေ့ကြပြန်တဲ့..ကုသိုလ် ရေစက်တွေ

​သံသရာမှာ ကျင်လည်ကြချိန်
လာရောက်ဆုံတွေ့ခွင့်ရသည့်
အစုအဖွဲ့လေး။

မစိမ်းတဲ့ နာမည် နဲ့ မိသားစုများ

ကောင်းသောအမှတ်တရများ
ထာဝရ မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားရာ
ကမ္ဘာငယ်လေး မှ.....
ကြည်နူးဖွယ်မှတ်တမ်းလေး။

သမီးမွေးနေ့မှာ လာရောက် ကုသိုလ်ပြုခဲ့ကြဖူးတဲ့
ခဏခဏ လာရောက်ကူညီပေးကြသော
ရှေးရေစက် ပဌာန်းဆက်များ။
အခုတဖန်မှာလည်း ၈နှစ်ပြည့်မွေးနေ့ကို
ရင်ခွင်မဲ့မှာပဲ ကုသိုလ်ပြု ပြီး
ကြည်နူးကြဖို့ ထပ်မံ ရွေးချယ်ခဲ့ကြပြန်တယ်။

ဖေဖေ မေမေ မိသားစုများမှ

သမီး မမေဆုသွင် ၏
၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်
ကျောင်းရှိ သံဃာတော်များ နှင့် ကလေးသူငယ် ဝေယျာဝစ္စ များအတွက်
နေ့ဆွမ်းနှင့် နေ့လယ်စာအာဟာရဒါန
ကုသိုလ်ပြုငွေ.... ၇၀၀,၀၀၀ ကျပ် ကို
လာရောက်၍ ကုသိုလ်ပြုကြပါတယ်။

အမြဲတမ်း ရင်ထဲမှာထားပြီး
ရင်ခွင်မဲ့တွေအတွက် အားဖြည့်ပေးနေတဲ့
မိသားစုများကို ကျေးဇူးတင်ရပါတယ်။

စေတနာရှေ့ဆောင် သဒ္ဓါအားကောင်းသည့်
လှူသမျှ မြတ်ကောင်းမှုအစုစုတို့သည်...
ဘဝသံသရာခရီးအတွက် မြတ်သောအားကိုးရာများဖြစ်ကြပါစေ ဟူသော.... ကုသိုလ်ရှင်များ၏
ရင်တွင်း မှ လှိုက်လှဲစွာသော...ဆုမွန်..။

သာဓု သာဓု သာဓု
ဤစေတနာ သဒ္ဓါ အဟုန်တို့ကြောင့်
မွေးနေ့ရှင်နှင့် တကွ စေတနာရှင်မိသားစုများ
ပြုံးပျော်ရွှင်လန်းရသော
ဘဝခရီးကိုဖြတ်သန်းနိုင်ကြပါစေ။

စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပြီး
ဒါန သီလ ဘာဝနာနှင့် မွေ့လျော်နိုင်ကြပါစေ။
နိဗ္ဗာန်တရားအတွက် အထောက်အပံ့လည်း
ဖြစ်ပါစေ။

ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။
လောကီ စီးပွား လောကုတ္တရာတရားများလည်း
ပြည့်စုံချမ်းသာကြပါစေ။
နတ်လူသာဓုခေါ်နိုင်ပါစေ။

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာရုံးလမ်း၊ဆည်မြောင်း အုန်းတောဘက်ခြမ်း
Bago