Hitadara Channel
29/05/2026
#ဒါန_သီလ_မေတ္တာ_ဝိပဿနာတို့၏အကျိုး
**************************************
၀၁။ တိရစ္ဆာန်(၁၀၀)ကို ပေးလှူခြင်းထက်
သီလ သမာဓိ ဉာဏ် ပညာ မရှိတဲ့
လူမိုက် လူယုတ်မာ တစ်ယောက်ကို
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၂။ သီလ သမာဓိ ဉာဏ် ပညာ မရှိတဲ့
လူမိုက်(၁၀၀)ကို ပေးလှူခြင်းထက်
သောတာပန် ဖြစ်တဲ့ လူတစ်ယောက်ကို
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၃။ သောတာပန် (၁၀၀)ကို ပေးလှူခြင်းထက်
သကဒါဂါမ် ဖြစ်တဲ့ လူတစ်ယောက်ကို
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၄။ သကဒါဂါမ် (၁၀၀)ကို ပေးလှူခြင်းထက်
အနာဂါမ် ဖြစ်တဲ့ လူတစ်ယောက်ကို
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၅။ အနာဂါမ် (၁၀၀)ကို ပေးလှူခြင်းထက်
ရဟန္တာ ဖြစ်တဲ့ အရှင်မြတ် တစ်ပါးကို
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၆။ ရဟန္တာ (၁၀၀)ကို ပေးလှူခြင်းထက်
ပစ္စေကဗုဒ္ဓါ ဖြစ်တဲ့ အရှင်မြတ် တစ်ပါးကို
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၇။ ပစ္စေကဗုဒ္ဓါ(၁၀၀)ကို ပေးလှူခြင်းထက်
အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်၊
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်၊ သုဂတဂုဏ်၊
လောကဝိဒူဂုဏ်၊ အနုတ္တရဂုဏ်၊
ပုရိသဒမ္မသာရထိဂုဏ်၊
သတ္ထာဒေဝမနုဿာနဂုဏ်၊
ဗုဒ္ဓဂုဏ်၊ ဘဂဝါဂုဏ်၊
ဂုဏ်တော်(၁၀)ပါးရှိတဲ့ မြတ်စွာဘုရားကို
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၈။ အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်၊
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်၊ သုဂတဂုဏ်၊
လောကဝိဒူဂုဏ်၊ အနုတ္တရဂုဏ်၊
ပုရိသဒမ္မသာရထိဂုဏ်၊
သတ္ထာဒေဝမနုဿာနဂုဏ်၊
ဗုဒ္ဓဂုဏ်၊ ဘဂဝါဂုဏ်၊ ဂုဏ်တော်(၁၀)ပါးရှိတဲ့
မြတ်စွာဘုရားကို ပေးခြင်း လှူခြင်းထက်
ငါတို့ ဆရာတော်၊ ငါတို့ ဦးဇင်း၊ ငါတို့ ဘုန်းကြီး၊
ငါတို့ ကိုးကွယ်တဲ့ ဆရာတော်၊
ငါတို့ လေးစားတဲ့ ဦးဇင်း၊
ငါတို့ ယုံကြည်တဲ့ ရဟန်း၊
ငါးတို့နဲ့ ရင်းနှီးတဲ့ ကိုယ်တော်၊
ငါတို့နဲ့ အမျိုးတော်တဲ့ ဘုန်းကြီးဆိုပြီး
ပုဂ္ဂိုလ်စွဲမှု ဆရာစွဲမှု မထားဘဲ
ဘုရားအမှူးရှိတဲ့ ရဟန်း သံဃာကို ရည်မှန်း၍
အရပ်(၄)မျက်နှာမှ ကြွလာတဲ့
ရဟန်း သံဃာများကို ရည်မှန်း၍
ကျောင်းဆောက်ပြီး လှူ၍ ဖြစ်စေ
ကိုးကွယ် ဆည်းကပ် ယုံကြည်၍ဖြစ်စေ
ကြည်ညို၍ဖြစ်စေ ရိုသေလေးစား၍ဖြစ်စေ
ပေးခြင်း လှူခြင်းက သာတယ်၊ အကျိုးရှိတယ်၊
၀၉။ အထက်မှာ ပြခဲ့တဲ့ ဒါန(၈)မျိုးကို
ပေးခြင်း လှူခြင်းထက်
ဘုရား တရား သံဃာ ရတနာ(၃)ပါးကို
ယုံကြည် ကိုးကွယ် ဆည်းကပ်ပြီး၍
(၅)ပါးသီလ၊ (၈)ပါးသီလ၊ (၉)ပါးသီလတို့ကို
စောင့်ထိန်းမှုသည် ပိုပြီးသာတယ်၊ အကျိုးရှိတယ်၊
၁၀။ (၅)ပါးသီလ၊ (၈)ပါးသီလ၊
(၉)ပါးသီလတို့ကို စောင့်ထိန်းမှုထက်
ငါ့မိတ်ဆွေ ငါ့ရန်သူ ခွဲခြားမှု မရှိဘဲ
ငါ့သား ငါ့ယောက်ျား၊
ငါ့သမီး ငါ့ဇနီး ခွဲခြားမှု မလုပ်ဘဲ
၃၁-ဘုံမှာတဲ့ သတ္တဝါတို့၏ အပေါ်မှာ
မေတ္တာပွားမှု မေတ္တာထားမှု ပြုလုပ်ခြင်းက
ပိုပြီးသာတယ်၊ ပိုပြီး အကျိုးရှိတယ်၊
၁၁။ မေတ္တာပွားခြင်း၊ မေတ္တာထားခြင်းထက်
မျက်စိ တစ်မှိတ်အတွင်း၊ လျှပ်စီး တစ်ချက်အတွင်း၊
လက်ဖျောက် တစ်ချက် တီးချိန်အတွင်းမှာ
ရုပ် နာမ်(၂)ပါး၊ ဓာတ်ကြီး(၄)ပါး၊ ခန္ဓာ(၅)ပါး၊
အာရုံ(၆)ပါး၊ အာယတန(၁၂)ပါး၊ ဓာတ်(၁၈)ပါး၊
ပဋ္ဌာန်းပစ္စည်း၊ ပဋိစ္စသမုပ္ပာဒ် အင်္ဂါတို့ကို
အနိစ္စ ဒုက္ခ အနတ္တ-ဟု ဝိပဿနာ ဉာဏ်ပညာနဲ့
ဆင်ခြင်မှု စဉ်းစားမှု အားထုတ်မှု လုပ်ခြင်းက
အသာဆုံး အမြတ်ဆုံး အကျိုးရှိဆုံး ဖြစ်ပါတယ်။
🙏🙏🙏🙏🙏
28/05/2026
ကိုယ်သာပိုင်၍ အများမဆိုင်သည့် အပိုင်(၄)မျိုး
၁။ ဒါန
၂။ သီလ
၃။ သမာဓိ
၄။ဝိပဿနာ
အဲဒီ (၄)မျိုးက ကိုယ့်ကို အငိုတိတ်အောင်အပူငြိမ်းအောင် အကြောက်ပြေအောင်အနေရဲ
အောင် အသေရဲအောင်ဘဝကူး
စိတ်အေးရအောင် တာဝန်ယူမယ့်
ကိုယ်ပိုင်တရားတွေပဲဗျ
မိဘအရင်းကတောင် ဖြေရှင်းမပေးနိုင်တာကိုအဲဒီ(၄)မျိုးက အကုန်ဖြေရှင်းပေးနိုင်တယ်...
( တိပိဋကဓရ ယောဆရာတော်ဘုရားကြီး )
🙏🙏🙏🙏🙏
28/05/2026
"တရားဓမ္မနဲ့ တည့်အောင်နေပါ"
ဒီဘဝ ဒီခန္ဓာကိုယ်ကြီးဟာ
အသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ်..
လောကက လူတွေကို ကြည့်ပါ..
အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ..
အဘိုးကြီး အဘွားကြီးတွေ ပြောကြတယ်လေ
မျက်စိက မကောင်းဘူးတဲ့ မျက်စိမှုန်တယ်..
မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး..
နားကလည်း မကောင်းဘူးတဲ့ နားကလည်း မကောင်းဘူးတဲ့
ဒူးကလည်း မကောင်းဘူးတဲ့ မကောင်းတာတွေ များလာတယ်..
ဒိထက်ပိုများလာလို့ရှိရင် နှလုံးက မကောင်းဘူးတဲ့
ကျောက်ကပ်က မကောင်းဘူးတဲ့ အသည်းက မကောင်းဘူးတဲ့..
ကောင်းတာတွေ ကုန်သွားရင် သေရတော့တာပဲ..
ပြီးတော့ မတည့်တဲ့ စာရင်းတွေလည်းများလာတယ်..
အသက်ကြီးလာရင် ဝက်သားမတည့်ဘူးတဲ့
ဘာဖြစ်လို့လဲ သွေးတိုးရှိလို့..
သကြားမတဲ့ဘူးတဲ့ ဘာဖြစ်လို့တုန်း ဆီးချိုသွေးချိုရှိလို့..
ဒီလိုမတည့်တာတွေများလာရင်းနဲ့ပဲ
နောက်ဆုံး သုဿာန်ရောက်သွားတော့တာပဲ..
ကိုယ်ခန္ဓာမှာ
မကောင်းတာတွေကလည်း များလာတယ်..
မတည့်တာတွေကလည်း များလာတယ်..
ဒါက သံဝေဂဖြစ်စရာတွေပါ..
ငယ်ငယ်တုန်းကတော့
မတည့်တာဆိုတာမရှိဘူး အကုန်စားလို့ အဆင်ပြေတယ်..
မကောင်းတာဆိုလည်း မရှိဘူး အကုန်ကောင်းတယ်..
ဒီတော့ ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပါ
ကျန်တာတွေက မကောင်းဘူး ကျန်တာတွေက မတည့်ဘူးဆိုရင်
တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်..
မျက်စိ မကောင်းချင်နေ
ခါး မကောင်းချင်နေ
နား မကောင်းချင်နေ
ကျောက်ကပ် မကောင်းချင်နေ
အသည်း မကောင်းချင်နေ
ဘာပဲဖြစ်ဖြစ် စိတ်ကလေးကောင်းနေဖို့ လိုပါတယ်..
ဒီစိတ်ကလေး ကောင်းနေအောင်
ဘုရားအပေါ်မှာ နှစ်နှစ်ကာကာယုံကြည်တဲ့
သဒ္ဒါတရားလေး ကောင်းနေဖို့ လိုပါတယ်..
အဲဒီသဒ္ဒါတရားလေး ကောင်းနေလို့ရှိရင်
ခန္ဓာကြီးဆိုတာ အသက်ကြီးမှ သေသွားတဲ့သူက
မကောင်းလို့ ပစ်ရတယ်ဆိုပေမယ့်
အသက်ငယ်တဲ့သူကလည်း
ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းနေတုန်း ပစ်ထားခဲ့ရတာပါပဲ..
ဒီတော့ ကိုယ်သတိထားရမှာက
အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်ပဲ..
မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီးနေထားတဲ့စိတ်ဟာ
ဘယ်တော့မှ အောက်ကိုမရောက်စေဘူး..
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏
28/05/2026
" သေခါနီးစိတ် အရေးကြီးပုံ "
မေး ။ ။ ငါးပါးသီလ လုံရင် နတ်ပြည်ရောက်မယ် ဆိုတော့ ငါးပါးသီလ မလုံရင် အပါယ်ကျမယ် ဆိုတာသေချာပေါက် ပြောလို့ရပါသလား အရှင်ဘုရား။
ဖြေ ။ ။ ဒါနရဲ့အကျိုးနဲ့ သီလရဲ့အကျိုးက မတူဘူး။ သီလက လားရာဂတိ ကောင်းဖို့ တာဝန်ယူတယ်။ ဒါနက ရောက်ရာဘဝမှာ ချမ်းသာစေဖို့ တာဝန်ယူတယ်။
ဒါနရဲ့ သဘောတရားက တိရစ္ဆာန် ဖြစ်ရင်လည်းတိရစ္ဆာန်ဘဝမှာ အကျိုးပေးတယ်။ တချို့ ခွေးဖြစ်ရင်တောင် သူဌေးခွေး ဖြစ်တာလေ။ ခွေးဘဝ ရောက်တာတောင်မှ ကောင်းကောင်းနေရတယ်၊ ကောင်းကောင်းစားရတယ်။ လူဖြစ်ရင်လည်း လူချမ်းသာ၊ နတ်ဖြစ်ရင်လည်း နတ်ချမ်းသာ ဖြစ်မှာပေါ့။
သီလကျတော့ သူက ကောင်းရာသုဂတိကို ရောက်နိုင်တယ်။ သီလမရှိရင်တော့ အပါယ်ကျနိုင်တယ်ပေါ့နော်။ တစ်ခုရှိတာ ဒီဟာတွေက ကျိန်းသေပေါက်တော့ ပြောလို့မရဘူး။ သီလရှိရင် ကောင်းရာသုကတိရောက်မယ်၊ သီလမရှိရင် အပါယ်ရောက်နိုင်တယ် ဆိုတာက ယေဘုယျအားဖြင့်ပဲ ပြောလို့ရတာ။
သေခါနီးမှ ကောက်ကာငင်ကာ သီလထိန်းပြီး ဒါနတွေ အာရုံပြုနေမယ် ဆိုလို့ရှိရင်လည်း ကောင်းရာသုဂတိ ရောက်နိုင်တာပဲလေ။ သေခါနီး သူ ဘာစိတ်နဲ့သေမလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်တယ်။ ငရဲ သေချာပေါက် ကျမယ်လို့ ပြောနိုင်တာကတော့ ပဉ္စာနန္တရိယ ကံငါးပါးပဲ။ ကျန်တဲ့ ကံတွေကတော့ သေချာပေါက်ကျမယ် မပြောနိုင်ဘူး။ အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်။
ဘုရားလက်ထက်တုန်းက သရဏ ဥပါသကာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိတယ်။ သူက ရတနာသုံးပါးကို အရမ်းကြည်ညိုတာ။ ဒါပေမယ့် ငါးပါးသီလတော့ မလုံဘူး၊ အမြဲ မူးရူးနေတာ။ သူသေသွားတဲ့ အခါကျတော့ အိမ်နီးနားချင်းတွေက အရမ်းသိချင်တယ်။ ဒီလူကြီး ဘယ်ရောက်သွားမလဲပေါ့နော်။ ဘုရား တရား သံဃာကို အလွန်ကြည်ညိုတဲ့ လူကြီး၊ ဒါပေမယ့် အရက်တွေ အမြဲမူးနေတဲ့ လူကြီးဆိုတော့ အားလုံးက ငရဲသွားမယ် မှန်းထားကြတာပေါ့နော်။
ဒါနဲ့ မြတ်စွာဘုရားကို မေးလျှောက်ကြည့်ကြတော့ ဘုရားက သေခါနီးမှာ သူသည် သီလကို ထိန်းသိမ်းသွားတဲ့အတွက် နတ်ပြည် ရောက်နေပါတယ်တဲ့။ အများက ငါးပါးသီလ မလုံဘူးလို့ မြင်နေကြပေမယ့် သေခါနီးမှာတော့ သူသည် သီလကို သေချာထိန်းပြီး သေသွားတာပါတဲ့။
ဒါကြောင့် ဦးဇင်းတို့ သေခါနီး အချိန်မှာသာ ကောင်းတဲ့စိတ်နဲ့ သေသွားနိုင်မယ် ဆိုရင် ကောင်းရာသုဂတိ ရောက်နိုင်ပါတယ်။
သေခါနီး စိတ်ကောင်းထားနိုင်ရင် ကပ်လျက် တစ်ဘဝပဲ ကောင်းရာသုကတိ ရောက်မယ် ပြောတာနော်။ ဟို ငါးပါးသီလ မလုံခဲ့တဲ့ အကုသိုလ်တွေက သံသရာမှာ တစ်ချိန်ချိန်မှာတော့ ပြန်အကျိုးပေးမှာပေါ့နော်။
🙏🙏🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon _Mandalay, Highway , 46miles
Bago