Authentic Bagan

Authentic Bagan

Share

25/11/2023

လူတိုင်းမှာသူတို့နိုင်တဲ့ပြဿနာတွေနဲ့သာ ကြုံရတယ်ဆိုတာ သိထားပေးပါ။
မဖြေနိုင်တဲ့ ပုစ္ဆာ မပေးပါဘူး။ ယုံကြည်ထားပေးပါ။

ပြဿနာ ဖြေရှင်းနိုင်အောင် လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရှာဖွေဖြည့်ဆည်းပါ။
ပြီးရင် မိမိကိုယ်ကို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆောင်ရွက်ပါ။
🍀ဒါဆို မိမိရှာဖွေနေတဲ့ အရာကို တွေ့လာပါလိမ့်မယ်။

ပြဿနာ@ စိန်ခေါ်မှုကတော့ တစ်ခုပြီးတစ်ခုလာနေမှာပါပဲ။ အဲဒါ မိမိတစ်ယောက်တည်းကြုံနေရတာမှ မဟုတ်တာ လူသားတိုင်း ရင်ဆိုင်ကြုံတွေ့နေရတာ။

❄️ဖြေရှင်းချင်သူနဲ့ မဖြေရှင်းချင်သူသာရှိတယ်။

❄️အောင်မြင်မှုအစစ်ကို ပီတိဖြစ်စွာ ခံစားလိုသူက ရဲရင့်စွာ ပြဿနာကို ရင်ဆိုင်ကြတယ်။

❄️ရိုးသားမှုနဲ့ ကိုယ်ချင်းစာစိတ်ပါတဲ့ သတ္တိရှိသူသာ အောင်မြင်မှုကို အမြဲရလေ့ရှိတယ်။
ဒီလိုနဲ့ပဲ တစ်လှမ်းချင်း ရွေ့ရင်း ခရီးဆုံးရောက်ကြရတာ မဟုတ်လား။

✅လူ့ဘဝ ရောက်လာမှတော့ သူများလွှမ်းမိုးတာ ခံမလား။
ကိုယ်တိုင် လွှမ်းမိုးနိုင်သူ လုပ်မလား။

✅သူများက ကိုယ့်ဆီက ယူဆောင်သွားတာ ကြည့်နေမလား။
မိမိကိုယ်တိုင် အခြေအနေအရပ်ရပ်ကနေ အမြတ်များများ ရအောင် ယူမလား။

📌သမာအာဇီဝနဲ့ မျှတမှုကိုတော့ အမြဲအာရုံစိုက်ထားသင့်ပါတယ်။ ဒါမှသာ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ကြာရှည်အောင် ထိန်းသိမ်းနိုင်မှာ။

🍀မိတ်ဆွေဖြစ်ချင်တာ မိတ်ဆွေ ကိုယ်တိုင်ပဲ လုပ်ဆောင်နိုင်ပါမယ်။

🍀မိတ်ဆွေ လုပ်ဆောင်နိုင်သလောက်ပဲ မိတ်ဆွေရရှိမှာပါ။

🌺 သေချာတာကတော့ မစိုက်ပျိုးပဲပေါက်တာ မြက်ပင်ပဲရှိပြီး ၊ မြက်ပင်ကနေ သရက်သီး သီးလာမလားလို့ ထိုင်စောင့်သူကတော့ တစ်ဘဝလုံး မကျေနပ်မှုတွေနဲ့သာ ခရီးပြီးဆုံးသွားပါလိမ့်မယ်။
#လူငယ်တိုင်းအောင်မြင်သောဘဝရကြပါစေ

24/11/2023

ယနေ့ခေတ် ကလေး လူငယ်တွေကို ဒီလို အခြေခံအချက်တွေ လေ့ကျင့်ပေးထားသင့်တယ်။

သူတို့က နောင်တစ်ချိန်မှာ ပိုကျယ်ပြန့်တဲ့ လူမှု ပါတ်ဝန်းကျင်မှာ ရှင်သန်ကြမှာမို့ အခြေခံ အသိတွေ တတ်ထားရင် ဘဝမှာ အစွမ်းရှိသလောက်အောင်မြင်နိုင်မယ်။

❄️စကားကို တဖက်သား နားလည်လက်ခံအောင် ပြောတတ်ဖို့လိုပါမယ်။

❄️စကားကို အော်ဟစ် ကျယ်လောင်စွာမပြောသင့်ဘူး။ နင် ၊ငါ သုံးပြီး နင်ပဲငဆ မပြောသင့်ပါဘူးနော်။

❄️သူများစကားပြောနေစဉ် ကြားကဖြတ်မပြောသင့်သလို၊ တဖက်သား စကားဆုံးသည်အထိစောင့်ပြီးမှ မိမိပြောလိုရာကို ပြောရပါမယ်။ စကားဖြတ်ပြောမယ်ဆိုလျှင်လည်း ခွင့်တောင်းမှုပြုရပါမယ်။

❄️စကားပြောစဉ်
မျက်လုံးချင်းဆုံပြီး စိတ်ပါလက်ပါ ပြောနိုင်ဖို့လေ့ကျင့်ပါ။ တပါးသူပြောရင်လည်း သေချာနားထောင်ပေးရပါမယ်။

❄️ပစ္စည်းယူ ပစ္စည်းပေးလျှင် ကလေးဖြစ်စေဦးတော့ ပစ်မပေးရပါဘူး ၊လေးစားမှုပြပြီးပေးတတ်ရပါမယ်။

❄️အစာစားလျှင် ပါးစပ်က အသံမြည်အောင်မစားသင့်ပါဘူးနော်။

❄️လူအများနှင့်ဝိုင်းဖွဲ့ထမင်းစားလျှင် ကိုယ်တိုင်အသုံးပြုစားထားတဲ့ ဇွန်းခက်ရင်းနဲ့ ဟင်းခွက်တွေထဲ မနှိုက်ရပါဘူးနော်။
သီးသန့်ဇွန်းဖြင့် သာ အများအတွက် အလယ်မှာတည်ထားသောဟင်းကို အသုံးပြုသင့်ပါတယ်။

❄️ရေသန့်ဗူးအသေးများဖြင့်သောက်လျှင် မိမိရဲ့ သီးသန့်ထားရှိတဲ့ဗူးဖြင့်သောက်တာ ပိုကောင်းပါတယ်။ မိမိအမည်ရေးထိုးထားပြီး ရေဖြည့်သောက်တတ်အောင် လေ့ကျင့်ပေးထားရပါမယ်။
❌သူတပါးရေဗူး ယူမသောက်သင့်ပါဘူးနော်။

❄️တပါးသူ အစာစားနေချိန် သလိပ်၊ ချောင်းဆိုးခြင်းများ အတတ်နိုင်ဆုံး ဆင်ခြင်ပါ။

❄️အတူစကားပြောနေစဉ် ချောင်းဆိုးမိလျှင် တခြားသူများလွတ်ရာ ဘက်လှည့် ချောင်းဆိုးပြီး Sorry လို့ပြောပေးသင့်ပါတယ်နော်။

❄️ခေါင်းဖြီး(ဘီး) တစ်ချောင်းကို သီးသန့်ကိုယ်တစ်ယောက်တည်းသုံးပါ။ သူတစ်ပါးအသုံးပြုပစ္စည်းများကိုလည်း ခွင့်မတောင်းပဲ ယူမသုံးသင့်ပါဘူးနော်။

❄️လမ်းလျှောက်ရင် ခြေသံပြင်းပြင်း မနင်းသင့်ပါဘူး၊
ဖိနပ်လျှောတိုက်စီးပြီး လမ်းမလျှောက်ပဲ ဖြေးဖြေးညင်းညင်း လမ်းလျှောက်တတ်ရပါမယ်။

❄️တပါးသူအိပ်စက်အနားယူနေလျှင် ဆူညံခြင်းမလုပ်သင့်ပါ။ မိမိအရမ်းနားထောင်လိုတယ်ဆိုရင်လည်း နားကြပ်တပ်ပြီး နားထောင်တာမျိုး ဖြစ်သင့်ပါတယ်နော်။

❄️တပါးသူရဲ့ အခန်း(ရုံးခန်း) သို့ဝင်မည်ဆိုလျှင်
တံခါးကို လက်ဆစ်ဖြင့် ၃-ချက် ညင်သာစွာ ခေါက်ပြီး ဝင်ခွင့်တောင်းဖို့ လိုပါမယ်နော်။

❄️ကိုယ့်ကြောင့် တပါးသူအား မရည်ရွယ်ဘဲ မတော်တဆ အပြစ်၊ အမှား ပြုမူမိလျှင် Sorry ပြောဖို့မမေ့ပါနဲ့။
(လူချင်းတိုက်မိတာ၊ ပစ္စည်းပြုတ်ကျသွားစေတာမျိုးစတဲ့ …)

❄️သေးငယ်သောအကူအညီပေးမှုကစ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့စကားပြောဖို့ လေ့ကျင့်ပေးထားသင့်ပါတယ်နော်။

❄️အမှားလုပ်မိလျှင်လည်း တောင်းပန်ဖို့ ဝန်မလေးပါစေနဲ့။

❄️တန်းစီရမယ့် နေရာအချို့မှာ စိတ်ရှည်စွာ တန်းစီပါ ၊ အလှည့်မကျော်ပါနဲ့၊

❄️စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေကိုလက်ခုပ်တီး၍ သော်လည်းကောင်း၊ ပါးစပ်က လေချွန်သံ၊ လက်ခေါက်မှုတ်သံ တို့ဖြင့် မခေါ်မိပါစေနဲ့။

❄️မိမိရှေ့ တွင် အကူအညီလိုအပ်နေသူကို တွေ့လျှင် ကူညီစောင့်ရှောက်ပေးတတ်ပါစေ။

❄️မိမိ မကြိုက်သော အပြုအမူ၊ အများ မနှစ်သော အပြုအမူများကို သူတပါးအပေါ် မပြုမူမိပါစေနှင့်နော်။

❄️မိမိကိုယ်ကို ချစ်ခင်ကြင်နာတတ်အောင် လေ့ကျင့်သင်ကြားပေးသင့်သလို၊ သူတပါးကိုလည်း ချစ်ခြင်းမေတ္တာ ဖြင့် ပြုမူဆက်ဆံတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်။
✳️အမြင်၊အကြား မပင်ပန်းအောင် တချို့ကို မျှဝေလိုက်ပါတယ်နော်။
#လူငယ်တိုင်းအောင်မြင်သောဘဝရကြပါစေ

Want your business to be the top-listed Travel Agency in Bagan?
Click here to claim your Sponsored Listing.

Category

Website

Address


Bagan