Bagan Japanese Language Center
31/12/2024
11/04/2024
ပန်းကြည့်ပွဲတော် ( Hanami )
••••••••••••••••••••••••••••••••••
ပန်းကြည့်ပွဲတော် (花見 - ဟနမိ ဟု အသံထွက်သည်) သည် ဂျပန်ရိုးရာဓလေ့တစ်ခု ဖြစ်ပြီး လှပသောပန်းများကို ကြည့်ရှုကြခြင်း ဖြစ်သည်။ ဂျပန်တို့သည် ပန်းကို ဟန ဟု ခေါ်ဝေါ်ကြ၏။ ထိုပန်းကြည့်ပွဲတော်တွင် ချယ်ရီပန်း (ဆာခူရာ)၊ သို့မဟုတ် plum ဟု ခေါ်သည့် အပင်များကို ကြည့်ရှုကြသည်။
မတ်လ အဆုံးပိုင်းနှင့် မေလအစပိုင်းတွင် ဂျပန်နိုင်ငံတွင် ချယ်ရီပန်းများ တစ်နိုင်ငံလုံး ပွင့်လန်းကြသည်။
အိုကီနာဝါကျွန်းတွင်မူ ဖေဖေဖော်ဝါရီလပထမပတ်လောက်တွင် ပွင့်ကြသည်။ပန်းများပွင့်လန်းချိန်ကို မိုးလေဝသဌာနက နှစ်စဉ် ခန့်မှန်းကြေညာပေးသည်။ ပန်းပွင့်ချိန်၏ နောက်ဆုံးတစ်ပတ် သို့မဟုတ် နှစ်ပတ်တွင် ပွင့်သောပန်းများကို ကြည့်ရန်စီစဉ်ကာ ပန်းကြည့်ပွဲတော်ကို ပြုလုပ်ကြသည်။ ယခုအချိနတွင်မူ ပန်းကြည့်ပွဲတော်တွင် ပါတီများပါ ကျင်းပလာကြပြီး နေ့အချိန် သို့ ညဘက်တွင် ချယ်ရီပန်း၏ ရနံ့ကို ရှူရှိုက်ကြသည်။ ညအချိန်တွင် ကျင်းပသည့် ပန်းကြည့်ပွဲတော်ကို ရောဇခူရာ (夜桜) "ညချယ်ရီ" ဟု ခေါ်ဆိုကြသည်။ အိုကီနာဝါကျွန်းတွင် ချယ်ရီပင်တို့တွင် မီးအိမ်လေးများဖြင့် အလှဆင်ကာ ညနေခင်းတွင် လှပစွာ ခံစားနိုက်ရန် ပြုလုပ်ကြသည်။
ဂျပန်နိုင်ငံ၏ ပန်းကြည့်ပွဲတော်သည် ရှေးကတည်းက တည်ရှိခဲ့သည်။ plum ( 梅) ဟုခေါ်သည့် အပင်များကို ကြည့်ရှုကြခြင်း ဖြစ်သည်။ ထိုသို့ကြည့်ရှုကြခြင်းကို အုမဲမိ ( 梅見) ဟု ခေါ်ကြသည်။ ထိုကဲ့သို့သော ပန်းကြည့်ခြင်းသည် အသက်အရွယ် ကြီးရင့်သူများကြားတွင် ခေတ်စားသည်။ အဘယ်ကြောင့်ဆိုသော် ချယ်ရီပန်းကြည့်ပွဲတော်ထက် ပိုမိုတည်ငြိမ်အေးဆေးသည့်အတွက် ဖြစ်သည်။ ချယ်ရီပန်းကြည့်ပွဲမှာမူ လူငယ်လူရွယ်များ ပါဝင်ဆင်နွှဲကြပြီး တစ်ခါတစ်ရံ ဆူညံ၍ ကျိတ်ကျိတ်တိုး ဖြစ်နေသည်။
12/01/2024
ဂျပန်တွေဖိနပ်ချွတ်တဲ့အခါ •••
ဂျပန်တွေက အိမ်ဝင်ပေါက်မှာ ဖိနပ်ကိုချွတ်ပြီးတော့မှ အိမ်ထဲဝင်တဲ့အလေ့အကျင့်ရှိပါတယ်နော်။
‼️ဖိနပ်ကိုချွတ်ရမှာဖြစ်တဲ့အတွက် ပေကျံနေတဲ့ခြေအိတ်တို့ အပေါက်ပါတဲ့ခြေအိတ်တို့ဆိုရင် မဝတ်သွားနဲ့နော် ရှက်စရာကြီးပါနော် ။
‼️ဖိနပ်ကိုချွတ်တဲ့အခါတွင်လဲ အိမ်ရှင်ဖက်ကို ကျောပေးပြီးချွတ်ရင် ရိုင်းတာမို့လို့ အိမ်ရှင်ကိုမျက်နှာမူပြီးဖိနပ်ကိုချွတ်ပါမယ်နော်။
ဖိနပ်ကိုချွတ်ပြီးတော့မှ အိမ်ရှင်က 「どうぞ、お入りください」ဝင်ပါလို့ပြောရင် အိမ်ပေါ်တက်ပြီး အိမ်ရှင်ကိုကျောမခိုင်းပဲ ဖိနပ်ရဲ့တည်နေရာကိုပြင်ပါမယ်နော်။ ဒါကအရမ်းအရေးကြီးတဲ့အချက်ပါ။ ဖိနပ်ရဲ့မျက်နှာမူရာကို ပြင်တဲ့အခါ... အိမ်အတွင်းဘက်ကိုကျောခိုင်းပြီး အိမ်အဝင်ဝကိုမျက်နှာမူပြီးထားရပါမယ်နော်။ ဘာလို့အိမ်အဝဘက်ကို ဦးတည်ပြီးဖိနပ်ချွတ်ခိုင်းတာလဲဆိုတော့ ခနလေးပဲအလည်လာပြီး ပြန်ထွက်မယ် တဖက်လူရဲ့အိမ်မှာ ကြာကြာဒုက္ခမပေးဘူးဆိုတဲ့အဓိပ္ပါယ်ပါ။ ပြန်ထွက်တဲ့အခါကျရင်လဲ အလွယ်တကူဖိနပ်စီးလို့ရတာလဲပါပါတယ်။ ကိုးရီးယားမှာဆိုရင်တော့ဒါဟာ အိမ်ရှင်က မြန်မြန်ပြန်ခိုင်းတယ်ဆိုပြီး ယူဆပေမယ့် ဂျပန်မှာကျတော့ ဒါက ယဥ်ကျေးမှုပါ။ နိုင်ငံအလိုက်ယဥ်ကျေးမှုကွာတာက စိတ်ဝင်စားဖို့ကောင်းတယ်နော်။ တစ်ခုသတိထားရမှာက ဖိနပ်ထားတဲ့အခါမှာ အိမ်အဝင်ဝရဲ့အလယ်တည့်တည့်မှာ မထားပဲနဲ့ ဘေးဘက်ထောင့်မှာ ကပ်ပြီးထားတာက အဝင်အထွက်လူတွေအတွက် အနှောင့်အယှက်မဖြစ်တော့ပါဘူးနော်။ တချို့အိမ်ကတော့ အိမ်ပေါ်မှာစီးတဲ့ စလစ်ပါဖိနပ်အပါးလေးတွေ ပြင်ဆင်ထားပေးတတ်ပေမယ့် တချို့အိမ်ကတော့မရှိပါဘူးနော်။
ဒါလေးတွေကို လည်း ဂရုစိုက်စေချင်ပါတယ်။
# BaganJapaneseLanguageCenter
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bagan