Bagan Map
05/10/2025
တစ်နေရာကနေ တစ်နေရာကို သွားနေတဲ့အချိန်၊ တစ်စုံတစ်ခု လုပ်ဖို့ ဖြစ်ဖို့ ရဖို့ စောင့်ဆိုင်းနေရတဲ့ အချိန်၊ အဲဒီလို ကြားကာလအချိန်လေးတွေကို “Moments in-between” လို့ ပြောတတ်ကြပါတယ်။
လူတိုင်းလူတိုင်းဟာ ဒီလိုအခိုက်အတန့် အချိန်ကာလတိုလေးတွေကို ဖြတ်သန်းနေရလေ့ရှိပါတယ်။
Meeting တစ်ခုနဲ့ တစ်ခု အကူးအပြောင်းမှာ မီးပွိုင့်မိနေတဲ့အချိန်မှာ ကားမောင်းနေတဲ့အချိန်မှာ ရထား ဘတ်စ်ကားစောင့်နေတဲ့အချိန်မှာ ကလေးကျောင်းဆင်းအလာကို စောင့်နေရတဲ့အချိန်မှာ
အဲဒီလိုအချိန်တွေကို တချို့က ကြောက်စိတ်နဲ့ ဖြတ်သန်းတယ်။
တချို့က ဒေါသနဲ့ဖြတ်သန်းတယ်။
တချို့က ငြင်းခုံရင်းနဲ့ ဖြတ်သန်းတယ်။
တချို့က စိတ်မရှည်ဘူး။ Rushing through လုပ်သွားတတ်တယ်။
တချို့က ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေးနဲ့ ဖြတ်သန်းတယ်။
တချို့က ဖြစ်လာသမျှ လက်ခံမယ်ဆိုတဲ့ စိတ်နဲ့ ဖြတ်သန်းတယ်။
ဒီလိုပါပဲ လူတစ်ယောက်ရဲ့ အခြေအနေ စိတ်နေစိတ်ထား စရိုက်လက္ခဏာပေါ်မူတည်ပြီး နေ့စဥ် ဘဝဖြတ်သန်းမှုတွေဟာ ပြောင်းလဲတတ်သွားတတ်ကြပါတယ်။
ကျွန်မအမျိုးသားဟာ ပင်ကိုယ်သဘာဝအရ စိတ်မရှည်ဘူး။ ဒေါသစရိုက်ရှိတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ကားမောင်းတိုင်း စိတ်မရှည်ဘဲ မောင်းလေ့ရှိပါတယ်။
အရှေ့က ကားက မသွားသေးဘူးလား။ ဘာလုပ်နေတာလဲ။ ကားမမောင်းတတ်ဘူးလားမသိဘူး။
သူက ကျော်တက်ပြီဆိုရင်လည်း တစ်ဖက်သားကို ဘုကြည့်ကြည့်လိုက်ပါသေးတယ်။
ကျွန်မက အဲလိုလုပ်ရင် အင်မတန် မုန်းပါတယ်။ အတော် အဆိုးမြင်တတ်တဲ့သူပါလားလို့ ဖြစ်ရပါတယ်။
အရှေ့ကပိတ်နေလည်း စောင့်လိုက်တော့ဘာဖြစ်လဲ။ ကိုယ်ဘယ်လောက်များ နောက်ကျသွားမှာမို့လို့လဲ။
သူဖယ်ပေးလိုက်တော့လည်း ကိုယ်က ဘယ်လောက်များစောရောက်သွားမှာမို့လို့လဲ။
လောလောလောလောနဲ့ စိတ်မရှည် Rush ဖြစ်တဲ့အခါမှာ စိတ်က Negative အဆိုးမြင်လာတတ်ပါတယ်။ ရှေ့ကားကိုလည်း ကြည့်မရဘူး။ လမ်းကူးတဲ့သူလည်း ဆဲချင်တယ်။
ဘေးနားက ထိုင်လိုက်တဲ့သူကိုလည်း အော်ချင်အော်တယ်။
ဘယ်သူ့ကိုမှ သည်းမခံနိုင်တော့ဘူး။ ဒေါသပေါ်လာတတ်ပါတယ်။ ကိုယ်လည်း အမှားတွေ ဖြစ်လာနိုင်ပါတယ်။
ကျွန်မကတော့ နာရီအကြာကြီး ကားမောင်းတဲ့အခါကျရင် သီချင်းဆိုနေလေ့ရှိပါတယ်။ ကျွန်မက ကား Stereo ကထွက်တဲ့ အသံတွေဆို အကြာကြီးနားထောင်လို့မရပါဘူး။
အဲတော့ ကိုယ်တိုင်ပဲ သီချင်းဆိုပြီး မောင်းလိုက်ပါတယ်။ မြန်မာသံတွေ မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ တိမ်လွာမို့မို့လွင် စသည်ဖြင့် တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုသွားပါတယ်။
ကျွန်မလည်း လိုရာခရီးကို အမြန်ရောက်ချင်ပါတယ်။ ဒါပေမဲ့ လမ်းပေါ်မှာ ကားမောင်းနေတာခြင်းအတူတူ ကျွန်မက စိတ်ဖိစီးမှုမဖြစ်ဘူး။ သူက စိတ်ဖိစီးမှုတွေဖြစ်နေပါတယ်။
ဒီလမ်း ဒီခရီးဟာ အချိန်ဒီလောက်ပဲကြာတာပဲ။ ဒီလိုပဲ မောင်းရတာပဲ။
ဒါကို လက်မခံဘဲ အတင်း Rush လုပ်လာတော့ ဦးနှောက်ထဲမှာ Stress ကိုဖြစ်စေတဲ့ Neurons တွေထွက်လာတယ်။ သူက Stress ကိုဖျက်ဆီးရုံတင်မကဘူး။ စိတ်ပျော်စေတဲ့ Positive Neurons တွေကိုပါ ဖျက်ဆီးပစ်လိုက်တာပါပဲတဲ့။
ကျွန်မတို့ နေ့စဥ် ဘဝမှာ အဲသလို Rushing through လုပ်လာကြတော့ လမ်းတောင် အေးအေးဆေးဆေးနဲ့ မလျှောက်တတ်ကြတော့ပါဘူး။
ကျွန်မသူငယ်ချင်းဆို အပျော်ခရီးထွက်တဲ့နေရာမှာတောင် လမ်းကို ပျာယာခတ်လျှောက်နေလို့ ဟဲ့ ဘယ်လိုဖြစ်တာလဲ ဘာမှလည်း လုပ်စရာမရှိပဲနဲ့ဟယ် ဆိုမှ အေး ငါအကျင့်ပါနေလို့ တဲ့။
အကျင့်ပါနေတော့ ဒါပြီးရင် ဘာလုပ်ရဦးမယ်ဆိုတာကို ကြိုတွေးနေတတ်ကြပါတယ်။ စိတ်က အနားမရဘူး။ Stress မသိမသာရှိနေတယ်။ အကျင့်ပါနေတာပါပဲ။
ပျော်ရမဲ့အချိန်မှာတောင် ပျော်ဖို့သူမေ့နေပြီ။
Moments in between လေးတွေမှာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်း ခိုးယူလိုက်ပါ။
အသက်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ပါ။
ကိုယ်ရှိနေတဲ့နေရာဟာ ကိုယ်ရောက်နေတဲ့နေရာလို့ပဲ မှတ်ပါ။ မလောပါနဲ့။
အိမ်ကထွက်လာခါစထက်တော့ ရှေ့ရောက်လာတာပဲ။ မနေ့ကထက်တော့ ဒီနေ့ ပိုနီးလာတာအမှန်ပဲ။
ဖယ်ရီပေါ်ထိုင်ရင်း အင်း ရုံးရောက်ရင် Meeting သွားရဦးမှာပဲ။ မတွေ့ချင်တဲ့ မန်နေဂျာ မျက်နှာတွေ့ရဦးမယ်လို့ မစဥ်းစားဘဲ စာလေးတစ်ပုဒ်လောက်ဖတ်လိုက်မယ်။ ရုံးရောက်တဲ့အထိ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေနားထောင်သွားမယ်။ လမ်းပေါ်က အိမ်လေးတွေ ကြည့်သွားမယ်လို့ စိတ်ကို အပန်းဖြေကြည့်ပါ။ စိတ်ကို Relax ဖြစ်အောင်ထားပါ။
သေရေး ရှင်ရေး ကိစ္စတွေမှာ ဒီလိုလုပ်ဖို့ဆိုတာ ပြောသလောက်မလွယ်နိုင်ပေမဲ့ နေ့စဥ်သမားရိုးကျ ဖြတ်သန်းနေရတဲ့အချိန်တွေမှာ စိတ်ကို တတ်နိုင်သမျှ အနားပေးပါ။
ဒါဟာ သိပ်ရိုးရှင်းပါတယ်။ ဒါပေမဲ့ လုပ်ဖို့ ထိုက်တန်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ စိတ်လောနေမှုတွေကို စိတ်ပျော်ရွှင်စရာတစ်ခုနဲ့ အစားထိုးလိုက်တာပါပဲ။
ဦးနှောက်က Negative Neurons တွေ မထုတ်တော့တဲ့အခါ စိတ်ညစ်စရာရှိလာရင်တောင် သိပ်စိတ်မညစ်တတ်တော့ပါဘူး။ ဒါသဘာဝပဲ။ အချိန်တန်ရင် ပြီးသွားမှာလို့ လက်ခံတတ်လာပါတယ်။
ဘဝမှာ ကျွန်မတို့အားလုံးဟာ Moments in between ဆိုတဲ့ ကြားကာလ အခိုက်အတန့် အချိန်တွေကို ကျော်ဖြတ်နေရတာမျိုးရှိပါတယ်။ အားလုံး စိတ်သက်သက်သာသာနဲ့ အကောင်းဆုံး ကျော်ဖြတ်သွားနိုင်အောင် ကြိုးစားရပါမယ်။
မွန်ဟော်စီ
၂၀၂၀ အောက်တိုဘာ
29/10/2023
Good Luck to all...
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
06/08/2022
Lahpet
A national dish of Myanmar
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bagan, Mandalay
Bagan
05232