Mahar
13/07/2023
#အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်
23/06/2023
ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး AML/ CFT ဆိုင်ရာ OFFSITE စစ်တမ်းလွှာဖြေဆိုရန် ကြေညာချက်
🄰 ⚜ 🄳 ⚜ 🄸 ⚜ 🄿 ⚜ 🄰 ⚜ 🅃 ⚜ 🄸
နေပြည်တော်၊ ဇွန် ၂၂
၁။ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးသည် ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအတွက် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကြေညာချက်များကို ၁၈-၁၂-၂၀၁၉ ရက်စွဲ ဖြင့်လည်းကောင်း၊ ၃၀-၉-၂၀၂၂ ရက်စွဲဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ထားပြီးဖြစ်ပါသည်။
၂။ ကြီးကြပ်ရေးအာဏာပိုင်၏ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို လုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အတွက် AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို အောက်ပါအတိုင်း ဖြေဆိုတင်ပြကြပါရန် အသိပေးကြေညာအပ်ပါသည်။
(က) အထက်တန်းရှေ့နေများ
- သက်ဆိုင်ရာနှစ်အလိုက် သက်တမ်းတိုးလျှောက်ထားရာတွင် ပြည့်စုံစွာဖြေဆိုထားသော AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို မပျက်မကွက်ပူးတွဲတင်ပြရန်၊
- တရားလွှတ်တော်ရှေ့နေ လျှောက်ထားရာတွင် ပြည့်စုံစွာဖြေဆိုထားသော AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို မပျက်မကွက်ပူးတွဲ တင်ပြရန်၊
(ခ) တရားလွှတ်တော်ရှေ့နေများ
တရားလွှတ်တော်ရှေ့နေများသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို ပြည့်စုံမှန်ကန်စွာဖြေဆိုပြီး နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေးအာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက်ပေးပို့တင်ပြရန် နှင့် Email Address; [email protected] သို့ ကြိုတင်ပေးပို့ရန်
(ဂ) နိုတြီပဗ္ဗလစ်များ
နိုတြီပဗ္ဗလစ်များသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို ပြည့်စုံမှန်ကန်စွာ ဖြေဆိုပြီး နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေး အာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက်ပေးပို့တင်ပြရန် နှင့် Email Address; [email protected] သို့ ကြိုတင်ပေးပို့ရန်
(ဃ) Law Firm များ
Law Firm များသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို အကောင်အထည်ဖော်ရေးအရာရှိက ပြည့်စုံမှန်ကန်စွာဖြေဆိုပြီး နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေး အာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက် ပေးပို့တင်ပြရန်နှင့် Email Address; [email protected] သို့ ကြိုတင်ပေးပို့ရန်
၃။ မေးမြန်းလိုသည့်အချက်အလက်များရှိပါက [email protected] သို့ လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇၃၄၃၀၄၂၄ နှင့် ၀၆၇၃၄၃၀၃၃၀ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန ပြည်ထောင်စုတရားလွှတ်တော်ချုပ်
➖➖ 🅢🅞🅤🅡🅒🅔 > usc ➖➖
Crd အဓိပတိ တောင်ကြီး legal group
23/06/2023
Online ပေါ်ကနေ မြေကွက်တွေမဲဖောက်ရောင်းတယ်၊ ကွန်ဒိုတိုက်ခန်းတွေ မဲဖောက်ရောင်းတယ်၊ ဆိုင်ကယ်တွေကို မဲဖောက်ရောင်းတယ် အစရှိသဖြင့် တွေ့မြင်နေရတယ်။ အများပြည်သူတို့အနေနဲ့က အဲ့လို မဲဖောက်ရောင်းတာကို ဉပဒေနဲ့ မလွတ်ကင်းတာ မသိဘူး ဝယ်ယူကံစမ်းကြတယ်။
အဲ့တာနဲ့ပတ်သက်ပြီး လောင်းကစား ဉပဒေ က ဘယ်လိုပြဌာန်းထားသလဲဆိုတော့
ပုဒ်မ - ၂ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-
(က) လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆိုသည်။
ပုဒ်မ - ၁၁ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို မပြုရ-
(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊
ပုဒ်မ - ၁၁ ကို ကျူးလွန်ကြောင်း ထင်ရှားရင် ပုဒ်မ - ၁၈ အရ အရေးယူခံရမယ်။
ပုဒ်မ - ၁၈ မည်သူမဆို-
(က) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးသုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံး ဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
အဲ့တာအပြင် ရာဇသတ်ကြီး ဉပဒေ ပုဒ်မ - ၂၉၄ - က မှာ အောက်ပါအတိုင်း ပြဌာန်းထားတယ်။
၂၉၄-က။ မည်သူမဆို အစိုးရ၏ အခွင့်အမိန့်မရရှိဘဲ ထီဖွင့်ရန် သို့မဟုတ် ထီပွဲကို အားပေးအားမြှောက် ပြုရန် သို့မဟုတ် ထီပွဲကို စီမံကျင်းပရန်အလို့ငှာ ရုံတစ်ခုခုကို သော်လည်းကောင်း၊ နေရာတစ်ခုခုကို သော်လည်းကောင်း ထောင်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
မည်သူမဆို အဆိုပါ ထီပွဲတစ်ခုခုတွင် လက်မှတ်၊ ကံစမ်းမဲ၊ ကိန်းဂဏန်း သို့မဟုတ် ရုပ်ပုံတစ်ခုခုကို ထီဖွင့်ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ထိုထီပွဲတစ်ခုခု စီမံကျင်းပခြင်းနှင့်စပ်လျဉ်း၍ သော်လည်း ကောင်း ဖြစ်သည့်မဖြစ်သည့် အခြင်းအရာ သို့မဟုတ် မသေချာသော အခြင်းအရာတစ်ခုခုပေါ်တွင် မူတည်၍ ငွေပေးဆောင်မည် သို့မဟုတ် ပစ္စည်းပေးအပ်မည် သို့မဟုတ် သူတစ်ဦးဦး၏ အကျိုးဖြစ်မှု အတွက် အရာတစ်ခုခုကိုပြုမည် သို့မဟုတ် မပြုဘဲနေမည်ဟူ၍ ရည်ရွယ်ကြောင်းကို ကြော်ငြာလျှင် ထိုသူကို ကျပ်တစ်သိန်းထိ ငွေဒဏ်ချမှတ်ရမည်။
မည်သူမဆို ထီပွဲတစ်ခုခုတွင် ထီလက်မှတ်များ သို့မဟုတ် ကံစမ်းခွင့်များကို ထီလက်မှတ်အပေါ်တွင် ဖော်ပြထားသည့်အတိုင်း ရောင်းရင်းတန်ဖိုးအပြည့်ကိုရရှိ၍ ရောင်းချခြင်းမဟုတ်ဘဲ အခြားနည်း ထုတ်ဝေလျှင် သို့မဟုတ် ထုတ်ဝေရန်ကမ်းလှမ်းလျှင် သို့မဟုတ် ကြော်ငြာလျှင် ထိုသူကို ကျပ်တစ်သိန်းထိ ငွေဒဏ်ချမှတ်ရမည်။
ထို့ပြင် ပဋိညာဉ်အက်ဉပဒေ ပုဒ်မ - ၃၀ မှာဆိုရင်
ပုဒ်မ - ၃၀ လောင်းတမ်းကစားသည့် သဘောတူညီချက်များသည် ပျက်ပြယ်သည်။ ထို့ပြင် လောင်းတမ်းကစားရာ၌ အနိုင်ရသည်ဆိုသောအရာ တစ်ခုခုကိုသော်လည်းကောင်း ၊ လောင်းတမ်းကစားပွဲ၌ အလောင်းအစားပြုရာတွင်ဖြစ်စေ ၊ အခြားမရေရာမသေချာသော အကြောင်းအရ အလောင်းအစားပြုရာတွင်ဖြစ်စေ ဒိုင်ထံ အပ်နှံထားသည့် အရာတစ်ခုခုကိုသော်လည်းကောင်း ရလိုကြောင်း အမှုစွဲဆိုခြင်း မပြုရ။ ဆိုပြီး ပြဌာန်းထားတယ်။
ဒါကြောင့်မို့လို့ ကံစမ်းပြီး ထိုးတာမှာ ပေါက်တယ် ၊ ပေါက်ရဲ့သားနဲ့ ဒိုင်က မပေးလျော်ဘူးဆိုရင် ဉပဒေအရ တရားစွဲဆို တောင်းခံလို့မရပါကြောင်း ----
ဒါ့အပြင် အဲ့လို ကံစမ်းတာဟာဆိုရင်လည်း လောင်းကစားဉပဒေ ၊ ရာဇသတ်ကြီး ဉပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် အရေးယူခံရနိုင်ပါကြောင်း ---
28/05/2023
လယ်ယာမြေကို အကွက်ရိုက်ရောင်းတာကို ဝယ်မယ်ဆိုရင် သတိထားစရာပါ။
ဥပဒေနဲ့အညီ ဝယ်ယူပိုင်ဆိုင်နိုင်ကြပါစေ။
12/05/2023
#ပဋိညာဉ်ပြုပိုင်ခွင့်ရှိသူများ
------------------------
🌿🌿🌿တရားဝင်ပဋိညာဉ်တစ်ရပ်ဖြစ်အောင် ဘယ်သူတွေက လုပ်နိုင်သလဲဆိုတာ တင်ပြပါမယ်။ ပဋိညာဉ်အက်ဉပဒေ ပုဒ်မ - ၁၁ မှာ ဖော်ပြထားတဲ့ အောက်ပါအချက်(၃) ချက်နဲ့ ပြည့်စုံရင် ဘယ်သူမဆို ပဋိညာဉ်ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။
(၁) မိမိနဲ့ သက်ဆိုင်တဲ့ ဉပဒေအရ တရားဝင်အရွယ်ရောက်ပြီးသူ ဖြစ်ရမယ်။
(၂) စိတ်ကျန်းမာမှုရှိရမယ်။ (စိတ်မှန်နေရမယ်၊ရူးသွပ်နေတဲ့သူ မဖြစ်ရဘူးလို့ ဆိုလိုတာပါ။)
(၃) မိမိနဲ့သက်ဆိုင်တဲ့ ဉပဒေအရ ပဋိညာဉ်အရ ပဋိညာဉ်ပြုဖို့ အရည်အချင်း ပျက်ယွင်းနေသူ မဖြစ်ရပါဘူး။ (ဉပဒေအရ ပဋိညာဉ် မချုပ်ဆိုရဘူးလို့ တားမြစ်ခံထားရတဲ့သူ မဟုတ်ရဘူးလို့ ဆိုလိုတာပါ။)
(၁) အရွယ်မရောက်သေးသူ
--------------------------
💙💙💙 မြန်မာနိုင်ငံမှာ နေထိုင်တဲ့ သူတစ်ဉီးဟာ အသက် ၁၈ နှစ် ပြည့်တာနဲ့ အရွယ်ရောက်ပြီးဖြစ်တယ်လို့ မှတ်ယူရမယ့်အကြောင်း အရွယ်ရောက်ခြင်း အက်ဉပဒေ (The Majority Act,1875) ပုဒ်မ - ၃ မှာ ပြဌာန်းထားပါတယ်။ ဒါပေမယ့် အုပ်ထိန်းသူနဲ့ အုပ်ထိန်းခံရသူ အက်ဉပဒေ (The Guardian and Wards Act) အရ ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်မရောက်သေးသူ တစ်ဦးအတွက် အုပ်ထိန်းသူတစ်ဉီးကို တရားရုံးက ခန့်အပ်ပေးခဲ့ရင်တော့ အရွယ်မရောက်သေးသူဟာ အသက် ၂၀ ပြည့်မှ အရွယ်ရောက်လာပါလိမ့်မယ်။
💜💜💜၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သေးသူတစ်ဦးအနေနဲ့ သူကိုယ်တိုင် ဆုံးဖြတ်ရင် အမှားတွေဖြစ်ပြီး နစ်နာမှာစိုးတဲ့အတွက် ဉပဒေနဲ့ ကာကွယ်ပေးထားတာပါ။ ပဋိညာဉ်တစ်ရပ်ကို ပြုလုပ်တယ်ဆိုတာနဲ့ ရပိုင်ခွင့်အပြင် တာဝန်တွေလည်း တွဲပါလာပါတယ်။ ဒီတာဝန်တွေရဲ့ အတိမ်အနက်ကို အရွယ်မရောက်သေးသူ တစ်ဦးက မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန်နိုင်ချိန်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ့အပေါ် တာဝန်တွေ မကျရောက်စေချင်လို့ ကာကွယ်ပေးထားတာပါ။
💛💛💛နောက်တစ်ချက်က အရွယ်မရောက်သေးတဲ့သူနဲ့ စီးပွားရေးကိစ္စတွေ တွဲဖက်လုပ်ကိုင်ကြသူတွေအနေနဲ့ နောက်ကို နစ်နနာသွားကြမှာစိုးလို့ ကြိုတင်တားထားတဲ့ သဘောလည်း ပါပါတယ်။ ကလေးတွေပိုင်တဲ့ ပစ္စည်းကို အချောင်ရတာပဲဆိုပြီး ဝယ်ချင်တိုင်းဝယ်ကြတားမျိုး ၊ ကလေးတွေရဲ့ လုပ်အားကို အသုံးချမယ်ဆိုပြီး ကလေးနဲ့ သဘောတူညီချက် ယူတာမျိုးတွေဟာ စပြီး သဘောတူညီချက် ယူကတည်းက ဉပဒေအရ ပျက်ပြယ်နေတယ်ဆိုတာ သတိမူကြဖို့ပါ။
❤️❤️❤️ဒီကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယမှာ နာမည်ကြီးအမှုတစ်မှု ရှိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ဆုံးဖြတ်ခဲ့တာပါ။ အရွယ်မေရောက်သေးသူတစ်ယောက် (Minor) ဟာ ငွေချေးစားသူတစ်ယောက်ဆီမှာ သူ့အိမ်ကို ရူပီးငွေ ၂၀၀၀၀ နဲ့ အပေါင်ထားပြီး ငွေချေးဖို့ သဘောတူညီပါတယ်။ အပေါင်ခံသူက ပထမ ငွေ ၈၀၀၀ ပေးလိုက်တယ်။ နောက်တော့ အရွယ်မရောက်သေးသူက အပေါင်စာချုပ် ပယ်ဖျက်ပေးဖို့ တရားရုံးမှာလျှောက်ထားတယ်။ အိမ်ကိုအပေါင်ထားတုန်းက သူက အရွယ်မရောက်သေးပါဘူးလို့ အကြောင်းပြတယ်။ တရားရုံးက အပေါင်စာချုပ်က ပျက်ပြယ်တယ်။ ဒါကြောင့်ဖျက်သိမ်းခွင့်တောင်းဆိုနိုင်တယ်လို့ ဆုံးဖြတ်တယ်။ အဲဒီတော့ ငွေချေးစားသူက အပေါင်ခံဖို့အတွက် အရွယ်မရောက်သေးသူဆီကို သူကြိုပေးထားတဲ့ ငွေကို ပြန်ပေးပါလို့ တောင်းဆိုတယ်။ ဒါကိုလည်း တရားရုံးက မပေးဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ (Mohiri Bi Bi v. Dharmodas Ghose,(1903)30Cal539)
🤎🤎🤎အရွယ်မရောက်သေးသူတစ်ဉီး ပဋိညာဉ်ကိုမချုပ်ဆိုနိုင်ဘူး၊ ပဋိညာဉ်ချုပ်ဆိုဖို့အရည်အချင်း မရှိဘူးလို့ ဆိုတာဟာ သူ့အပေါမှာ ပဋိညာဉ်အရ တာဝန်မပေးနိုင်ဘူးလို့ ဆိုလိုတာပါ။ ဒါပေမယ့် ပဋိညာဉ်အရ သူ့မှာ ရထိုက်ခွင့်ရှိနေတယ်ဆိုရင်တော့ သူ့ဘက်က တောင်းဆိုခွင့်ရှိပါတယ်။ သူ့မှာ ပဋိညာဉ်အရ ရထိုက်ခွင့်ရှိနေတာကို ဉပဒေက တားမြစ်ထားခြင်း မရှိပါဘူး။(Sharfat Ali v. Noor Mohd., AIR (1924)Ran 136)
❣️❣️❣️ မြန်မာနိုင်ငံမှာလည်း စီရင်ထုံးတစ်ခု ရှိပါတယ်။ အရွယ်မရောက်သေးတဲ့သူတစ်ဦးကို ရုပ်ရှင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ရုပ်ရှင်ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ထားပါတယ်။ မင်းသမီးလေးကို အခြားကုမ္ပဏီတစ်ခုက ဒီစာချုပ်ကနေ နှုတ်ထွက်ဖို့သွေးဆောင်တယ်။ မင်းသမီးလေးဟာ အရွယ်မရောက်သေးသူတစ်ဦးဖြစ်တဲ့အတွက် မူလကုမ္ပဏီနဲ့ သူချုပ်ဆိုထားတဲ့ စာချုပ်ဟာ တရားမဝင်ဘူး၊ သွေးဆောင်သူကို တရားစွဲခွင့်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
(မောင်ညီပုနှင့် အိစ်အင်ရုပ်ရှင် ၊ ၁၉၃၉ ရန်ကုန်စီရင်ထုံး ၁၂၁ ၊ ဒေါ်ညွန့် နှင့် မောင်ညီပု ၊ ၁၉၃၈ ရန်ကုန်စီရင်ထုံး ၃၅၉)
💕💕💕 အရွယ်မရောက်သေးသူတစ်ဦးပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တစ်ရပ်ကို သူအရွယ်ရောက်လာတဲ့အခါ သူ့ဘက်က တာဝန်ရှိကြောင်းထပ်မံအတည်ပြုပေးလို့မရပါဘူး။အကြောင်းကတော့ သူအရွယ်မရောက်ခင်တုန်းက ပြုခဲ့တဲ့ သဘောတူညီချက်မှာပါတဲ့ အဖိုးစားနားဟာ ဉပဒေအရ အဖိုးစားနားမမည်လို့ပါပဲ။ ဒါကြောင့်မို့ သူအရွယ်ရောက်ပြီးတဲ့အခါ ပထမသဘောတူညီချက်ကို အတည်ပြန်ပြုပေမယ့် အဲ့ဒီသဘောတူညီချက်မှာ အဖိုးစားနား မပါရှိလို့ တရားမဝင်ပါဘူး။ အတည်ပြန်ပြုတဲ့ သဘောတူညီချက်မှာ အဖိုးစားနားအသစ် ပါရှိမယ်ဆိုရင်တော့ တရားဝင်ပါလိမ့်မယ်။
💞💞💞 M ဆိုတဲ့ အရွယ်မရောက်သေးသူတစ်ယောက်ဟာ L ဆိုတဲ့သူဆီကနေ ရူပီးငွေ ၅၀၀၀ ချေးယူပြီး ကတိစာချုပ်တစ်ခု ချုပ်ပေးခဲ့တယ်။ M အရွယ်ရောက်လာတဲ့အခါမှာ ပထမ ကတိစာချုပ်အပေါ်မူတည်ပြီး နောက်ထပ်ကတိစာချုပ်တစ်ခု ချုပ်ဆိုပေးတယ်။ နောက်ထပ်ကတိစာချုပ်မှာ အဖိုးစားနား မပါတဲ့အတွက် ပျက်ပြယ်ပါတယ်။ (Indram Ramaswamy v. Anthiappia Chettiar (1906)6M.L.J.422)
💗💗💗 အရွယ်မရောက်သေးတဲ့သူ တစ်ယောက်နဲ့ သဘောတူညီချက် တစ်ရပ်ပြုလုပ်ပြီဆိုရင် အဲဒီမှာ သဘောတူညီချက်ဟာ အစကတည်းက ပျက်ပြယ်နေတဲ့အတွက် ပဋိညာဉ်အဆင့်ကို ရောက်မလာပါဘူး။ အဲဒီသဘောတူညီချက်အရ အရွယ်မရောက်သေးသူက အကျိုးတစ်စုံတစ်ရာ ခံစားခဲ့ရတယ်ဆိုရင် အဲဒါကို ပြန်တောင်းခွင့်နဲ့ လျော်ကြေးတောင်းဆိုခွင့်တွေ မရှိပါဘူး။ (ဒီသဘောတရားကို အထက်မှာ ရေးခဲ့တဲ့ Mohiri Bi Bi အမှုမှာ ဆုံးဖြတ်ခဲ့တာ ရှိပါတယ်။)
💘💘💘 လူတစ်ယောက် ပဋိညာဉ်ပြုလုပ်တော့မယ်ဆိုရင် အသက်ပြည့်ပြီးသူ (အရွယ်ရောက်ပြီးသူ) ဖြစ်ရမယ်ဆိုတာ ဆိုင်ရာ ဉပဒေရဲ့ သတ်မှတ်ချက်အရ ပြည့်တာမျိုး ဖြစ်ရပါမယ်။ ဉပမာအားဖြင့် မြန်မာနိုင်ငံမှာ ၁၈ နှစ် ပြည့်ရင် အရွယ်ရောက်တယ်လို့ သတ်မှတ်ပေမယ့် အခြားနိုင်ငံတစ်ခုမှ အသက် ၂၀ ကျမှ အရွယ်ရောက်တယ်လို့ သတ်မှတ်ချင် သတ်မှတ်ပါလိမ့်မယ်။ အဲဒီအခါ အသက် ၂၀ ပြည့်သူတစ်ဉီးဟာ ပဋိညာဉ်အရ တာဝန်ယူလို့ရမှာ မဟုတ်ပါဘူး။
ကိုးကား
#ဦးမောင်မောင်(မော်ကျွန်း)
#တရားဝင်ပဋိညာဉ်ဖြစ်မြောက်ရန်လိုအပ်ချက်များ
-ဉပဒေရေးရာဝန်ဆောင်မှုလုပ်ငန်း
#09401576098
#တရော်ကုန်းရပ်ကွက်၊အောင်လံမြို့။
09/05/2023
သေတမ်းစာ ဆိုသည်မှာ ပစ္စည်းရှင်က မိမိကွယ်လွန်သည့်အခါ မိမိ၏ပစ္စည်းကို မည်သို့မည်ပုံ စီမံခန့်ခွဲစေလိုကြောင်း ၎င်း၏ရည်ရွယ်ချက်ကို ဖော်ထုတ်ထားသည့် တရားဝင်ကြေငြာစာတမ်းဖြစ်သည်။ ထိုသို့ စီမံခန့်ခွဲမှုမှာ ပစ္စည်းရှင်ကွယ်လွန်သည့်အခါမှသာ အကျိုးသက်ရောက်မည်ဖြစ်သည်။ မြန်မာ့ဓလေ့ထုံးတမ်းဉပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်များသည် သေတမ်းစာရေးခွင့်မရှိသောအချက်မှာ ယနေ့အထိ အတည်ဖြစ်သည့် သဘောသက်ရောက်လျှင် ပေးသူသည် သေတမ်းစာ ရေးသားရာရောက်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် လုပ်ခွင့်မရှိပေ။ အပေးစာချုပ်ဟန်ဆောင်၍ သေတမ်းစာပြုလုပ်ခွင့်ကို ခွင့်ပြုမည်ဆိုပါက မြန်မာဗုဒ္ဓဘာသာဝင်တို့ နှစ်ရှည်လများ လက်ခံကျင့်သုံးလာသည့် မြန်မာ့ဓလေ့ထုံးတမ်းဉပဒေနှင့်ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်ဟု ထုံးဖွဲ့ထားသည်။
သေတမ်းစာ ဆိုသည်မှာ ပစ္စည်းရှင်က မိမိကွယ်လွန်သည့်အခါ မိမိ၏ပစ္စည်းကို မည်သို့မည်ပုံ စီမံခန့်ခွဲစေလိုကြောင်း ၎င်း၏ရည်ရွယ်ချက်ကို ဖော်ထုတ်ထားသည့် တရားဝင်ကြေငြာစာတမ်းဖြစ်သည်။ ထိုသို့ စီမံခန့်ခွဲမှုမှာ ပစ္စည်းရှင်ကွယ်လွန်သည့်အခါမှသာ အကျိုးသက်ရောက်မည်ဖြစ်သည်။ မြန်မာ့ဓလေ့ထုံးတမ်းဉပဒေအအရ မြန်မာဗုဒ္ဓဘာသာဝင်များသည် သေတမ်းစာရေးခွင့်မရှိသောအချက်မှာ ယနေ့အထိ အတည်ဖြစ်သည့် သဘောသက်ရောက်လျှင် ပေးသူသည် သေတမ်းစာ ရေးသားရာရောက်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် လုပ်ခွင့်မရှိပေ။ အပေးစာချုပ်ဟန်ဆောင်၍ သေတမ်းစာပြုလုပ်ခွင့်ကို ခွင့်ပြုမည်ဆိုပါက မြန်မာဗုဒ္ဓဘာသာဝင်တို့ နှစ်ရှည်လများ လက်ခံကျင့်သုံးလာသည့် မြန်မာ့ဓလေ့ထုံးတမ်းဉပဒေနှင့်ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်ဟု ထုံးဖွဲ့ထားသည်။
#ဒေါလေးတင် (၎င်း၏အထူးကိုယ်စားလှယ်စာရသူ ဦးအုန်းတင်) နှင့် ဦးအောင်ဝင်းပါ (၃) ၂၀၀၁ ခုနှစ် ၊ မတစ ၊ စာ - ၃၉၂
#အမွေမှု
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
1st, Street, Tayawgone Quarter
Aunglan
04151