U U MYO
16/10/2023
(၂၃-၁၀-၂၀၂၃) မှာ အတန်းသစ်တစ်ခု ဖွင့်ပေးပါ့မယ်။
#စောင့်မျှော်နေသူများအတွက်_သတင်းကောင်း_
#သင်တန်းတစ်ခုပြီးမှ_တစ်ခု_ဖွင့်တာမို့_အခွင့်အရေးကို_ရယူလိုက်ပါ_
ပိုမို ထိရောက်စေရန်အတွက် ပုံမှန်သင်ကြားပေးနေတဲ့ သင်ကြားနည်းထဲကို အနည်းငယ် ထပ်ပေါင်းထားပါတယ်။ ယခုသင်ကြားပေးမည့်စနစ်က ဆရာသတ်မှတ်ပေးတဲ့အတန်းချိန်ကို အချိန်အခက်အခဲကြောင့် Zoom live (face to face) စာသင်ချိန်မှာ အတန်းပုံမှန်မတက်နိုင်သူတွေအတွက်လည်း အဆင်ပြေတဲ့အတွက် အချိန်ညှိရတဲ့ အခက်အခဲလျော့သွားပါမယ်။
သင်တန်းကာလ - ၆ လ
သင်တန်းစတင်မည့်ရက် - ၂၃-၁၀-၂၀၂၃
အပါတ်စဉ် - သောကြာ နှင့် စနေ
သောကြာ - ညနေ ၈:၃၀ မှ ၁၀ နာရီအထိ (8:30 PM to 10 PM)
စနေ - ညနေ ၈:၃၀ မှ ၁၀ နာရီအထိ (8:30 PM to 10 PM)
သင်တန်းကြေး (တစ်လလျှင်) - ၇၅၀၀၀ ကျပ်
သင်တန်း စတင်အပ်သည်နှင့် (အနည်းဆုံး) ၂ လစာအတွက် ၁၅၀၀၀၀ ကျပ် ကြိုတင်ပေးသွင်းရပါမည်။
ဘယ်လိုတွေသင်ကြားပေးတာလဲ၊ ဘာတွေသင်ပေးမှာလဲ၊ ဘာတွေ တတ်မြောက်သွားမှာလဲဆိုတာတွေအတွက် အောက်ပါလင့်တွေကို နှိပ်ကြည့်ပြီး အသေးစိတ် သိနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/permalink.php?story_fbid=584108560405080&id=100064178223181
https://www.facebook.com/permalink.php?story_fbid=487386376743966&id=100064178223181
#စိတ်ဝင်စားတယ်ဆိုရင်_ဆက်ပြီးဖတ်ပေးပါ
ှာလာမေးတတ်တဲ့မေးခွန်းတွေအတွက်_တစ်ခါတည်း_ဖြေပေးထားပါတယ်_
(၁) အပါတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့တွေမှာ ကြိုပြီးလေ့လာဖို့ Video Lecture တွေ ပို့ပေးပါ့မယ်။
(၂) တစ်နေ့စာတစ်နေ့ မိမိအားတဲ့အချိန်မှာ ကြည့်ရှုနားထောင်ပြီး Lecture ပြန်လိုက်ရင်း ပိုမိုနားလည်ချင်တဲ့အချက် (သို့မဟုတ်) မေးလိုသည်များကို မှတ်သားထားပေးပါ။
(၃) သင်တန်းသားတစ်ဦးချင်း မေးလိုတဲ့ မေးခွန်းအားလုံးကို ကြာသပတေးနေ့အထိ Telegram Group ထဲမှာ မေးမြန်းနိုင်ပါတယ်။
(၄) သောကြာနဲ့ စနေညတွေမှာ Zoom နဲ့ Face to Face (Live) class ရှိပါမယ်။ ကြာသပတေးနေ့မေးထားသမျှ မေးခွန်းတိုင်းကိုမှတ်သားထားပြီး သောကြာည အတန်းချိန်မှာ အသေးစိတ် (Live) ဖြေကြားပေးပါ့မယ်။ မေးခွန်းတွေ ဖြေပြီးတာနဲ့ သင်ခန်းစာသင်ကြားခြင်း/ဆွေးနွေးခြင်းတွေ လုပ်ပါမယ်။
(၅) Zoom မှာ ဖြေကြား/သင်ကြားပေးထားသော video record အား Telegram group တွင် အတန်းချိန်ပြီးသည်နှင့် တစ်ပြိုင်နက် တင်ပေးထားပါ့မယ်။
(၆) တနင်္လာ၊ အင်္ဂါ နဲ့ ဗုဒ္ဓဟူး နေ့တွေမှာ ပို့ပေးမဲ့ Video Lecture တွေက ရှေ့မှာဖွင့်ခဲ့တဲ့အပါတ်စဉ်အလိုက် သင်တန်းသားတွေကို သင်နေတဲ့ Video file တွေ (လုံးဝ) မဟုတ်ပါဘူး။
(၇) ဖွင့်ခဲ့သမျှသင်တန်းတိုင်းမှာ Zoom နဲ့ face to face သင်တဲ့အချိန် record လုပ်ထားသမျှ Video file တွေကို သက်ဆိုင်ရာသင်တန်းရဲ့ Group ထဲသာတင်ပေးပြီး အဲ့ဒီသင်တန်းအတွက်သာ အသုံးပြုပါတယ်။
(၈) သင်တန်းတစ်ခုနဲ့တစ်ခုမှာ တက်ခဲ့တဲ့ သင်တန်းသားတွေရဲ့ အတွေးအခေါ်နဲ့ ကြိုးစားမှုတွေ မတူကြပါဘူး။ ဒါကြောင့် သင်နေတုန်း record လုပ်ထားတဲ့ video file တွေကို အသုံးပြုလို့လည်း မရနိုင်ပါဘူး။ မေးတဲ့မေးခွန်းတွေလည်း မတူကြပါဘူး။
(၉) အတန်းချိန် ပျက်ရင် စာတွေ တအားကြီး နောက်ကျသွားမှာလား? အတန်းကို နောက်ကျမှ ရောက်လာပေမဲ့ ဆရာပေးတဲ့ Video file တွေကို သေချာကြည့်/နားထောင်ပြီး ဆရာညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရင် ပုံမှန် အတန်းချိန်မပျက် လေ့လာနေသူနဲ့ တတ်မြောက်တာချင်း အတူတူပါဘဲ ဆိုတာကို သက်သေပြနေတဲ့ သင်တန်းသားတွေလည်း ရှိပါတယ်ခင်ဗျာ။
(၁၀) သင်သာ အမှန်တကယ်သာ ကြိုးစားချင်စိတ်ရှိပြီး ဆရာ သင်ပေးသမျှကို ကျေညက်အောင် မှတ်သားနာယူမယ်ဆိုရင် “သင်…. ရုရှားဘာသာစကားကို အခြေခံမှစ၍ ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းစေရမည်” ဟု အာမခံပါတယ်။
03/08/2023
К.Симонов - Жди меня, и я вернусь...(Стих и Я) Жди меня, и я вернусь.Только очень жди,Жди, когда наводят грустьЖелтые дожди,Жди, когда снега метут,Жди, когда жара,Жди, когда других не ждут,Позабыв вчера.Ж...
ဲသင်ချင်တဲ့သူတွေနဲ့_Group_နဲ့မှ_သင်ချင်တဲ့သူတွေအတွက်_
#ဖတ်ပေးပါ_
1) ကျွန်တော် အချိန် အများကြီး ခွဲဝေမပေးနိုင်တဲ့အတွက်-
2) Group နဲ့က စာလုပ်ချင်စိတ်ကို ပိုပြီး လှုံ့ဆော်ပေးနိုင်တဲ့အတွက်-
3) ငွေးကြေးပိုင်းဆိုင်ရာ ခြိုးခြံနိုင်စေရန်အတွက်-
4) ဒီတစ်ကြိမ်ဖွင့်ပေးပြီးရင် နောက်ထပ် Group နဲ့ဖွင့်ပေးဖို့က အတော်ကြာစောင့်ရဦးမှာ ဖြစ်တဲ့အတွက်- စီစဉ်ပေးထားတဲ့ အထူးအစီအစဉ်ပါ။
chat box မှာလာပြောနေသူတွေများလို့၊ ကျွန်တော့်ရဲ့ နားချိန်ချန်ထားတဲ့အချိန်ထဲက ဖဲ့ပြီး ပေးတားတာဖြစ်လို အမှန်တကယ် စာလိုချင်သူတွေပဲ လာခဲ့ပေးပါ။
သင်တန်းသားဦးရေ အများဆုံး (၈) ဦးပဲလက်ခံပေးမှာပါ။ အနည်းဆုံး ၆ လ အချိန်ပေးပြီး ကြိုးကြိုးစားစား လေ့လာနိုင်သူများကို ကြိုဆိုနေပါတယ်။
စတင်မည့်ရက် - 5-1-2023 (ကြာသပတေးနေ့) ညနေ ၈ နာရီ (8 PM)
Zoom class - အပါတ်စဉ်
Monday - 8:00 PM to 9:30 PM
Tuesday - 7:30 PM to 9:00 PM
Wednesday - 8:00 PM to 9:30 PM
(အိမ်စာထပ်/စာမေးရန်အတွက် 24/7 ကြိုက်တဲ့အချိန် မေးမြန်းနိုင်သည်)
အလုပ်များလို့ အတန်းမတက်နိုင်သူများကို recorded video များ ပေးပါမည်။
သို့သော် အတန်း ခဏခဏ ပျက်၍မရပါ။
(2-1-2023 မှ 4-1-2023 အတွင်းရှိ စာသင်ချိန်များအား နာရီပြည့်မီအောင် ၎င်း ၄ နာရီခွဲအား ပြန်ပေါင်းသင်ပေးပါမည်။)
သင်တန်းအပ်ပြီးသည်နှင့် Telegram private group ထဲသို့ Invite လုပ်ပေးထားပါမည်။ ကြိုတင်လေ့လာနိုင်စေရန် ရည်ရွယ်၍ တင်ပေးထားသမျှ သင်ခန်းစာများအား လေ့လာနိုင်ပါသည်။ 5-1-2023 ရက်နေ့မှစတင်၍ Zoom မှ Face to Face (Live) အသေးစိတ် ပြန်လည်သင်ကြားပေးပါမည်။
သင်တန်းကြေး - တစ်လလျှင် မြန်မာငွေ ၆၀၀၀၀ ကျပ် (60000 MMKs)
သင်တန်းစတင်အပ်သည်နှင့် အနည်းဆုံး ၂ လစာ ကြိုတင်ပေးသွင်းထားရပါမည်။ အသေးစိတ်သိလိုသူများက Chat box သို့ လာရောက်မေးနိုင်ပါသည်။
+959666118426 သို့လည်း Viber/Telegram/WhatsApp တို့မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။
Merry Christmas!
С Рождеством Христовым!
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Aunglan