Go Cora LX

Go Cora LX

Share

ထိုင်းနိုင်ငံခရီးစဉ် အတွေ့အကြုံ လေးတွေကို ဒီ page လေးမှာ sharing လုပ်ပေးပါမယ်ရှင့်။ ထိုင်းနိုင်ငံအတွင်း လည်စရာနေရာတွေ၊ စားသောက်ဆိုင်တွေ၊ လျော့စျေးနဲ့ရမယ့် ပစ္စည်းလေးတွေကို မျှဝေပေးသွားပါမယ်ရှင့် 😍😘❤️

04/04/2026

ထိုင်းမှာ နယ်ဝေးခရီးသွားချင်ပေမယ့် မော်ချစ် (Mo Chit) ကားဂိတ်ကြီးထဲ မျက်စိလည်သွားမှာ စိုးရိမ်နေလား? 🤔🚌

ထိုင်းနိုင်ငံကို ရောက်နေတဲ့သူတွေ၊ ဒါမှမဟုတ် ထိုင်းမှာ အလည်အပတ်လာရင်း နယ်ဝေးခရီးထွက်ချင်တဲ့ သူငယ်ချင်းတို့အတွက် အရမ်းကို အသုံးဝင်မယ့် Video လေးတစ်ခု တင်ပေးလိုက်ပါတယ် 🎬✨
မော်ချစ် (Mo Chit Bus Terminal) ဆိုတာ ထိုင်းမှာ အကြီးဆုံးနဲ့ လူအစည်ကားဆုံး ကားဂိတ်ကြီးတစ်ခုပါ။
ပထမဆုံးအကြိမ် သွားစီးမယ့်သူတွေအတွက်တော့ ဂိတ်တွေအများကြီးထဲမှာ ဘာကဘယ်လိုလုပ်ရမှန်းမသိ ခေါင်းရှုပ်သွားတတ်ပါတယ်။
ဒါကြောင့် ဒီ Video လေးထဲမှာ...
• 🎫 ကားလက်မှတ်ကို ဘယ်လို အလွယ်တကူဝယ်မလဲ
• 🔍 ကိုယ်စီးရမယ့် ကားဂိတ်ပေါက် (Platform) ကို ဘယ်လိုရှာမလဲ
• 💺 Express ကားပေါ်မှာ ဘယ်လို ဝန်ဆောင်မှုတွေ (Facilities) ပါဝင်လဲ
• 💡 ခရီးစဉ်တစ်လျှောက် သတိထားရမယ့် အချက်လေးတွေ
စတာတွေကို အဆင့်ဆင့် သေချာလေး ရိုက်ကူး ရှင်းပြပေးထားပါတယ်။
ဒါလေးကို ကြည့်သွားမယ်ဆိုရင်တော့ ထိုင်းမှာ ကားစီးရတာ အရမ်းကို လွယ်ကူသွားမှာ အသေအချာပါပဲ။💯
နောက်မှ ပြန်ကြည့်လို့ရအောင် ဒီ Video လေးကို Save လုပ်ထားဖို့ မမေ့နဲ့နော်။
ကိုယ့်သူငယ်ချင်းတွေထဲမှာ ထိုင်းမှာ ခရီးသွားဖို့ရှိတဲ့သူတွေ၊ အခုမှ ထိုင်းကိုရောက်စ သူငယ်ချင်းတွေရှိရင်လည်း အကျိုးရှိအောင် Share လုပ်ပြီး လက်ဆင့်ကမ်းပေးလိုက်ပါဦး။ 🙌
ကားစီးတာနဲ့ ပတ်သက်ပြီး ထပ်သိချင်တာလေးတွေရှိရင်လည်း Comment မှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင့်👇💬

#ထိုင်းခရီးသွား #မော်ချစ်ကားဂိတ်

Photos from Go Cora LX's post 20/08/2025

Hello …… 🙋‍♀️🙋‍♀️
အာလုံးဘဲမင်္ဂလာပါရှင့် 🙏🙏🙏

ဒီနေ့မှာ Cora က ဘန်ကောက်ကို ၁၄ ရက် အလည်ဗီဇာနဲ့ရောက်လာပြီး ၁၄ ရက်ထက်ပိုနေချင်လို့ဘဲဖြစ်စေ၊ လည်ပတ်ဖို့အတွက် ရက်ထပ်တိုးချင်တာဘဲဖြစ်စေ ဗီဇာသက်တန်းတိုးဖို့အတွက် လိုအပ်တဲ့အချက်အလက် form တွေ ဘယ်လိုဖြည့်ရမလဲဆိုတာ ပြောပြပေးပါမယ်ရှင့်

၁၄ ရက်အလည်ဗီဇာနဲ့လာပြီး သက်တန်းတိုးချင်ရင် တစ်လသက်တန်းထပ်တိုးလို့ရပါတယ်ရှင့်

သက်တန်းတိုးဖို့အတွက် လိုအပ်တဲ့ စာရွက်စာတန်းတွေကတော့

✅Passport မူရင်း
✅Passport Bio Page မိတ္တူ
✅Passport Visa Page မိတ္တူ
✅သံရုံးထောက်ခံစာ
✅TM 30
✅4cm x 6cm အဖြူရောင်နောက်ခံနဲ့ ဓါတ်ပုံတစ်ပုံ

✅TM 7
✅STM 2
✅STM 9
✅STM 11
ဒီစာရွက်စာတန်းတွေ နဲ့ ဘတ် ၁၉၀၀ ငွေသွင်းရပါမယ်ရှင်

TM 7, STM 2, STM 9, STM 11 စာရွက်တွေ ကတော့ IMMIGRATION ရောက်မှ သူတို့ဆီကယူပြီး ဖြည့်လို့ရသလို online ကနေ Download လုပ်ပြီး ဖြည့်သွားလို့လဲရပါတယ်။

သွားရမယ့် Immigration လိပ်စာနေရာကတော့
IT SQUARE LAK Si တတိယထပ်ကို ၈ နာရီမတိုင်ခင် ရောက်အောင်သွားပါရှင်

It square Lak Si map link >> https://maps.app.goo.gl/ewVsraZqAbfxqfpQ9?g_st=ipc

ဒီ post လေးမှာတော့ Cora က TM 7, STM 2, STM 9, STM 11 form တွေ ဘယ်လိုဖြည့်ရမလဲ ပြောပြပေးပါမယ်ရှင့်

အောက်ကပုံတွေမှာ တစ်ပုံခြင်းစီ ထောက်ပြီး ကြည့်ပေးကြပါနော် 🥰🥰🥰

အားလုံးဘဲအဆင်ပြေကြပါစေရှင် 🥰🥰🥰

゚viralシ

04/08/2025

ဘန်ကောက်မှာ မြန်မာသံရုံးနဲ့ သိပ်မဝေးတဲ့ အရသာ ထိထိမိမိနဲ့ စားလိုကောင်းမယ့် မာလာရှမ်းကောဆိုင်လေးတစ်ဆိုင်ကို ဒီ video လေးထဲမှာ ပြောပြပေးပါမယ်ရှင်

မြန်မာသံရုံးနဲ့ဆို နှစ်မှတ်တိုင်လောက်ဘဲရှိတာမို့ သံရုံးမှာ ထောက်ခံစာစောင့်ရင်း ဒီဆိုင်လေးမှာ သွားစားကြည့်လို့ရပါတယ်

ဆိုင်လိပ်စာ >> 409, 12 Sriwiang Rd, Si Lom, Bang Rak, Bangkok 10500, Thailand

ဆိုင် Google Map Link >> https://maps.app.goo.gl/RbECtLdz5LbmjwBz6?g_st=ipc

Want your public figure to be the top-listed Public Figure in Aungban?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aungban