MZO Delivery Service
05/12/2023
(6.12.2023) ကနေစပြီး ပို့ခ ဈေးလေးတွေ ပြောင်းထားပါတယ်ရှင့်....
နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်နော် 🙏
ဒီနေ့ကောက် မနက်ဖြန် ပို့ စနစ်နဲ့ ပို့ဆောင်ပေးနေပါပြီရှင့်။
29/07/2023
မင်မင်တို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ပီတိတစ်ခုပါ 🥰
MZO Deliver Service ဆိုပြီး ရပ်တည်လာတာ 2 နှစ်ပြည့်တော့မယ်ပေါ့ .....
ဒီကာလမှာ အစစအရာရာ လဲကျဖို့အတွက် တွန်းအားပေးခံရပင်မယ့်
Delivery စထောင်ထဲက ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့တဲ့ Customer လေးတွေ အခုချိန်ထိ way တွေ အပ်နေတုန်းလို့ တွေးလိုက်တိုင်းး အရမ်းကို အင်အားဖြစ်ရပါတယ် မမတို့ရေ ❤️
ရုံးက Admin တွေကို လက်ဆောင် တွေထည့်ပေး
Rider လေးတွေကို မုန့်တွေထည့်ပေးကြတာ အရမ်းကို ပီတိဖြစ်ရပါတယ် ။ ကျေးဇူး အများကြီးလဲ တင်ပါတယ်နော် 😘
မမတို့ ပေးတဲ့ အားတွေနဲ့ ဒီထက်ပိုပြီး အကောင်းဆုံးဖြစ်အောင် MZO တစ်မိသားစုလုံးက ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်ရှင့် 🍀❤️
အကြာကြီး တူတူ လက်တွဲကြရအောင်နော် 💯🤎
မနေ့က တစ်နေ့လုံးရှင်းရတဲ့ ပြသနာလေး ပြောပြချင်လို့ပါရှင်။
မင်မင်တို့ ဒီဈေးနှုန်းအတိုင်း ဈေးအပြောင်းလဲ မရှိပဲ
ပို့ပေးနေတယ်ဆိုတာ Online Shop ဘက်ကော Customer ဘက်ကိုကော အဆင်ပြေစေချင်လို့ပါ။
Online Shop ဘက်က ပစ္စည်းအပ်လို့ မင်မင်တို့ ဝန်ဆောင်မှုမပေးတဲ့ အစားစာ / အိမ်မွေး ကလေးတွေ နဲ့ တရားဥပဒေနဲ့ ညိစွန်းတဲ့ ပစ္စည်းတွေကလွဲရင် တခြား ပစ္စည်း အကုန်လုံးကို လက်ခံပေးရပါတယ်ရှင်။
မင်မင်တို့ တာဝန်က Online Shop ဘက်က ပစ္စည်းအပ်ရင် သွားယူပေးပြီး ဟိုဘက် Cus စီအချိန်မှီ ပို့ပေးရတာပါရှင်။
ပစ္စည်းရောက်တဲ့အချိန် Cus ပစ္စည်းစစ်ချင်တယ်ဆိုလဲ
Rider လေးတွေက အမြဲစောင့်ပေးပါတယ်။
Online Shop နဲ့ Cus ကြားး ပစ္စည်း အဆင်မပြေဖြစ်ခဲ့ရင် နှစ်ဦးကြား ညှိနှိုင်းပြီး Return ပြန်ပို့ပေးပါတယ်နော်
လမ်းခရီးမှာ Rider တွေကြောင့် ပစ္စည်း တစ်ခုခု Error ဖြစ်သွားခဲ့ရင် မင်မင်တို့ဘက်က အပြည့်အဝ တာဝန်ယူပေးတာ အားလုံးအသိပါပဲနော် ။
အကယ်၍ ပစ္စည်းပို့ပြီးမှ ပစ္စည်းက တစ်ခုခု error ပါနေတာ ပစ္စည်းမမှန်တာ Quality မတူဘူးး ဆိုရင်တော့ Online Shop နဲ့ပဲ သက်ဆိုင်ပါတယ်နော်။ မင်မင်တို့ တာဝန်မယူပေးပါဘူး။
❗❗Online Shop တွေဘက်ကလဲ Cus က အဆင်မပြေကြောင်း ဖုန်းဆက်ရင် ဖုန်းကိုင်ပေးကြပါရှင်။❗❗
❗❗Cus တွေ ပို့ခိုင်းတဲ့ ပစ္စည်း အတိုင်း စစ်မှန်တဲ့Quality အတိုင်းပဲ ပို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။❗❗
Online Shopဘက်ကော Customer ဘက်ကိုကော မျက်မြင်တွေ့ခဲ့ရတဲ့ ကြားတဲ့က လူတွေမို့ တစ်ဦးတစ်ယောက် အဆင်မပြေဖြစ်သွားရင် မင်မင်တို့လဲ စိတ်မကောင်းဖြစ်ရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ahlone Street
Ahlone
11121