Taung Pyar Tann Channel

Taung Pyar Tann Channel

Share

02/09/2024

꧁ ရင့်ကျက်လာတဲ့အခါ ꧂
〰️〰️〰️➰➰➰〰️〰️〰️
✍️အကောင်းတွေ ကြုံလာရင်
✍️ပြုံးရုံပဲပြုံးလိုက်တယ်။

✍️မကောင်းတာတွေ ကြုံတဲ့အခါ
✍️သတိရှိရှိ လက်ခံလိုက်တယ်။

✍️မကောင်းမြင်နေတဲ့သူတွေကိုလည်း
✍️အပြုံးနဲ့ ဆက်ဆံပေးလိုက်တယ်။

✍️တချို့စကားတွေကို မသိချင်ယောင်
ဆောင်တယ်
✍️တချို့စကားတွေကို လက်ခံပြင်ဆင်တယ်။

✍️လူ့တချို့ရဲ့ စရိုက်ကိုမြင်အောင်ကြည့်ပြီး
✍️သည်းခံ ဆက်ဆံပေးလိုက်တယ်။

✍️ကိုယ့်အပေါ် မကောင်းမှန်းသိလည်း
✍️အဆင်ပြေအောင် နေပေးလိုက်တယ်။

✍️ဟုတ်တိုင်လည်း မပြောတော့ဘူး...
✍️မှန်တိုင်းလည်း မပြောတော့ဘူး...
✍️ကောင်းတိုင်းလည်း မပြောတော့ဘူး...

✍️လူတိုင်းကို ဂရုစိုက်နေလို့မရသလို
✍️လူတိုင်းရဲ့စကားကိုလည်း အရေးတယူ
✍️လက်ခံနေလို့မရဘူးဆိုတာ
✍️ပို နားလည်လာတယ်။

✍️✍️Ashin Kavinanda✍️✍️
🙏🙏တောင်ပြာတန်းဆရာတော်🙏🙏

Photos from Taung Pyar Tann Channel's post 27/06/2024

꧁ ကိုယ့်အလုပ်ကိုလုပ်ကြ ꧂
〰️〰️〰️〰️➰➰➰〰️〰️〰️〰️
ဘုန်းကြီးမှန်ရင် ဘုန်းကြီးအလုပ်လုပ်ရမယ်
ဘ ဘုရား ဂန်ထဓူရ ဝိပဿနာဓူရ
ဓူရ(၂)ဖြာကို ကြိုးစားလုပ်မှာက
ဘုန်းကြီးအလုပ်
ကျန်းတာလျှောက်လုပ်နေလို့ကတော့
သူများပြောတာခံရမှာပဲ
သူများအထင်သေးတာခံရမှာပဲ
ကိုယ့်အလုပ်ကို လုပ်ကြပါ။

တခါတလေ လာလာပြောကြတယ်
နိုင်ငံရေးပိုစ်တွေ မတင်လို့
နိုင်ငံရေး ပိုစ်တွေမရှယ်လို့
လာလာပြောနေကြတာ
ကျွန်ပ်အလုပ် မဟုတ်လို့
ကျွန်ုပ်မလုပ်တာ
ကျွန်ုပ်အလုပ်ဆိုရင်
ခများတို့ပြောစရာတောင်မလိုဘူး။

ဒါကြောင်း ဘ ဘုရားက👉👉
န ပရေသံ ဝိလောမာနိ၊
န ပရသေံ ကတာကတံ။
အတ္တနောဝ အဝေက္ခေယျ၊
ကတာနိ အကတာနိ စ။

ပရေသံ - မိမိကိုယ်ကို မလိုမုန်းထား သူတစ်ပါးတို့၏။
ဝိလောမာနိ - မိမိအပေါ်မလျော်အောင် စော်စော်ကားကား နာကျည်းဖွယ်စကားတို့ကို။
န အဝေက္ခေယျ - မကျေ မနပ် စိတ်ဝယ်မှတ်၍ မပြတ်ခါခါ မရှု မကြည့်ရာ။
ပရေသံ - မိမိမှတစ်ပါး တခြားသူတို့၏။
ကတာကတံ -ပြုအပ် မပြုအပ် အရပ်ရပ်ဟု ကောင်းမှု မကောင်းမှုကို။
န အဝေက္ခေယျ - အလုပ်တစ်ခု ဂရုပြု၍ မရှု မကြည့်ရာ။
အတ္တနောဝ - မိမိအတွက်သာလျှင်။
ကတာနိ စ - ပြုအပ်ပြီးသောအမှု တို့ကိုလည်းကောင်း။
အကတာနိ စ - မပြုအပ်သေးသောအမှု တို့ကိုလည်းကောင်း။
အဝေက္ခေယျ - အလုပ်တစ်ခု ဂရုပြု၍ ကြည့်ရှု ဆင်ခြင်ရာ၏။

ကိုယ့်အပြစ်ကိုမြင်အောင်ကြည့်စမ်းပါ
သူများကိုလိုက်ကြည့်မနေနဲ့
ကမ္ဘာကြီးက ဘာဖြစ်တယ်
ညာဖြစ် လျှောက်ပြောမနေနဲ့
ကိုယ့်ကို ဘာဖြစ်နေတာလဲ အရင်ကြည့်ပါ
ကိုယ့်ကို အရင်ပြောင်းလဲပါ
ဒါဆိုရင် ကမ္ဘာလောကကြီး
လှပလာမှာ အမှန်ပါပဲ

နိုင်ငံရေးလုပ်တဲ့သူက
နိုင်ငံရေးအကြောင်းပြောတာ
ကြားကောင်းသေးတယ်

အိမ်ထဲနေပြီး အော်နေတာ
ဘာမှမလုပ်ပဲ လျှောက်ပြော
လျှောက်တင်နေတာ
ကိုယ့်ဘာလုပ်နေတာလဲ
ကိုယ်အသုံးမကျကြောင်း
လူပုံအလည်မှာ ချပြနေသလိုပဲ
မိမိရဲ့အပြောအဆိုက မိမိဘဝပဲ

ကျွန်ုပ်တို့က လူမျိုးအတွက်
အလုပ်လုပ်နေတာမဟုတ်ဘူး
သာသနာအတွက် အလုပ်လုပ်နေတာ

ဘုန်းကြီးဆိုတာ
သတ္တဝါတိုင်းပေါ်မှာ
မေတ္တာတရားထားရမှာ
ခွဲခြားပြီးဆက်ဆံလို့မရဘူး

ဟိုလူကိုမုန်းလိုက်
ဒီလိုကိုကျ မေတ္တာတရားထားလိုက်
အဲလိုလုပ်လို့မရဘူး
သတ္တဝါတိုင်းပေါ် မေတ္တာတရားထားရမယ်
အဲတာ ဘဘုန်းဘုရားရဲ့လမ်းစဉ်ပဲ

ဘယ်သူဘာပြောပြော
ကျွန်ုပ်တို့ကတော့
ကျွန်ပ်တို့အလုပ် လုပ်ရမှာပဲ

သူတို့လဲတိုက်စရာရှိတာတိုက်
ငါတို့လဲ ကိုယ့်အလုပ်ကိုလုပ်မှာပဲ
မကြိုက်လဲ ဘလော့သွားကြ😊

🙏တောင်ပြာတန်းဆရာတော်🙏
🌻အရှင်ကဝိနန္ဒ🌻
🎖️သာသနဓဇဓမ်မာစရိယ၊🎖️
🎖️M.A သီရိင်္လကာနိုင်ငံ🎖️


#တောင်ပြာတန်း
#တရားတော်
#ဗုဒ္ဓ

25/01/2024

သက်ရှည်ကျန်းမာပါစေ
🌻🌻မယ်တော်ကြီး🌻🌻

11/12/2023

အောင်မြင်မှု့ထဲက တခုပေါ့

Photos from Taung Pyar Tann Channel's post 25/11/2023

꧁စောင့်ထိန်းအပ်သော လူမှုကျင့်(၁)꧂
〰️〰️〰️〰️➰➰➰➰〰️〰️〰️〰️
ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

🌻🌻🌻Ashin Kavinanda🌻🌻🌻
🌻🌻တောင်ပြာတန်းဆရာတော်လေး🌻🌻

Want your business to be the top-listed Media Company in Colombo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Galvihara Road, Dehiwala-Mount Lavinia
Colombo