EPS Topic Exam Myanmar
18/06/2026
❝ မိသားစုအတွက် ရုန်းကန်ရင်း တစ်ပါးပြည်မှာ ကြွေလွင့်ခဲ့ရတဲ့ ကြယ်တစ်ပွင့် ❞
အမိမြေနဲ့ ဝေးရာ ကိုရီးယားနိုင်ငံရဲ့ စက်ရုံတစ်ရုံထဲမှာ မိသားစုအတွက် အနာဂတ်အိမ်မက်တွေကို ချွေးနဲ့ရင်းပြီး တည်ဆောက်နေခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် လူငယ်တစ်ဦး...။ သူ့နာမည်က ကိုသန့်ဇင်ဦး တဲ့။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရဲ့ မြရတနာလမ်းလေးထဲက အိမ်ကလေးတစ်လုံးမှာတော့ မိခင်ဖြစ်သူ ဒေါ်အေးဝင်းနဲ့ ညီဖြစ်သူ ကိုအောင်ခိုင်ဖြိုးတို့က ကိုသန့်ဇင်ဦး ပို့ပေးမယ့် သတင်းစကားတွေကို မျှော်လင့်တကြီး စောင့်စားနေခဲ့ကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကံကြမ္မာက ရက်စက်လွန်းလှပါတယ်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်ရဲ့ သာမန်ကြာသပတေးနေ့ နံနက်ခင်းလေးတစ်ခု...။
ကိုရီးယားနိုင်ငံ ဂယောင်နမ်ပြည်နယ်၊ ဂင်မဲမြို့ရဲ့ ဂျင်ယောင်အွတ်မှာရှိတဲ့ စက်ရုံတစ်ခုထဲမှာ ကိုသန့်ဇင်ဦးတစ်ယောက် ပုံမှန်အတိုင်းပဲ အလုပ်ခွင်ထဲ အားသွန်ခွန်စိုက် ကြိုးစားနေခဲ့ပါတယ်။ နာရီလက်တံ ၁၁ နာရီဝန်းကျင်ကို ရောက်တဲ့အချိန်မှာတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကြီးတစ်ခုက ရုတ်တရက် ဆိုက်ရောက်လာခဲ့ပါတော့တယ်။
လူငယ်ပီပီ တက်ကြွပြီး အနာဂတ်မျှော်လင့်ချက်တွေ အပြည့်ရှိနေတဲ့ ကိုသန့်ဇင်ဦးတစ်ယောက် အလုပ်လုပ်ကိုင်နေရင်းကနေ ရုတ်တရက်ပဲ လဲကျကာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ရပါတယ်။
ကွယ်လွန်သူ ဖခင်ကြီး ဦးစိုးမြင့်ရဲ့ အရိပ်ကို ခိုလှုံခွင့်မရတော့တဲ့အဆုံး မိသားစုရဲ့ အားကိုးရာဖြစ်တဲ့ သားကြီးတစ်ယောက်၊ ညီဖြစ်သူအတွက် အားကိုးထိုက်တဲ့ အစ်ကိုကြီးတစ်ယောက်ဟာ တိုင်းတပါး မြေပေါ်မှာပဲ ဘဝဇာတ်ခုံကို အပြီးတိုင် ကျောခိုင်းသွားခဲ့ရပါပြီ။
မိသားစုအတွက် ရုန်းကန်ရင်း ဘဝတစ်ခုလုံးကို အလုပ်ခွင်ထဲမှာ ပေးဆပ်သွားခဲ့ရတဲ့ မြန်မာလုပ်သား ကိုသန့်ဇင်ဦး... တစ်ပါးပြည်က ပင်ပန်းမှုတွေကနေ အပြီးတိုင်လွတ်မြောက်ပြီး ကောင်းရာသုဂတိသို့ လားပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Incheon