Vazu
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ မေ ၃၀ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိသွားခဲ့သည်။
ခရီးစဉ်တွင် နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေးနှင့် စက်မှုဝန်ကြီးများအပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဆင့်မြင့်တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များနှင့် ပျူစောထီးအဖွဲ့ဝင်များအတွက် စစ်သုံးမိုးကာ အထည် ၂၀၀ ကျော် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပျူစောထီးခေါင်းဆောင် ပေါက်ကတုံးက ပြောဆိုထားကြောင်း သိရသည်။
ထုတ်ဖော်ပြောဆိုချက်များအရ ယခုကာလ မိုးရာသီဝင်ရောက်လာချိန်တွင် ရှေ့တန်းစစ်ကြောင်းများ၌ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး စစ်သုံးပစ္စည်းများ စုဆောင်းပေးပို့နေခြင်းဖြစ်ကြောင်း ဆိုသည်။ ဗန်းမော်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ရေးတင်းမာမှုများ မြင့်တက်နေသည့် အခြေအနေတွင် ယခုလို ထောက်ပံ့မှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
Click here to claim your Sponsored Listing.
Category
Website
Address
Chanakya Place
Delhi
110045