The Rihli Voice

The Rihli Voice

Share

Photos from The Rihli Voice's post 30/06/2026

Chin Translator ကို ဖန်တီးသူ Pu Nung Lian Sum က AI နည်းပညာသင်ယူလိုသူများအတွက် Chinland InfoTech Academy ကို တည်ထောင်

01, JULY , 2026

Chin Translator ကို ဖန်တီးသူ Pu Nung Lian Sum သည် AI နှင့် နည်းပညာဆိုင်ရာ ပညာရပ်များကို သင်ယူလိုသူများ၊ အထူးသဖြင့် ချင်းလူငယ်များနှင့် ကျောင်းသားများအတွက် Chinland InfoTech Academy (CITA) အမည်ရှိ အခမဲ့ နည်းပညာသင်ယူရေးပလက်ဖောင်းကို တည်ထောင်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းက လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများကြောင့် ပညာရေးနှင့် နည်းပညာကျွမ်းကျင်မှု သင်ယူခွင့်များ လျော့နည်းနေသဖြင့် ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် CITA ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ ပလက်ဖောင်းတွင် မည်သူမဆို အခမဲ့ ဝင်ရောက်သင်ယူနိုင်ပြီး မိမိအဆင်ပြေသည့် အချိန်အတိုင်း Self-paced Learning ပုံစံဖြင့် လေ့လာနိုင်ကြောင်း သိရသည်။ Software များ ထည့် သွင်းရန်မလိုဘဲ Web Browser မှတစ်ဆင့် တိုက်ရိုက်အသုံးပြုနိုင်သည့်အပြင် Interactive Learning စနစ်၊ လက်တွေ့လေ့ကျင့်ခန်းများနှင့် Project များလည်း ပါဝင်ထားကြောင်း ဖော်ပြထားပါ သည်။

လက်ရှိတွင် AI အသုံးပြုပုံ၊ AI Concept၊ Web Development၊ Python Programming၊ SQL၊ R Programming၊ Machine Learning နှင့် Data Science ဘာသာရပ်များကို သင်ယူနိုင်ပြီး အနာဂတ်တွင် သင်ခန်းစာများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

သင်ခန်းစာများအတွင်း နားမလည်သည့်အချက်များကို AI အကူ အညီဖြင့် မေးမြန်းနိုင်ရန် စီစဉ်ထားပြီး လက်ရှိသင်တန်းများကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးနေသော်လည်း နောင်တွင် ချင်းဘာသာဖြင့်ပါ သင်ကြားပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုပါ သည်။

ထို့ပြင် Zoom မှတစ်ဆင့် Online သင်တန်းများကိုလည်း လိုအပ်သလို ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Chinland InfoTech Academy ၏ သင်တန်းများကို www.chinlandinfotech.com/training တွင် အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

News - SALAI RJ (Ref; Vapual Auaw)
Photo - Vapual Auaw

30/06/2026

မင်းတပ်အရှေ့ခြမ်းကို Y-12 ဗုံးကြဲလေယာဉ်ဖြင့် ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ဗုံးအလုံး ၄၀ ကျော် အသုံးပြု

30, JUNE , 2026

ဇွန်လ ၃၀ ရက်နေ့ ည ၇:၀၀ နာရီမှ ၇:၄၅ နာရီအတွင်း စစ်ကောင်စီ၏ တံတားဦးလေတပ်မှ Y-12 ဗုံးကြဲလေယာဉ်ဖြင့် မင်းတပ်မြို့ အရှေ့ခြမ်းရှိ နေရာတစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းများအရ Y-12 လေယာဉ်သည် ၂ လုံးတွဲ၊ ၃ လုံးတွဲနှင့် ၅ လုံးတွဲ ဗုံးများကို အသုံးပြုကာ စုစုပေါင်း ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၄၀ ကျော် ကြဲချခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု အခြေအနေများကို မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်​ကြောင်း ​ဒေသ သတင်း​တွေမှာ ​ဖော်ပြထားသည်။

News - SALAI RJ
Photo - Owner (Old Pic)

Want your business to be the top-listed Media Company in Aizawl?
Click here to claim your Sponsored Listing.

Address


Aizawl
0389