Israelkhai
israelkhai writes and speaks about Israel and the middle east, biblical history and personal growth from a scientific perspective, aiming to inspire and educate through motivational books and publications.
12/07/2025
Thudang a omkei leh, den ciang, Kawlgam hun 7:00 PM ciangin hih ih page pan hih anuai aa ‘Global Zomi Evangelism & Mission Fellowship’ a (2) vei kimuhkhopna, LIVE ni ei guai! A lunglutte kimu khawm ni aw!
22/06/2025
မနေ့က အမေရိကန်က အီရန်နိုင်ငံရဲ့ နျူကလီးယားစခန်းသုံးခုကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ Netanyahu က အစ္စရေးပြည်သူတွေကို သမ္မာကျမ်းစာပိုဒ်ကို ကိုးကားပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ချစ်ခင်လေးစားရပါသော အစ္စရေးနိုင်ငံသားများ၊ ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမတို့ခင်ဗျာ။
ကျွန်တော်တို့အားလုံး အတူတကွ Rising Lion စစ်ဆင်ရေးမှာ အစ္စရေးသမိုင်းတစ်လျှောက် မခံစားခဲ့ဖူးတဲ့ အောင်မြင်မှုကြီးတွေကို ရယူနိုင်ခဲ့ပါပြီ။
စစ်ဆင်ရေးအစကတည်းက ကျွန်တော်ခင်ဗျားတို့ကို ကတိတစ်ခုပေးခဲ့တာ မှတ်မိကြမှာပါ… အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို ရတဲ့နည်းလမ်းနဲ့ ဖျက်ဆီးပစ်မယ်လို့ ကျွန်တော် ကတိပေးခဲ့ပါတယ်။ အခု... အဲ့ဒီကတိအတိုင်း တည်ခဲ့ပါပြီ။
လွန်ခဲ့တဲ့ နာရီပိုင်းလေးကပဲ၊ ကျွန်တော်နဲ့ သမ္မတထရမ့်တို့အကြား အပြည့်အဝ ညှိနှိုင်းမှုတွေပြုလုပ်ပြီး၊ အစ္စရေးကာကွယ်ရေးတပ် (IDF) နဲ့ အမေရိကန်စစ်တပ်တို့အကြား အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အီရန်ရဲ့ နျူကလီးယားစခန်းသုံးခုဖြစ်တဲ့ ဖော်ဒို (Fordow)၊ နာတန်ဇ် (Natanz) နဲ့ အစ္စဖာဟန် (Isfahan) တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အမေရိကန်ဟာ IDF နဲ့ မော့ဆက် (Mossad) တို့ရဲ့ အီရန်နျူကလီးယားအစီအစဉ်အပေါ် တိုက်ခိုက်မှုတွေကို ပိုပြီးကြီးမားတဲ့အရှိန်အဟုန်၊ ပိုပြီးကြီးမားတဲ့အင်အားနဲ့ ဆက်လက်လုပ်ဆောင်ပေးခဲ့တာပါပဲ။ ဒီနျူကလီးယားအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေတဲ့အပြင် ကမ္ဘာကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးကိုလည်း အန္တရာယ်ဖြစ်စေခဲ့ပါတယ်။
စစ်ဆင်ရေးပြီးတာနဲ့ သမ္မတထရမ့်က ကျွန်တော့်ဆီ ချက်ချင်းဖုန်းခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စကားတွေ ပြောဖြစ်ခဲ့ကြတယ်။ သူက ကျွန်တော့်ကိုရော၊ ကျွန်တော်တို့စစ်တပ်ကိုရော၊ ကျွန်တော်တို့ပြည်သူတွေကိုပါ ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ကျွန်တော်ကလည်း သူ့ကို၊ အမေရိကန်လေယာဉ်မှူးတွေနဲ့ အမေရိကန်ပြည်သူတွေကို ပြန်လည်ဂုဏ်ပြုခဲ့ပါတယ်။
သမ္မတထရမ့်ဟာ အစ္စရေးရဲ့ အလွန်ကောင်းမွန်တဲ့ မိတ်ဆွေစစ်တစ်ယောက်ဖြစ်ပြီး၊ သူ့လိုမိတ်ဆွေမျိုး မရှိပါဘူး။ ကျွန်တော့်ကိုယ်စားရော၊ အစ္စရေးနိုင်ငံသားအားလုံးရဲ့ကိုယ်စား၊ ဂျူးလူမျိုးတစ်ရပ်လုံးရဲ့ ကိုယ်စား သူ့ကို အသည်းနှလုံးထဲကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်။
ကျွန်တော်သိပါတယ်။ အခု ကျွန်တော်ပြောနေတာဟာ ဒီမှာရှိတဲ့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ နှလုံးသားထဲက စကားသံတွေပါပဲ။
ကျွန်တော်တို့ အတူတကွ ရပ်တည်တယ်။ အတူတကွ တိုက်ပွဲဝင်တယ်။ ဘုရားသခင်ရဲ့မစမှုနဲ့ အတူတကွ အောင်ပွဲခံကြမယ်။ ဒီတစ်ပတ်ရဲ့ Torah ကျမ်းစာထဲမှာ ပါတဲ့အတိုင်းပါပဲ…
"ငါတို့ ချက်ချင်းပဲ ချီတက်ပြီး အပိုင်သိမ်းကြစို့။ ငါတို့မှာ အနိုင်ယူဖို့ အစွမ်းအစ အပြည့်အဝ ရှိနေပြီပဲ။" (တောလည်ရာကျမ်း ၁၃:၃၀) ဆိုတဲ့ စကားအတိုင်းပါပဲ။
~ Netanyahu
မိန့်ခွန်း အပြည့်အစုံ 🔗 https://youtu.be/nflsVp0ZASE?si=rH59Kx9-on8B5PyR
(Hebrew version) ဖြစ်နေတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Jerusalem