yuki

yuki

Share

26/03/2025

တချို့လူတွေ လက်မလွှတ်ဘူးဆိုတာ တကယ်ချစ်လို့မှ မဟုတ်ပဲ...

ကြင်နာလားဆိုတော့လဲ မကြင်နာဘူး ။ ဂရုစိုက်လားဆိုတော့လဲ ပိုပြီးတော့ ပစ်ထားတယ် ။ ချစ်ရဲ့လားဆိုတဲ့ မေးခွန်းတောင် မမေးဖြစ်တော့တဲ့အခြေအနေတွေမှာ လက်လွှတ်ပေးဖို့ကျပြန်တော့လဲ ခဲယဥ်းနေပြန်သေးတာလေ ။

တကယ်တော့... အစကတည်းကနေ သူက ချစ်ခဲ့တာမှ မဟုတ်တာ ပြီးတော့ ကျွန်မကို နှလုံးသားနဲ့ ရွေးခဲ့တာမှ မဟုတ်ပဲဟာ... ပစ်ထားချင်တဲ့ အချိန် ပစ်ထားလိုက်မယ် ဒါပေမယ့် သူလိုအပ်တဲ့အချိန် အမြဲတမ်း အသင့်ရှိနေဖို့သက်သက် ရွေးခဲ့တာ ။

ကိုယ်ကျနေတဲ့ မျက်ရည်တွေဆိုတာ သူ့အတ္တတွေကို အရောင်တင်ဖို့သက်သက်မှန်း တဖြေးဖြေး ပိုသိလာရတယ် ။ ကိုယ်နာကျင်ရတာတွေဟာ နာကျင်ရတာပဲ ရှိတယ် ဘယ်တော့မှ ပြန်လှည့်ဖို့ တွေးမှာ မဟုတ်သလို ဘယ်တုန်းကမှလဲ ပြန်လှည့်မကြည့်ခဲ့ပါဘူး။

သူ့အတွေးမှာ... ကိုယ်ဟာ သူပိုင်တဲ့ အရုပ်လေးတစ်ရုပ်လို အပိုင်ဝယ်ထားတဲ့ သက်မဲ့ ပစ္စည်းလေးတစ်ခုလိုပဲ သဘောထားထားမှန်း တဖြေးဖြေး သဘောပေါက်လာရတယ် ။ လက်မလွှတ်ခဲ့ဘူးဆိုတာကလဲ တခြားအရပ်မှာ ကျွန်မ ပျော်သွားမှာကို သိပ်ကြောက်ခဲ့ရုံပါ ။ သိပ်ချစ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ။

လိုချင်တာတွေ လိုအပ်တာတွေရှိလာရင်... ပြေးသတိရတတ်တာကလွဲရင် မရမက ဆက်သွယ်လာတတ်တာကလွဲရင် တကူးတက သတိရတယ်လို့တော့ ရှိမနေပါဘူး ။ မျက်ရည်တွေကျရင် မျက်ရည်လွယ်လိုက်တာဆိုပြီး အပြစ်တင်တတ်တာကလွဲရင် ဘာမှ ထူးခြားမသွားပါဘူး။

တချိန်တုန်းက... သိပ်ပင်ပန်းလို့ လှည့်ထွက်ဖို့ ခြေလှမ်းပြင်ခဲ့တုန်းပေါ့...မရမက ထွက်မသွားပါနဲ့ဆိုတဲ့စကားနဲ့ အတင်းဆွဲထားတဲ့ လက်က ကိုယ့်ကိုသိပ်ချစ်လို့မှ မဟုတ်ပဲ...
သူပိုင်တဲ့အရုပ်လေးတစ်ရုပ်ကို တစ်ခြားက ပိုင်သွားမှာ စိုးကြောက်နေတဲ့ အတ္တသက်သက်ပါ သူလိုအပ်တိုင်း အမြဲရှိနေတတ်တဲ့ လူတစ်ယောက် နောက်တစ်ခါ သူလိုအပ်တဲ့အခါ ရှိမနေတော့မှာ ကြောက်တဲ့ အတ္တ သက်သက်ပါ ။

သိပ်ချစ်လို့နေမှာပါဆိုပြီး အတွေးတွေလွန်ပြီး ရူးခဲ့ဖူးတဲ့ ကိုယ့်မှာ... တစ်နေ့ထက်တစ်နေ့ ပိုပြီး ဒုက္ခများရတာကလွဲလို့ ဘာမှ ရမလာတော့ပါဘူး ။ ပြီးတော့ ဒီအရပ်က ဘယ်နည်းနဲ့ဖြစ်ဖြစ် ပြေးထွက်ချင်မိတဲ့ စိတ်တွေကလွဲလို့ တခြား ဘာမှ ရှိမနေတော့ပါဘူး ။

တကယ်ပါ... ဒီလိုလူတစ်ယောက်မှာ အချစ်ဆိုတာ မရှိသလို သူ့အတွက် သူပဲ ကြည့်တတ်တဲ့ အတ္တတတစ်ခုပဲ ရှိတတ်မှန်း အချိန်တွေကြာလာလေလေ ပိုသိလာရလေလေမို့... အချိန်အရမ်းနောက်မကျခင် ကျွန်မ ပြေးထွက်ချင်မိပြီ ။

ပြီးတော့...သူကို😔

26/03/2025

ဘဝမှာ မလွဲချော်သင့်တဲ့ အရာ နှစ်ခုရှိတယ်
အိမ်ကိုပြန်တဲ့ နောက်ဆုံး ရထားရယ်
ကိုယ့်ကို အမှန်တကယ် အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။🍂

ခွင့် - Lin Lin
:𝖱𝖾𝗇

21/08/2023

အဆင်မပြေဘူးဆိုတိုင်း
အချစ်ရေးလို့မထင်နဲ့ အိမ်ကနှစ်ခွန်းလောက်ဆူလိုက်တာနဲ့ငိုပြီ ဒို့က🙁

21/08/2023

ခင်ဗျားက ကျွန်တော့်ရဲ့နွေဦးလေးပဲ
ခင်ဗျားရောက်လာတာနဲ့ ကျွန်တော့ကမ္ဘာတခုလုံး
ပန်းတွေပွင့်တော့တာပဲ။
#ဖရေဆန်

11/08/2023

ကိုကြီးက ချော့မှမချော့ပဲ😾

Want your business to be the top-listed Media Company in Ranchi?
Click here to claim your Sponsored Listing.

Category

Website

Address


Ranchi
YANGON