Oracle Box

Oracle Box

Share

04/11/2025

`နတ်ဘီလူးနှင့်လူတို့ပြဿသနာ´
မေး။။ဇာတ်နိပတ်များတွင်နတ်တို့နှင့်လူတို့တွေ့မြင်ကြပြီးစကားပြောကြသည်၊နတ်နှင်လူအိမ်ယာထောင်ကြသည်များကိုလည်းတွေ့ဖူးပါသည်။သို့သော်ယခုကာလမည်သည့်အကြောင်းကြောင့်နတ်ဘီလူတို့သည်လူတို့ကိုအတွေ့မခံအမြင်မခံစကားမပြောပဲနေကြသနည်း။
ဖြေ။။။ယခုဘဝတွင်ဖြစ်စေရှေးဘဝတွင်ကဖြစ်စေကျေးဇူးအထူးပြုဖူးခြင်း၊ရန်ငြိုးဖွဲ့ဖူးခြင်း၊ဂုဏ်ကျေးဇူးလွန်မြတ်ခြင်း၊တစုံနခုသောအကြောင်းထူးရှိမှအတွေ့မြင်ခံစကားပြောကြသည်။
ဇာတ်နိပတ်တို့တွင်လူသားနှင့်ဘီလူးတွေ့ကြသည်ဆိုသော်လည်းတဇာတ်နှင့်တဇာတ်နှစ်ပေါင်းထောင်သောင်းကြာဝေးသည်။
မြန်မာနိုင်ငံတွင်စူဠသမ္ဘဝ၊မဟာသမ္ဘဝတို့လက်ထက်ဘီီလူးနှင့်အိမ်ထောင်ပြုကြောင်းရာဇဝင်ကဆိုသည်။ပုဂံပြည်တွင်မိန်းမတယောက်ဘီလူးနှင့်အိမ်ယာထောင်၍သားတယောက်ရဖူးကြောင်းရှေးပညာရှိတို့ပြောကြ၏။
ပုဂံတရုတ်ပြေးမင်းလက်ထက်တရုတ်တို့နှင့်စစ်တိုက်၍ငဆောင်ချမ်းတပ်ပျက်သည်၊သရပါတံခါးစောင့်နတ်သည်ညအခါတရုတ်ပြေးမင်း၏ဆရာတော်ခြေကိုလှုပ်၍`အရှင်ဘုရားယခုငဆောင်ချမ်းတပ်ပျက်ချေသည်ကျွုနုပ်တို့နတ်ချင်းတိုက်ရာမှာလည်းကျွန်ုပ်ကိုမြှားမှန်လေသည်´´ဟုပြောကြောင်းရာဇဝင်းများကဆိုသည်။
ဤအချက်များကိုထောက်ထားပြီးဇာတ်နိပတ်ထဲတွင်သာလူနှင့်နတ်ဘီလူးတို့တွေ့မြင်စကားပြောကြသည်မဟုတ်၊မြန်မာနိုင်ငံတွင်လာ်းအနည်းငယ်တွေ့မြင်ရကြောင်းရှေးထုံးသက်သေရှိပေ၏။

#ဆရာတော်ခင်ကြီးဖျော်

Want your practice to be the top-listed Clinic in Ranchi?
Click here to claim your Sponsored Listing.

Telephone

Website

Address


Ranchi
11421