Colors

Colors

Share

21/08/2025

ကလေးတွေ စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့အခါ မိဘတွေ ဘာလုပ်သင့်သလဲ?

မင်္ဂလာပါရှင်။

Colors Page ကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

ကလေးရှိတဲ့မိဘအများစုအတွက် ပြဿနာတစ်ခုက ကလေးတွေရဲ့ ဒေါသပေါက်ကွဲမှုနဲ့ စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့ အပြုအမူတွေပါ။ အထူးသဖြင့် တောက်တောက်ပြေး Toddler အရွယ်မှာ အော်ဟစ်ငိုယိုတာ၊ ပစ္စည်းတွေ ပစ်ပေါက်တာလိုမျိုး ကြမ်းတမ်းတဲ့ အပြုအမူမျိုးတွေ လုပ်တတ်ကြပါတယ်။

ဒီလိုအပြုအမူတွေမြင်ရတဲ့အခါ မိဘတွေအနေနဲ့ စိတ်တိုစိတ်ပျက်ရပေမဲ့ ဒါတွေက ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တစ်ခုပါ။ သူတို့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမယ်၊ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို မသိသေးလို့ ဖြစ်တာပါ။

✔️ဒါကြောင့် ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို လေးစားပါ။

ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ရဖို့ဆိုတာ စိတ်ကျန်းမာရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုပါ။ ဒီလို ဖော်ထုတ်တဲ့နေရာမှာ မသင့်လျော်တဲ့ အပြုအမူ (Bad Behavior) တွေ ပါမလာအောင် ထိန်းကျောင်းပေးဖို့သာ လိုပါတယ်။

ဥပမာအားဖြင့် စိတ်အလိုမကျလို့ ခြေဆောင့်တာ၊ ငိုယိုအော်ဟစ်တာမျိုးဟာ ကလေးတွေရဲ့သဘာဝဖြစ်ပြီး အခြားသူတွေကို မထိခိုက်စေတာကြောင့် မလိုအပ်ဘဲ တားဆီးထိန်းချုပ်တာဟာ ကလေးကို အနိုင်ကျင့်တာဖြစ်ပါတယ်။

ဒီတော့ ဒီလိုအခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အကြံပြုချက်အချို့ကို မျှဝေပေးချင်ပါတယ်။

>>အရေးအကြီးဆုံးအချက်က ကလေးရဲ့ ခံစားချက်ကို နားလည်ပေးပါ၊ လက်ခံပေးပါ။

ကလေးစိတ်ဆိုးနေချိန်မှာ "သား ဒေါသထွက်နေတာ မေမေသိပါတယ်" လို့ ရိုးရိုးလေးပြောပေးတာက "စိတ်မတိုရဘူး" လို့ ပိတ်ပင်တာထက် ပိုထိရောက်ပါတယ်။ ဒီနည်းလမ်းက ကလေးကို သူ့ခံစားချက်တွေဟာ အရေးပါကြောင်းနဲ့ မိဘက နားလည်ပေးကြောင်း ခံစားရစေပြီးကိုယ်ပိုင်စိတ်ခံစားမှုတွေကို ထိန်းချုပ်တတ်အောင် သင်ကြားရာမှာလည်း အထောက်အကူပြုပါတယ်။

>>စကားလုံးတွေနဲ့ ဖော်ပြတတ်အောင် သင်ပေးပါ။

ကလေးက စိတ်အလိုမကျတဲ့အခါ "သားဒေါသထွက်နေတာလား? ဝမ်းနည်းနေတာလား? စိတ်ရှုပ်နေတာလား?" လို့မေးပေးပါ။ ဒီနည်းလမ်းက အော်ဟစ်‌ပေါက်ကွဲတာတွေအစား သူ့ခံစားချက်တွေကို စကားလုံးနဲ့ဖော်ပြတတ်အောင် ကူညီပေးပါလိမ့်မယ်။

>>စိတ်တည်ငြိမ်အောင် ကူညီပေးပါ။

ကလေးက စိတ်ဆိုးပြီး အငိုမရပ်နိုင်တဲ့အခါ စိတ်တည်ငြိမ်စေမယ့် နေရာတစ်ခုကို ခေါ်သွားပါ။ နွေးနွေးထွေးထွေး ပွေ့ဖက်ပေးတာမျိုး၊ သက်သောင့်သက်သာဖြစ်မယ့် နေရာမှာ ထိုင်ခိုင်းပြီး အသက်ပြင်းပြင်းရှူခိုင်းတာမျိုးလုပ်ပေးပါ။ ဒီအချိန်မှာ ကလေးကို အပြစ်တင်တာ၊ ဆူပူတာမျိုး လုံးဝမလုပ်ပါနဲ့။

>>ကြိုတင်ကာကွယ်ပါ။

ကလေးရဲ့ အမူအရာကို စောင့်ကြည့်ပြီး စိတ်ဆိုးတော့မယ့် အခြေအနေကို ကြိုသိအောင် ကြိုးစားပါ။ ဥပမာ- ကလေးဆိုတာ ဆာနေရင်၊ ပင်ပန်းနေရင် စိတ်တိုလွယ်ပါတယ်။ မဆာခင်ကျွေးတာ ပင်ပန်းနေပုံရရင် နားခိုင်းတာမျိုးလုပ်ပေးခြင်းက ဒေါသပေါက်ကွဲမှုကို ရှောင်ရှားနိုင်ပါတယ်။

ကလေးရဲ့ဒေါသဆိုတာ သူ့ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ မိဘတွေရဲ့ နားလည်မှု၊ စိတ်ရှည်မှုနဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုတွေက ကလေးကို သူ့ဒေါသကို ကောင်းကောင်းထိန်းချုပ်တတ်ဖို့ ကူညီပေးနိုင်ပါတယ်

မှန်ကန်တဲ့နည်းလမ်းနဲ့ ထိန်းကျောင်းပေးမှသာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပြီး ပျော်ရွှင်တဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းလာမှာပါ။

🫶🏻 ကလေးတို့ရဲ့ စိတ်ခံစားမှုကို ပိုမိုနားလည်နိုင်ပြီး မိသားစုဘဝ ပိုမိုပျော်ရွှင်ပါစေရှင်။

Colors

Japan Used Baby Stroller

Photos from Colors's post 09/08/2025

📣ထင်ထားတာထက် ပိုတန်တဲ့ဈေးနှုန်းနဲ့ရမယ့် Japan-used ကလေးပစ္စည်းများ🥳

✔ Baby Car Seats (၅ % to၂၀% အထိ လျှော့စျေး)– လုံခြုံစိတ်ချရတဲ့ ခရီးသွားလာမှုအတွက် နာမည်ကြီး Brand ကလေးကားထိုင်ခုံများ
✔ Baby Rockers – ကလေးငယ် သက်သောင့်သက်သာ အနားယူပျော်ရွှင်စေမယ့် သွား‌‌လေရာထည့်ယူလို့ရတဲ့ လှုပ်သိပ်လှည်းများ
✔ Baby Strollers – သွားလာရလွယ်ကူပြီး မိခင်ရော ကလေးပါ သက်တောင့်သက်သာရှိမယ့် သယ်ရလွယ်ကူတဲ့ ကလေးတွန်းလှည်းများ

✅ ပစ္စည်းတိုင်းကို သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးပေးပါသည်။
✅ Aprica, Kurutto, Combi အပါအဝင် နာမည်ကြီး Brand များ in stock ရရှိနိုင်ပါသည်။

💬အခုဘဲ Page မှာ message ပို့ပြီး စျေးနှုန်းမေးကြည့်လိုက်ပါ❣️

‼️Page chat box ကနေ စုံစမ်းမေးမြန်းဝယ်ယူနိုင်သလို

🏬ဘုရင့်နောင်လမ်းမကြီးပေါ် ရွာမကွေ့မီးပွိုင့်ထိပ်၊(2)ရပ်ကွက်
လှိုင်မြို့နယ်။
☎️09799895263 ကနေလည်း ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။

Want your business to be the top-listed Clothing Store in Ranchi?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bayint Naung Road
Ranchi