Aung Chan Thar Kitchen

Aung Chan Thar Kitchen

Share

09/03/2022

စင်္ကာပူမှာ လူကြိုက်အရမ်းများတဲ့ 🦀ဂဏန်းငရုပ်ကောင်းမွှေး အောင်ချမ်းသာမှာရပြီနော် 😍
ထောပတ်နဲ့ ငရုပ်ကောင်းအနံ့လေးက ခံတွင်းရှင်းစေပြီး ချိူစိမ့်စိမ့်အရသာလေးက ဂဏန်းရဲ့ အချိုအရသာကိုနောက်တဆင့်မြှင့်တင်ပေးလိုက်လို့ မြည်းကြည့်စေချင်ပါတယ်။ ၃ ကောင်တစ်ပွဲ ၄ ကောင်တစ်ပွဲဆိုပြီး စျေးနှုန်းချိုသာစွာနဲ့မှာယူနိုင်ပါပြီ။ တာမွေအဝိုင်းထိပ်က ဆိုင်မှာ ကိုယ်တိုင်လာဝင်ယူလို့ရသလို ရန်ကုန်တွင်းလည်းပို့ဆောင်ပေးနေပါတယ် 🥰
ဂဏန်းနဲ့အတူ မတူတဲ့အထိအတွေ့နဲ့အရသာကို ပေးစွမ်းနိုင်တဲ့ ကင်းပုစွန်းကြီးတွေဆိုရင်လည်း အခုနေမှာရင် နှစ်ကောင်ဝယ် တစ်ကောင်လက်ဆောင်အစီအစဉ်ရှိနေသေးတာမို့ တခါတည်းမှာယူပြီး အိမ်လုပ်အချဉ်အနှစ်လေးနဲ့ enjoy လိုက်ပါ...

📞09798447448 , 09266266771
အောင်ချမ်းသာ စားသောက်ဆိုင်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေ အဝိုင်းထိပ် (ရွှေညောင်ပင်ဒံပေါက်ဘေး)

30/01/2022

Chinese New Year special ချိုစိမ့်သက်နေတဲ့အရသာသစ်နဲ့ ကင်းပုစွန်ခေါက်ဆွဲ အထူးစျေးနှုန်းနဲ့ မှာယူနိုင်ပါပြီ။

ပုံထဲကအတိုင်းအသားပြည့်ကင်းပုစွန်ကြီးတွေနဲ့ ကြက်ဥခေါက်ဆွဲကို Chinese Style ပြင်ဆင်ပေးထားတာပါ... အရသာထူးကဲအောင်ချက်ထားပြီး စားပီးရင်းကိုထပ်ထပ်ထပ်ထပ်စားချင်စေမှာနော် ..အပြောမဟုတ်ဖူးနော် တကယ် တကယ် 😉
စျေးနှုန်းက
ကင်းပုစွန်အကိတ် ၁ ကောင်နဲ့ခေါက်ဆွဲ ~ ၁၂၀၀၀
ကင်းပုစွန် အကိတ် ၂ ကောင်နဲ့ခေါက်ဆွဲ ~ ၂၂၀၀၀ကျပ်
ကင်းပုစွန်တစ်ကောင်ကိုပဲ ပုံမှန်စျေး ၉၅၀၀ ဆိုတော့အရမ်းကိုတန်နေပါပြီ 😍
ဒီရက်ပိုင်းပဲ အတွက်ပဲစီစဉ်ထားတဲ့ Chinese New Year Special sale မို့လို့ လက်မလွတ်စေနဲ့နော်! တစ်ရက် (သို့) မနက်ခင်းလောက်ကတည်းက ကြိုမှာပေးဖို့ request 🙏
အယ်လကိုဟောလေးတော့အနည်းငယ်လေးပါပါမယ်။

တာမွေအဝိုင်းထိပ်က ဆိုင်မှာလာယူလို့ရသလို အိမ်အရောက်လည်း delivery ပို့ဆောင်ပေးနေပါတယ်။ အသောက်လေးနဲ့ အရွက်ကြော်တွေပါ တွဲမှာချင်ရင်လည်းရပါသေးတယ်။
ဖုန်းနဲ့ပဲဖြစ်ဖြစ် messenger ကနေပဲဖြစ်ဖြစ် Hi 🙋‍♂️ လိုက်ပါ။
📲09798447448
Happy Chinese New Year 🧧

14/01/2022

နိုင်ငံခြားပို့ quality ကင်းပုဇွန်ရှယ်ကိတ်ကြီးတွေ Weekend Promotion❗️
အကောင်ရေအကန့်အသတ်နဲ့မို့လို့ မြန်မြန်လေးမှာပေးနော်🥰
နိူင်ငံခြားမှာဆို စားသောက်ဆိုင်ကြီးတွေနဲ့ Hotel ကြီးတွေမှာပဲရတဲ့ ကင်းပုဇွန်တွေကို တစ်ကောင် ၉၅၀၀ နဲ့သာ အကောင်းဆုံး ပြင်ဆင်ရောင်းချပေးနေပါပြီ။ ဒီနေ့နဲ့ မနက်ဖြန်မှာမယ်ဆိုရင် တစ်ကောင် ၈၅၀၀ နဲ့ရမဲ့အပြင် ၂၅၀၀၀ ဖိုးနဲ့အထက်မှာယူပါက ရန်ကုန်တွင်း အခမဲ့ပို့ဆောင်ပေးနေပါပြီ။
ကင်းပုဇွန်စားပြီးရင် တခြားပုဇွန်တွေမတိုးတော့ဘူးပြောကြတယ်😍 အသားလေးတွေဆိုတာ ချိုစိမ့်ပြီး အိညက်နေရော! ခေါင်းကနေ အမှီးထိ အသားချည်းပါပဲ... ဂဏန်းလက်မနဲ့ခပ်ဆင်ဆင် အရသာချိုစိမ့်ပြီး စားလို့အင်မတန်ကောင်းတဲ့ ကင်းပုဇွန် အကင် နဲ့ အကြော်ကို အိမ်လုပ်အချဉ်ရည်လေးနဲ့ပါဆိုတော့ ရှလွတ်😋 အကင်၊ အကြော်၊ ချဉ်စပ်ချက် ကြိုက်တာမှာယူလို့ရပါတယ်။

အသောက်လေးပါ တွဲမှာချင်လည်းရတယ်နော် ... 09798447448 ကိုဆက်သွယ်မှာယူနိုင်သလို တာမွေအဝိုင်းထိပ်က အောင်ချမ်းသာ မှာလည်း လာရောက်ဝယ်ယူနိုင်ပါတယ်။

#ကင်းပုဇွန်

10/01/2022

ဒါက စကွစ်ဂိမ်း တော့မဟုတ်ဖူး ကင်းဂိမ်း 😉 ဂိမ်းကစားပီး ကင်းပုစွန်လက်ဆောင်၊ -20% နဲ့ Free Deli ရယူကြရအောင်
နံပါတ်ရွေးတာမှားရင်တော့အသေမသတ်ဖူးနော် အဲ.. မှန်ရင်တော့အားလုံးကို လက်ဆောင်တွေ လျှော့စျေးတွေပေးပစ်လိုက်မှာ ⭐
️အဲ့တော့ ပုံထဲက ကင်းဖြစ်ဖို့ကို ဘယ်နံပါတ်တွေရွေးမလဲ 🤔??? အဖြေမှန် ၃ ခုဘယ်ဟာဖြစ်မလဲ မန့်သွားပေးလိုက်ပါ ... အဖြေမှန်တဲ့ နံပါတ်တစ်ခုချင်းစီမှာ Offer တစ်ခုချင်းစီရှိနေပြီးတော့ အဖြေမှန်တဲ့သူက ကင်းပုစွန်မှာယူမယ်ဆိုရင် ကိုယ်မှန်ထားတဲ့ နံပါတ်တွေထဲက ကြိုက်တဲ့ တစ်ခုရဲ့ Offer ခံစားခွင့်တွေရမှာပါ။ တစ်ခုပဲမှန်လည်း အဲ့တစ်ခုအတွက် Offer ကိုခံစားရမှာပါ။
Offer ၃ ခုက... (နံပါတ်တွေတော့ထည့်မပြောသွားဖူး တော်ကြာအဖြေပေါ်သွားမှ 😁)
- ၃ ကောင်ယူ တစ်ကောင်လက်ဆောင်
- 20% Discount
- ရန်ကုန်တွင်း ပို့ဆောင်ခ အခမဲ့တို့ပဲဖြစ်ပါတယ်!
ပုံလေးတွေက ဆင်တူရိုးမှားလေးတွေဆိုတော့ မျက်စိရှင်ရှင်ထားရွေးနော် 😉မန့်ထားတဲ့သူတစ်ယောက်ချင်းစီကို အဖြေမှန်လေးတွေပို့ပေးလိုက်မယ်နော 😉
ကင်းပုစွန်တွေက ရှားပြီး တော်တော်လေးကိုနူးနူးညံ့ညံ့နဲ့ အင်မတန်စားကောင်းပါတယ်။ ကင်းပုစွန်စားပြီးရင် တခြားပုစွန်တွေမတိုးတော့ဘူးပြောနေကြတာ 😍
ရှယ်ကိတ် အရည်အသွေးကောင်းတဲ့ ကင်းပုစွန်တွေကိုမှာယူမယ်ဆိုရင်တော့ 09798447448 ကိုသာဖုန်းဆက်လိုက်ပါ။ ကင်းပုစွန်တွေကို အကြော်၊ မီးဖုတ် နဲ့ ချဉ်စပ်ချက်လေး လုပ်ပေးပါတယ်။ ဘယ်ဟာကောင်းလဲမေးရင်တော့ အဖြေမရှိလို့ပါ အကုန်လုံးကိုကြိုက်နေတော့တာကိုး 😁

ဆိုင်နေရာ: တာမွေအဝိုင်းထိပ် ရွှေညောင်ပင်ဒံပေါက်အနီး

#ကင်းပုစွန်

Want your restaurant to be the top-listed Restaurant in Ranchi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ် (၁၄) အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအဝိုင်းထိပ်၊ တာမွေမြို့နယ်။
Ranchi
11211