ConvaTec Myanmar

ConvaTec Myanmar

Share

09/03/2024

လူတိုင်းနီးပါးက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာတွေ ရဖူးကြမှာပါ။

အရေပြားထိခိုက်ဒဏ်ရာတွေဆိုတာ သေးသေး၊ ကြီးကြီး သေချာဂရုမစိုက်ရင် အနာကျက်ဖို့ကြာပြီး ပိုးဝင်ဖျားနာနိုင်ခြေများလို့ မပေါ့ဆသင့်ပါဘူး။ 💁
---

ထိခိုက်ဒဏ်ရာတွေကို အမြန်သက်သာ ပျောက်ကင်းစေဖို့အတွက်ဆိုရင် Duoderm Hydroactive Gel ကို အားကိုးလိုက်ပါ။ 🤗

Duoderm Hydroactive Gel က —

🔹အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်အပြည့်အဝ ရစေတယ်။
🔹ပိုးဝင်နိုင်ခြေ လျော့နည်းစေတယ်။
🔹အနာကျက် မြန်စေတယ်။
🔹အသားတက် မြန်စေတယ်။
🔹နာကျင်မှုကို သက်သာစေတယ်။
🔹ရောင်ရမ်းမှု လျော့ကျစေတယ်။
🔹လိမ်းရလွယ်ကူပြီး ဖယ်ရှားရလွယ်ကူတယ်။
🔹ဆဲလ်သေတွေနဲ့ ပြည်တွေကို စုပ်ယူဖယ်ရှားပေးတယ်။

အဲ့လိုအာနိသင်တွေရှိတဲ့ Duoderm Hydroactive Gel ကို —

🔹ထိခိုက် ပွန်းပဲ့ဒဏ်ရာ
🔹အိပ်ရာနာ
🔹ဆီးချိုအနာ
🔹ပြည်တည်နာတွေမှာ အသုံးပြုနိုင်ပါတယ်။

✅ ထိခိုက်ဒဏ်ရာတွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေမဖြစ်ဘဲ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ဆို Duoderm Hydroactive Gel ကို သတိရလိုက်ပါ။


#အနာ

09/02/2024

Duoderm Hydroactive Gel
-------------------------------
* ခြောက်သွေ့သောအနာအတွင်းရှိ ဆဲလ်သေများနှင့် ပိုးမွှား၊ ပြည်ဖတ်များကို စုပ်ယူဖယ်ရှားပေးရန် ကူညီပေးခြင်း (Autolytic Debridement) နှင့် ခြောက်သွေ့သောအနာများကို အသားတက်မြန်စေသော Gel

* ခြောက်သွေ့နေသောအနာများ (Dry Wound)၊ အရေပြားဆဲလ်သေများရှိသောအနာ (Necrotic)၊ ပြည်ဖတ်များ အမြစ်များဖြင့် ခဲနေသောအနာများ (sloughy)၊ အသားတတ်နှေးသောအနာများ (Granulating) တွင် သုံးနိုင်သည်။

* ⛔️အရည်ထွက်များသောအနာများတွင် သုံးရန်မသင့်တော်ပါ။⛔️

01/01/2024

ဝမ်းအိတ်ဝတ်ဆင်ထားရလို့ လှုပ်ရှားရမလွတ်လပ်တာ၊ အဝတ်အစားတွေအောက်မှာ ဖောင်းနေတာမျိုးဖြစ်မှာ စိတ်ပူနေပါသလား...❓

-----
ရိုးရိုးရှင်းရှင်းနဲ့ ပုံမှန်လူနေမှုဘဝအတိုင်းပဲရှိစေမယ့် ဝမ်းအိတ်ဆိုရင်တော့ Active life One Piece ဝမ်းအိတ်ရှိပါတယ်။

One Piece ဝမ်းအိတ်က ရိုးရိုးရှင်းရှင်းနဲ့ ဝတ်ဆင်ရလွယ်ပြီး လိုက်လျောညီထွေမှုရှိလို့ အဝတ်အစားတွေအောက်မှာ နေရာသိပ်မယူဘဲ ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်နေမှာပါ။

အောက်ခံအပြားနဲ့ ဝမ်းအိတ်တစ်ဆက်တည်းဖြစ်လို့ လှုပ်လှုပ်ရှားရှားလုပ်ရင်တောင် ဝမ်းအိတ် ကျွတ်ထွက်သွားမှာ ပူစရာမလိုပါဘူး။

ဝမ်းပေါက်နဲ့ကွက်တိဖြစ်အောင် အောက်ခံပြားကိုလိုသလို ဖြတ်တောက်အသုံးပြုလို့ရလို့ အံဝင်ခွင်ကျဖြစ်နေတဲ့ဝမ်းအိတ်နဲ့အတူ သက်တောင့်သက်သာရှိမှုနဲ့ စိတ်လုံခြုံမှုအပြည့် ခံစားရမှာပါ။

✅ ရိုးရိုးရှင်းရှင်း One Piece ဝမ်းအိတ်နဲ့အတူ စိတ်လုံခြုံမှုအပြည့်နဲ့ ပုံမှန်လူနေမှု ဘဝကိုရယူလိုက်ပါ။


#ဝမ်းအိတ်

16/12/2023

လှုပ်ရှားမှုများတဲ့ နေရာတွေမှာဒဏ်ရာရလို့ ဒဏ်ရာမြန်မြန်ပြန်မကောင်းမှာ စိတ်ပူနေရပြီလား...❓
-----------

ဒဏ်ရာကို ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ရောဂါပိုးမွှားတွေမဝင်အောင် သေချာဖုံးအုပ်ထားပြီး လုံလောက်တဲ့အစိုဓာတ်ရှိမှ အနာကျက်မြန်တာပါ။

အလှုပ်အရှားများတဲ့ ‌လက်တွေ၊ ခြေထောက်တွေနဲ့ အဆစ်နေရာတွေမှာ ဒဏ်ရာရရင် အချို့ အနာကပ်ပလာစတာတွေက အကြာကြီးကပ်မနေနိုင်တာ၊ အနည်းငယ်ကွာပြီး သေချာမဖုံးအုပ်နိုင် တာကြောင့် ဒဏ်ရာကျက်နှေးနိုင်ပါတယ်။ 🧑‍⚕️

အဲ့လိုပြဿနာတွေမဖြစ်ဖို့အတွက်ဆို Duoderm CGF အနာကပ်ပလာစတာရှိပါတယ်။

👉 အရည်အထွက်များတဲ့ အနာတွေကို‌တောင် ခိုင်မြဲစွာဖုံးအုပ်နိုင်အောင် ထုတ်လုပ်ထားလို့ ဘယ်လိုဒဏ်ရာမျိုးမဆို သေချာကပ်ထားနိုင်ပါတယ်။

👉 လှုပ်ရှားမှုများတဲ့နေရာနဲ့ အဆစ်တွေနားမှာကပ်ရင်လည်း မြဲမြံတာမို့ အလှုပ်အရှား၊ အကွေးအဆန့်တိုင်းကို ယုံကြည်မှုရှိစွာနဲ့ သက်တောင့်သက်သာ ပြုလုပ်လို့ရစေပါတယ်။

👉 ဒဏ်ရာကျက်ဖို့ လိုအပ်တဲ့အစိုဓာတ်ကိုလည်း ထိန်းပေးလို့ ဒဏ်ရာအမြန်ဆုံး သက်သာစေပါတယ်။

✅ ဒဏ်ရာတွေအမြန်ဆုံးသက်သာဖို့နဲ့ အကွေးအဆန့်တိုင်းမှာ သက်တောင့်သက်သာဖြစ်ဖို့ဆို Duoderm CGF ကိုသတိရလိုက်ပါ။

28/11/2023

အူမကြီးကင်ဆာကို ခွဲစိတ်ကုသပြီးလို့ ပျောက်ကင်းသွားပြီထင်ပြီး ပေါ့ပေါ့ဆဆနေမိနေပြီလား...❓

-------

အူမကြီးကင်ဆာဖြစ်လို့ Colostomy လုပ်ထားတဲ့လူတွေအနေနဲ့ဆို ကျန်းမာရေးစစ်ဆေးမှုပုံမှန် ခံယူဖို့အရေးကြီးပါတယ်။ 🧑‍⚕️

ကင်ဆာဖြစ်နေတဲ့ အူမကြီးအစိတ်အပိုင်းကို အောင်မြင်စွာ ခွဲစိတ်ဖြတ်တောက်လိုက်ရင်တောင် ကင်ဆာပြန်ဖြစ်နိုင်ခြေရှိသေးလို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ အရေးကြီးတာပါ။

ဖြစ်ပွားခဲ့တဲ့ကင်ဆာအဆင့်၊ ကင်ဆာအကျိတ်ရဲ့အရွယ်အစား၊ အခြားရောဂါအခံများ၊ အသက်အရွယ်နဲ့ ကိုယ်အလေးချိန်များခြင်းတို့က အူမကြီးကင်ဆာပြန်ဖြစ်နိုင်စွမ်းကို သက်ရောက်မှုရှိပါတယ်။

အူမကြီးကင်ဆာပြန်ဖြစ်နှုန်းက (၃၀)ကနေ (၄၀)ရာခိုင်နှုန်းကျော်ထိရှိလို့ မပေါ့ဆဘဲ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ ရက်ချိန်းသေချာ ပုံမှန်ပြသစစ်ဆေးရပါမယ်။

ခွဲစိတ်ပြီးစ (၂)နှစ်၊ (၃)နှစ်အတွင်းမှာ အူမကြီးကင်ဆာပြန်ဖြစ်နှုန်း ပိုမြင့်လို့ အစပိုင်းမှာတော့ (၃)လတစ်ခါ၊ (၆)လတစ်ခါစသည်ဖြင့် မကြာခဏရက်ချိန်း ပြန်ပြရပါလိမ့်မယ်။

(၅)နှစ်ကျော်တဲ့ထိ ကင်ဆာပြန်မဖြစ်ဘူးဆိုရင်တော့ ပြန်ဖြစ်နိုင်ခြေအတော်နည်းသွားပါပြီ။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူဖို့တော့ မမေ့ပါနဲ့။

အူမကြီးကင်ဆာ ပြန်ဖြစ်တယ်ဆိုရင်တောင် စောစီးစွာသိရှိရင် ကုသမှုသေချာပြန်လုပ်နိုင်တဲ့အတွက် ပျောက်ကင်းနိုင်ခြေပိုများပါတယ်။

ဆေးပညာတွေတိုးတက်လာတာနဲ့အမျှ အူမကြီးကင်ဆာကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ပြီး ပုံမှန်အတိုင်း ရှင်သန်နေထိုင်နေကြတဲ့ လူနာတွေအများကြီးရှိပါတယ်။

အရေးကြီးတာက ရောဂါကိုစောစီးစွာသိရှိပြီး စောစီးစွာ ကုသမှုခံယူနိုင်ဖို့ပါပဲ။ 🧑‍⚕️

အနှစ်ချုပ်ပြောရရင်တော့ အူမကြီးကင်ဆာကပြန်ဖြစ်နိုင်လို့ ခွဲစိတ်မှုခံယူပြီးရင်တောင် မပေါ့ဆဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူဖို့ မမေ့ကြပါနဲ့နော်။



#အူမကြီးကင်ဆာ

18/11/2023

ဆီးအိတ်စဝတ်ဆင်ရတဲ့လူတွေအနေနဲ့ဆို ဝတ်နေကျမဟုတ်တာကြောင့် အခက်အခဲတွေကြုံရတတ်ပါတယ်။ 💁
------

လူနာအများစုက ဆီးအိတ်နဲ့ လှုပ်ရှားရခက်မှာ၊ အနံ့အသက်ထွက်မှာ၊ ယိုစိမ့်မှုဖြစ်မှာကို စိတ်ပူတတ်ကြပါတယ်။

အနံ့အသက်ကင်းပြီး ယုံကြည်မှုအပြည့်နဲ့လှုပ်ရှားနိုင်စေမယ့် ဆီးအိတ်ဆိုရင်တော့ ConvaTec ရဲ့ Urostomy Bag ဆီးအိတ်ရှိပါတယ်။ 🤗

ConvaTec ဆီးအိတ်က အရည်အသွေးမြင့်ပစ္စည်းတွေကိုပဲ သုံးထားတာဖြစ်လို့ အရေပြားထိခိုက်မှုမရှိဘဲ အနံ့အသက်ကင်းလို့ ယုံကြည်စိတ်ချရမှုအပြည့်ရစေပါတယ်။

ပေါ့ပါးပြီး တပ်ဆင်အသုံးပြုရလွယ်ကူတဲ့အပြင် ပုံမှန်အဝတ်အစားတွေအောက်မှာ သိသာမှုမရှိအောင်ဝတ်လို့ရပြီး လှုပ်ရှားမှုတွေကိုလည်း အနှောင့်အယှက်မပေးပါဘူး။

ဆီးတွေအပေါ်ဆန်တက်မလာအောင် တားဆီးပေးတဲ့ Anti-Reflux အဆို့ပါလို့ ဝမ်းပေါက်ကနေ ဆီးယိုစိမ့်မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဆီးအိတ်အောက်က အဖွင့်အပိတ်လုပ်နိုင်တဲ့ အပေါက်ကနေ အလွယ်တကူဆီးတွေ စွန့်ပစ်လို့ရလို့ ဆီးအိတ်ကြောင့်ဝန်ပိတာမျိုးမရှိဘဲ အနံ့အသက်စွဲနေတာမျိုးလည်း ကင်းစေပါတယ်။

✅ ဆီးအိတ်ဝတ်ဆင်သူတိုင်း အဆင်ပြေချောမွေ့ပြီး အနံ့အသက်ကင်းကင်းနဲ့ ယုံကြည်မှုအပြည့်ရှိစေဖို့ဆို ConvaTec ရဲ့ Urostomy Bag ဆီးအိတ်ကိုသတိရလိုက်ပါ။



#ဆီးအိတ်

12/11/2023

ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်မှာရှိတဲ့ ဆဲလ်တွေကသန္ဓေပြောင်းပြီး အဆမတန်ပွားများလာလို့ဖြစ်ရတဲ့ ကင်ဆာပါ။ 🧑‍⚕️

------
ဆီးအိမ်ကင်ဆာကို အစောပိုင်းအဆင့်မှာတင် ခံစားရတဲ့လက္ခဏာတွေကြောင့် စောစောသိရှိလေ့ရှိပြီး စောစောကုသရင် ပျောက်ကင်းနိုင်ခြေများပါတယ်။

ဒါပေမယ့် ဆီးအိမ်ကင်ဆာက နောက်ထပ်ပြန်ဖြစ်တတ်တဲ့အတွက်ကြောင့် ဆီးအိမ်ကင်ဆာမဖြစ်အောင် ကြိုတင်ဂရုစိုက်ကာကွယ်တာ အကောင်းဆုံးပါပဲ။

ဆီးအိမ်ကင်ဆာဖြစ်ရင် ခံစားရတဲ့လက္ခဏာတွေကတော့ —
🔹ဆီးထဲတွင် သွေးစပါခြင်း
🔹ဆီးသွားစဉ်နာကျင်ခြင်း
🔹မကြာခဏဆီးသွားခြင်း
🔹ခါးနှင့် နောက်ကျောနာကျင်ခြင်း စတာတွေပဲဖြစ်ပါတယ်။

‼️ဆီးအိတ်ကင်ဆာဖြစ်စေသော အကြောင်းရင်းများ

ဆီးအိမ်ဆဲလ်တွေကိုသန္ဓေပြောင်းစေတဲ့ အကြောင်းရင်းအတိအကျမသိရပေမယ့် ရောဂါဖြစ်နိုင်ခြေပိုများစေတဲ့ အကြောင်းရင်းတွေကတော့ —

🔹ဆေးလိပ်သောက်ခြင်း
🔹အသက်ကြီးလာခြင်း
🔹အမျိုးသားဖြစ်ခြင်း
🔹အချို့သောဓာတုပစ္စည်းများနှင့် ထိတွေ့မှုများခြင်း
🔹နာတာရှည် ဆီးအိမ်ရောင်ရမ်းခြင်း
🔹မျိုးရိုးထဲတွင် ဆီးအိမ်ကင်ဆာဖြစ်သူရှိခြင်း
🔹ကင်ဆာကုသမှုခံယူဖူးခြင်းတို့ပဲ ဖြစ်ပါတယ်။

‼️စစ်ဆေးကုသခြင်း
ဆီးအိမ်ကင်ဆာစစ်ဆေးရန်အတွက်

🔹ဆီးစစ်ခြင်း
🔹ဆီးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းကြည့်ခြင်း
🔹ဆီးလမ်းကြောင်းတွင် အသားပိုတွေ့လျှင် အသားစစစ်ဆေးခြင်းတို့ဖြင့် ရောဂါစစ်ဆေးနိုင်ပါတယ်။

ဆီးအိမ်ကင်ဆာကုသဖို့အတွက် ကင်ဆာ‌အခြေအနေအလိုက် ကင်ဆာကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ခွဲစိတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ဆီးအိမ်ကင်ဆာကို ကုသပြီးရင်တောင် နောက်ထပ်ပြန်ဖြစ်နိုင်သေးလို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူဖို့အရေးကြီးပါတယ်။ 🧑‍⚕️

‼️ကြိုတင်ကာကွယ်ခြင်း
ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေရန်အတွက်
🔹ဆေးလိပ်ဖြတ်ပါ။
🔹အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်းရှောင်ပါ။
🔹အာဟာရပြည့်ဝအောင် စားသောက်ပါ။
🔹ရေများများသောက်ပါ။
🔹ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူပါ။
🔹ဆီးအိမ်ကင်ဆာဖြစ်ရင်လည်း ဆရာဝန်နဲ့သေချာပြသပြီး စောစီးစွာကုသမှုခံယူပါ။

အခုလောက်ဆို ဆီးအိမ်ကင်ဆာအကြောင်းပိုသိသွားလောက်မယ် ထင်ပါတယ်နော်။🤗




#ဆီးအိမ်ကင်ဆာ

Want your practice to be the top-listed Clinic in Ranchi?
Click here to claim your Sponsored Listing.

Category

Telephone

Address


DKSH (Myanmar)
Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00