Praha Revolution Thingyan

Praha Revolution Thingyan

Sdílet

13/04/2026

ကျေးဇူးတင်လွှာ

ပရာဟာတော်လှန်သင်္ကြန်ပွဲတော်အား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

ပရာဟာမြို့နှင့်တကွ ချက်သမ္မတနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက် ဝန်းရံကြသော မြန်မာအသိုက်အဝန်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

ဆက်လက်၍ ရန်ပုံငွေပွဲမှ လှုဒါန်းရရှိငွေများ၊ လှုဒါန်းမှုများကို ဆက်လက်တင်ပြသွားပါမည်။

09/04/2026

ပရာဟာတော်လှန်သင်္ကြန် ကျင်းပဖို့ ၂ ရက်သာ လိုပါတော့တယ်။

အိမ်အလွမ်းပြေ လာကြ လာကြ။
မုန့်အစုံရှိမယ်၊ ဖျော်ဖြေရေးကဏ္ဍတွေရှိမယ်။ အားလုံး ၁၂ ရက်နေ့ ဆုံကြမယ်နော်။

Date: 12th April 2026
Time: 13:00 to 15:30
Venue: CHVALSKÁ STODOLA
Na Chvalské tvrzi 857 Praha 9 - Horní Počernice

၂၀၂၆ ခုနှစ် ပရာဟာ တော်လှန်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအသောက်များ၊ မြန်မာနှင့် တိုင်းရင်းသား ရိုးရာ အကနှင့် ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပရာဟာ တော်လှန်သင်္ကြန်စျေးရောင်းပွဲမှ ရရှိသည့် ရံပုံငွေများအား မြန်မာနိုင်ငံတွင်း စစ်ဘေးရှောင်နေရသူများအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

30/03/2026

ပရာဟာသင်္ကြန်က စျေးရောင်းပွဲမှာ မြန်မာအငွေ့အသက်တွေကို ပြန်လည်ခံစားရင်း အိမ်အလွမ်းဖြေလို့ရပါတယ်။

လမ်းထိပ်က သင်္ကြန် စတုဒီသာမှာ ကြာဇံချက်စားဖူးလား? အားလုံးနဲ့ တူတူ ပျော်စရာနော့်။

ပရာဟာသင်္ကြန် ရံပုံငွေစျေးရောင်းပွဲမှာ ကြာဇံချက်ဆိုင်လည်း ရှိပါမယ်။ ဆီထမင်း၊ ပဲပြုတ်နဲ့ လက်ဖက်ရည်လည်း ရပါမယ်။ အားလုံးကို လာဖို့ ဖိတ်ခေါ်ပါတယ်။

ရံပုံငွေ စျေးရောင်းပွဲမှာ အစားအသောက်ရောင်းရင်း ပါဝင်ကူညီလိုပါက အောက်ပါ post မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

https://www.facebook.com/share/p/1GfWgaDW2s/?mibextid=wwXIfr

သင်္ကြန်ပွဲ မှာဆုံကြမယ်နော်

Chcete, aby vaše organizace byla nahoře v seznamu automobilových společností ve měste Nezisková Organizace?
Klikněte zde pro získání vašeho sponzorovaného zápisu.

Internetová stránka

Adresa


Skautský Institut Na Staromáku
Praha