Angela Tun

Angela Tun

Share

01/12/2025

Reason or Season

2023 တုန်းက ခရစ္စမတ် ရောက်ခါနီး ရေဒီယိုနားထောင်နေတော့ နဲ့ ရေဒီယို တင်ဆက်သူ နှစ်ယောက်က ဒီနေ့တော့ ခရစ္စမတ်အကြောင်းပြောမယ် ဆိုပြီး စလာတော့ ကိုယ်လဲ စိတ်ဝင်စားပြီး နားထောင်ဖြစ်တယ်။
တစ်ယောက်ရဲ့ နာမည်က ချာလီ၊ နောက်တစ်ယောက်နာမည်က ဟယ်ရီတဲ့။

ဟယ်ရီကစပြောတယ် ငါအခု ခရစ္စမတ်ခံစားချက်စဖြစ်နေပြီ ငါ့ပုံက ခရစ္စမတ်ကြိုက်တဲ့ လူနဲ့တော့ မတူဘူး အိမ်က ဧည့်ခန်းကိုလဲ အလှမဆင်ရသေးပေမယ့် ခရစ္စမတ်ခံစားချက် အရမ်းပြင်းပြ နေတယ် လို့ပြောတော့

ချာလီက သူ့ကိုပြန်ပြောတယ်
ငါကတော့ လက်ရှိ အော်စတေးလျ မှာဆိုတော့ နေပူစာလှုံ နေတော့(အော်စတေးလျ က ဒီဇင်ဘာဟာ နွေရာသီ အချိန်ဖြစ်ပါတယ်) ဗြိတိန် တွေ အတွက် ခရစ္စမတ်ပွဲတော် လိုကိုလိုတယ်။ ဒီလောက်အေးတဲ့ ရာသီ ဥတုကို ကောင်းကောင်းကျော်ဖြတ်နိုင်ဖို့ ပွဲတော်လုပ်ကိုလုပ်ရမယ်လေ တဲ့။ အေးလွန်းလို့ စိတ်တွေပါ ညစ်ရတဲ့အချိန်ဆိုတော့ ခရစ္စမတ်ဆိုတဲ့ ခံစားချက်လေးနဲ့ ဖြတ်သန်းမှအဆင်ပြေမှာပေါ့ တဲ့
ဒါနဲ့ဟယ်ရီက ပြန်ပြောတယ်
အင်္ဂလန်က အရမ်းအေးတဲ့ချိန်မှာ ခရစ္စမတ်သာမရှိရင် စိတ်ဓါတ်ကျစရာကောင်းမှာ တဲ့
ဒါကြောင့်လဲ အစောကြီး မီးတွေထွန်း အလှဆင်တာတွေ လုပ်ကြတာလေ တဲ့။

အဲ့ဒါနဲ့သူတို့က ဆက်ပြီး ဒီဇင်ဘာလနဲ့ သက်ဆိုင်တဲ့ အခြားအကြောင်းအရာတွေကိုဆက်ပြောကြပြီး တော့ ကျွန်မကို အတွေးတွေ ပေးစေတဲ့ အရာ ဆီကို ရောက်လာပါရော

ဟယ်ရီကပြောတယ် ငါ့ကျောင်းသားတစ်ယောက်က ငါ့ကိုမေးတယ် ဗြိတိန်တွေက အရမ်းဘာသာရေးဆန်လား ခရစ္စမတ်ပွဲတော်ဆင်နွှဲကြတယ် ဆိုတော့ လို့ မေးလာတော့
ငါကပြန်ပြောလိုက်တယ် ငါတို့နိုင်ငံက ဘာသာရေး အစွဲအဲ့လောက်ကြီးမရှိတဲ့ နိုင်ငံ လို့ငါပြန်ဖြေလိုက်တယ် မင်းရောဘယ်လိုထင်လဲ ချာလီ ဆိုတော့
ချာလီက ပြန်ပြောတယ် ဒါက ဟိုးရအရင်တုန်းက တော့ ဘာသာရေး အရမ်းဆန်ခဲ့ကြတာပေါ့
အခုကကြတော့ တစ်ခြားနိုင်ငံသားတွေလဲ ပြောင်းရွှေ့နေထိုင်လာကြတော့ ငါတို့လဲ ဘာသာရေးသိပ်မဆန်တော့ အစွဲလဲမကြီးကြတော့ပါဘူး
ဗြိတိန်မှာနေတုန်းကတော့ ဘာသာရေးအစွဲကြီးတဲ့ သူငယ်ချင်း တစ်ယောက်မှမရှိခဲ့ဘူး
မင်းရောရှိလား ဆိုတော့

ဟယ်ရီကလည်း ငါ့မှာလဲမရှိဘူး တဲ့ ပြန်စဉ်းစားတာတောင် ရှိတယ်လို့ မမှတ်မိဘူး တဲ့
ငါ့အမေကတော့ သူ့ကိုသူ ဘာသာရေး ကိုင်းရှိုင်းတယ်သာပြောတာ ငါကတော့ မထင်ပါဘူး တဲ့
ဘုရားဆိုတာ လူတွေ ရဲ့ ဘဝထဲက အစိတ်အပိုင်း​လေး တစ်ခု ပဲလို့ ငါတော့မြင်တယ်
မင်းရောဘယ်လိုမြင်လဲဆိုတော့

ချာလီက ငါလဲ ခရစ္စမတ်ကို လူတွေ ဘာလို့ ခုချိန်ထိလုပ်ကြလဲ သမိုင်းအထောက်အထားတွေ လိုက်ရှာဖတ်ကြည့်တော့ အရင်ကတည်းကလုပ်လာခဲ့တဲ့အတွက် အကျင့်တစ်ခုလိုဖြစ်နေတာရယ် လူတိုင်းက ဆင်နွှဲတဲ့ပွဲမို့ လူမှုဆက်ဆံရေး နဲ့ လူ့အသိုင်းအဝိုင်းကြားထဲမှာ ထူးဆန်းတဲ့ လူမဖြစ်ချင်တာရယ်ကြောင့် သူများတွေလဲ လုပ်တယ် ငါတို့လဲ လုပ်မယ် ဆိုတာဖြစ်သွားတယ် လို့ တော့ ရေးထားတာပဲ တဲ့။
ငါကတော့ ငယ်ငယ်တုန်းက မိဘတွေ လုပ်ပေးခဲ့တဲ့ စန်တာ ကိုတော့ ကောင်းကောင်းမှတ်မိတယ်
ငါတို့က အိပ်ယာထဲကနေ မိဘတွေ အိပ်နေတဲ့ချိန် ခရစ္စမတ်သစ်ပင်အောက်မှာထားတဲ့ လက်ဆောင်တွေကို အစောကြီးဖောက်မှာစိုးလို့ ခြေထောက်မှာ ခေါင်းလောင်ကြိုးချည်ပြီး အိပ်ခဲ့ရတာ မနက်မိုးလင်းတော့ စန်တာက လာပေးသွားတာလို့ပြောပေမယ့် စိတ်ကသိနေတယ် ဒါက မိဘတွေ လုပ်ပေးတယ် ဆိုတာကိုလေ

အဲ့ဒါနဲ့ ချာလီက ဟုတ်တယ်ဟုတ်တယ်
ငါတို့တုန်းကတော့ မိဘတွေက ခရစ္စမတ်ခြေအိတ်အကြီးကြီး ဧည့်ခန်းမှာချိတ်ထားပြီး စန်တာက လက်ဆောင်တွေ လာထည့်ပေးမှာ ဆိုးတဲ့ကလေးဆို လက်ဆောင်ကောင်းကောင်းမရဘူး လို့ပြောတော့ လက်ဆောင်လိုချင်လို့ စကားနားထောင် ရတာတွေ ပြန်သတိရတယ်
ပြီးတော့လည်း ခရစ္စမတ်နေ့ရောက်ရင် လမ်းထဲမှာ အလှဆင်ထားတဲ့ မီးတွေကို နာမည်ကြီး အနုပညာရှင်တစ်ယောက်ယောက် ကိုဖိတ်ပြီး အဲ့ဒီမီးတွေ ဖွင့်တဲ့ ခလုတ်ကို ဖွင့်ခိုင်းပြီး ဖွင့်ပွဲလုပ်တာတွေ ပြန်မှတ်မိတယ်

ဒါနဲ့ သူတို့ နှစ်ယောက်က ခရစ္စမတ်ဆိုတာ သူတို့အတွက် ပွဲတော်တစ်ခု ထက် မပို တဲ့ အရာလို့ပဲ ပြောပြသွားကြတယ် ပေါ့နော်

ခရစ္စမတ်ရာသီ ရောက်လို့ ခရစ္စမတ်လုပ်တယ် ဆိုတာထက် မပိုဘူးပေ့ါ

ဒီနရဒီယိုလေးပြီးသွားတော့ ကိုယ်တစ်ယောက်ထဲ အတွေးတွေ နဲ့ကျန်ခဲ့တယ်

ယေရှုခရစ်တော်ကို ယုံကြည်တဲ့ ယုံကြည်သူတွေ ရဲ့ အသက်တာထဲမှာလဲ ကိုယ်ဟာ ဘယ်လိုအရာတွေ ကို လက်ဆင့်ကမ်းနေလဲ ဆိုတော သိပ်အရေးကြီးတယ် လို့ ခံစားမိတယ်။

ခရစ္စမတ်ရောက်လို့ ပွဲတော်လုပ်တာလား

ခရစ်တော်ရဲ့ မွေးဖွားခြင်းကို ပြန်လည် သတိရအောက်မေ့ တဲ့ အနေနဲ့ ကျေးဇူးတင်တဲ့ စိတ်နဲ့ ကျေးဇူးတော်ချီးမွမ်းရင်း မွေးဖွားတဲ့ အရှင်မေရှိယကို ကြိုဆိုတာလား

လူတွေတိုင်း လုပ်နေကြတဲ့ပွဲမို့ သူလဲလုပ်တယ် ငါလဲလုပ်တယ်
ငါတို့က ပိုလုပ်တယ် ပိုကောင်းတယ် ပိုလှတယ်
ဆိုပြီး ပြိုင်ဆိုင်ကြတဲ့ပွဲလား

ခရစ္စမတ်ရဲ့ အနှစ်သာရကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနေတာလား
ပျော်ပွဲရွှင်ပွဲ တစ်ခုလိုပဲ လက်ဆင့်ကမ်းပေးနေတာလား

ဆင်ခြင်စရာတွေ အများကြီးပါပဲ

နောက်လာမယ့် မျိုးဆက်တွေဟာ ခရစ္စမတ် ဆိုတာယေရှုဘုရားရဲ့ မေတ္တာ နဲ့ ကယ်တင်ခြင်းရဲ့အရှင် ဖွားမြင်ခြင်း ကြောင့် လူသားတွေ အပြစ်ငရဲကနေ လွတ်မြောက်ဖို့ မျှော်လင့်ခြင်းရဲ့ အရှင် ကို ကြိုဆိုခြင်းဖြစ်တယ်ဆိုတဲ့ အဓိက အသက်သွေးကြောကို စွဲမြဲနေအောင် သွန်သင်ပေးခြင်း အရမ်းကိုလိုအပ်နေတဲ့ ခေတ်ကာလကိုရောက်နေတယ် လို့မြင်မိတယ်။

မဟုတ်ရင်တော့
ကယ်တင်ရှင်မွေးဖွားရတဲ့ အကြောင်း ကို ကြိုဆိုတာမဟုတ်ပဲနဲ့
ပွဲတော်ရာသီရောက်လို့ ပွဲဆင်နွှဲတယ် ဆိုတာလောက်ပဲ ဖြစ်နေခဲ့မယ် ဆိုရင် ဝမ်းနည်းစရာကောင်းပါတယ်

သတင်းကောင်းကို လူတွေကြားသိဖို့ အတွက် သတင်းကောင်းကို လက်ဆင့်ကမ်းပြောကြားတတ်သောသူများ ယုံကြည်သူများ ဖြစ်ကြရအောင်

“ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။-”
‭‭ရှင်လုကာ‬ ‭2‬:‭11‬ ‭JBMLE‬‬

ဒီဇင်ဘာလလေး မှာ ယေရှုခရစ်တော်ဟာ သင်နှင့်ကျွန်ုပ်အတွက် မွေးဖွားလာတာပါမိတ်ဆွေ
ယေရှုဘုရားရဲ့ကယ်တင်ခြင်း သတင်းကောင်း သင့်အသက်တာမှာ သက်ရောက်လျက် ယေရှုရှင်အားကြိုဆိုလက်ခံတတ်ပါစေ 🙏

အားလုံးအတွက် သတင်းကောင်း​ေးကတော့ လေ်

Want your public figure to be the top-listed Public Figure in Perth?
Click here to claim your Sponsored Listing.

Category

Address


Perth, WA
6064