Study Smart International

Study Smart International

Share

24/02/2023

For Your Interest!
GED classes are starting soon and be aware that not to miss the opportunity..❤

GED Class Seminar💁💁

GEDအတန်းလေးရဲ့ ဒုတိယမြောက် Seminar ကိုတော့ Feb 25 ညနေ 7နာရီ(ထိုင်းစံတော်ချိန်)(မြန်မာအချိန် ၆:၃၀နာရီ) အချိန်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ 🤗

ဒီSeminarလေးမှာဆိုရင်တော့ သင်ကြားမယ့်ဆရာတွေက
Subject knowledge ၊Instructional methods ၊Time table အသေးစိတ် ၊Quizs & regular exam တွေ အကြောင်း ပြောပြ သွားမှာဖြစ်ပါတယ်။

Seminar လေးကိုတက်ရောက်လိုပါက ‌အောက်ပါ Linkမှာ ဝင်ရောက်စာ‌ရင်းပေးနိုင်ပါတယ်။
https://forms.gle/2fK3pH7hPuhQEEmC7

မနက်ဖြန်မှာ Register လုပ်ထားတဲ့Emailများသို့ Zoom Linkများပို့ပေးသွားမှာဖြစ်ပါတယ်။

23/02/2023

နိုင်ငံကူးလက်မှတ် Passport များ online booking ဖြင့်ပြန်လည်ပြုလုပ်ပေးနေ။

မြန်မာနိုင်ငံကူးလက်မှတ်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်၍ www.passport.gov.mm Website မှ Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

> Online Booking စနစ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

> Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထား နိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမည် ဖြစ်ပါသည်။ *

> Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ပါသည်။

> မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန် အသိပေးနှိုးဆော်အပ်ပါသည်။

Crd မြန်မာဒစ်ဂျစ်တယ်သတင်းများ

23/02/2023

Student Visa အတွက်
သံရုံးဝင်ဖို့ ဘာတွေပြင်ဆင်ရမလဲ?

Europe နိုင်ငံတွေမှာ ကျောင်းလျှောက်တော့မယ်ဆိုရင် ကျောင်းဝင်ခွင့်လက်ခံရရှိပြီးတာနဲ့ သက်ဆိုင်ရာ သံရုံးတွေမှာ Appointment date တွေ ယူကြရပါတယ်။ သံရုံးကတောင်းဆိုတဲ့ စာရွက်စာတမ်းတွေ အပြည့်ဝပြင်ဆင်သွားဖို့အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ဘာတွေပြင်ဆင်သွားရမလဲဆိုတာတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

-𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 𝐃𝐚𝐭𝐞

Online Appointment ရယူနိုင်တဲ့ သံရုံးတွေရှိသလို လူ ကိုယ်တိုင် ဖောင်ဖြည့်ပြီး date သွားယူရတဲ့ သံရုံးတွေလဲရှိပါတယ်။ စာရွက်စာတမ်းပြည့်စုံပြီလို့ယူဆရင် သံရုံးရက်ချိန်းယူထားသင့်ပါပြီ။ ကျောင်းစမယ့်ရက်ထက် ၃လခန့်ကြိုပြီး Date ယူလို့ရတာမို့ မြန်နိုင်သမျှ မြန်အောင် ယူထားတာအကောင်းဆုံးပါ။ သံရုံး permit ပြန်ထုတ်ဖို့ process time က 3 weeks to 10 weeks လောက်ထိ သို့မဟုတ် ဒီထက်ကြာတတ်ပါတယ်။

-𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭

အနည်းဆုံး ၆လသက်တမ်းရှိရမယ်လို့ သတ်မှတ်ထားပေမယ့် အကောင်းဆုံးကတော့ ကျောင်းစတင်လျှောက်ထားစဥ်မှာထဲက တစ်နှစ်ခန့် လက်ကျန်သက်တမ်းရှိဖို့လိုအပ်ပါတယ်။ ကျောင်းလျှောက်ထားတဲ့ Process time အပြင် သံရုံး permit ရဖို့ရန်အထိကိုအချိန်ကာလအားဖြင့် ၆လ တစ်နှစ်ခန့် ပြင်ဆင်ရတတ်တာမို့ပါ။
သံရုံး appointment date မှာ စာရွက်စာတမ်းတွေနဲ့အတူ မိမိpassport ကို ထားခဲ့ရမှာဖြစ်ပြီး Visa ရမယ့် ရက်မှသာ passportကို ပြန်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
အကယ်လို့သင်က Third countryမှာဖြေဆိုသူဖြစ်ရင်တော့မိမိလက်ရှိနေတဲ့ နိုင်ငံရဲ့ Visa သက်တမ်းကို သံရုံးတာဝန်ခံကိုပြောပြထားပြီးလိုအပ်ရင်ထပ်တိုးရပါတယ်။
မိမိ Passport ရဲ့ Travel history date အားလုံးလိုအပ်တာမို့ စာမျက်နှာတိုင်းကို မိတ္တူနှစ်စောင်ကူးသွားဖို့လိုပါတယ်။

-𝐋𝐞𝐭𝐭𝐞𝐫 𝐨𝐟 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧

မိမိလျှောက်ထားသည့်ကျောင်းမှ Full offer ရရှိထားတဲ့ Document အားလုံးကို original printed document တွေယူသွားဖို့လိုအပ်ပါတယ်။ Study Contract, Offer letter, School fees အစရှိတဲ့ သက်ဆိုင်ရာ ကျောင်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအားလုံးကို Original အပြင် Copy 2စုံခန့်ယူသွားတာအကောင်းဆုံးပါပဲ။

တခြားအရေးကြီးတဲ့ Documentတစ်ခုက Language Proficiency Proof ပဲ ဖြစ်ပါတယ်။ မိမိကျောင်းက လက်ခံထားတဲ့ဘာသာစကားLevel
(For example- IELTS 6.5, German B-2, TOEFL **,etc) ကို Proficiency proof အနေနဲ့တွဲတင်ပြရမှာဖြစ်ပါတယ်။ ဒီ Proof ကိုတော့ မိမိကျောင်းကထုတ်ပေးပါလိမ့်မယ်။

-𝐁𝐥𝐨𝐜𝐤𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐜𝐨𝐧𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧

Germany နိုင်ငံကဲ့သို့ European နိုင်ငံအချို့မှာ ကျောင်းသွားတက်ဖို့အတွက် နေစားရိတ်အသုံးစားရိတ်အတွက် သတ်မှတ်ထားတဲ့ ငွေပမာဏကို သက်ဆိုင်ရာနိုင်ငံရဲ့ Bank တွေမှာ Blocked Account ​ဖွင့်ထားရှိဖို့လိုပါတယ်။ ထိုငွေပမာဏ
ကြိုလွှဲထားပြီး သတ်မှတ်ပမာဏ
Confirmation ပြည့်မှသာ
ရမှာဖြစ်ပြီး သံရုံးမှာ Original အပြင် Copy 2စုံတင်ပြရပါမယ်။ (Germany နိုင်ငံအတွက်သတ်မှတ်ပမာဏဟာ တစ်နှစ်စာ ယူရို ၁၁၁၃၀ ရှိပါတယ်)

-𝐒𝐜𝐡𝐨𝐨𝐥 𝐅𝐞𝐞𝐬

နိုင်ငံအချို့ဟာကျောင်းလခတစ်နှစ်စာကြိုသွင်းရတတ်ပါတယ်။
Third country မှာဖြေဆိုသူတွေအနေနဲ့ requirement တစ်ခုအနေနဲ့သတ်မှတ်ထားခြင်းမရှိလျှင်တောင် မြန်မာနိုင်ငံမှာသံရုံးဝင်ဖြေဆိုမ​ယ့်
ကျောင်းသားတွေအတွက်တော့မဖြစ်မနေ ကျောင်းတစ်နှစ်စာကြိုလွှဲထားဖို့လိုအပ်ပါတယ်။
စပွန်ဆာနဲ့ လုပ်ငန်းအခြေနေတွေ တင်ပြပြီး ခြွင်းချက်အနေနဲ့တော့ Blocked account နဲ့ကျောင်းတစ်နှစ်စာမသွင်းပဲ သံရုံးဝင်လို့ရနိုင်ပေမယ့် ခိုင်လုံမှုရှိမရှိကိုတော့သံရုံးကပဲဆုံးဖြတ်မှာဖြစ်ပါတယ်။

-𝐒𝐎𝐏 𝐨𝐫 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐋𝐞𝐭𝐭𝐞𝐫

Statement of Purpose (or) Letter of Motivation ကိုပါ သံရုံးကိုတင်ပြရပါမယ်။ မိမိရဲ့ Educational history, ကျောင်းတက်လိုတဲ့ရည်ရွယ်ချက်, ဘဝရည်မှန်းချက် အစရှိတာတွေကိုပြည့်ပြည့်စုံစုံရေးသားတင်ပြဖို့လိုအပ်ပါတယ်။ မိမိတက်ရောက်မယ့်ကျောင်းနဲ့သက်ဆိုင်ရာတွေကိုလဲ Research တစ်ခုအနေနဲ့ထည့်သွင်းရမယ့်အပြင် သံရုံးရဲ့ဆုံးဖြတ်ချက်တွေကိုလိုက်နာသွားမယ်ဆိုတာလဲ
ထည့်သွင်းရေးသားထားရပါမယ်။
ဒါကိုလဲ Copy 2စုံယူဆောင်သွားရပါမယ်။

-𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐧 𝐕𝐢𝐭𝐚𝐞

ပြည့်စုံတဲ့ CV form နှစ်စောင်ကိုလဲ ပြင်ဆင်ထားရပါမယ်။
အလုပ်အတွေ့ကြုံ ပညာရေးအတွေ့ကြုံ ပရဟိတအတွေ့ကြုံတွေပြည့်ပြည့်စုံစုံတင်ပြဖို့လိုပါတယ်။

-𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦

သံရုံးရဲ့website ကနေတစ်ဆင့် သံရုံးကတင်ပေးထားတဲ့ videx သို့မဟုတ် Application form ကိုပြည့်ပြည့်စုံစုံဖြည့်သွင်းပေးပြီး Original အပြင် Copy နှစ်စုံလုံးPrint ထုတ်ပြီး လက်မှတ်ထိုးပေးထားဖို့လိုအပ်ပါတယ်။

-𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐞𝐬𝐭

မိမိဟာ IELTS နဲ့ကျောင်းလျှောက်ထားတာဆိုရင် IELTS certificate original အပြင် Copy နှစ်စုံယူဆောင်သွားရပါမယ်။
အကယ်လို့ ကျောင်းဘက်ကတခြား Language testတွေကိုလက်ခံထားတာဆိုရင်လဲ Language test certificateတွေအပြင် IELTS or TOEFL ကဲ့သို့ Official language certificate တွေကိုပါတင်ပြပေးရပါတယ်။
Comparism အနေနဲ့ ဥရောပသံရုံးတွေဟာ IELTS 6.0 ဝန်းကျင်ခန့်ထိတောင်းဆိုတတ်ကြပါတယ်။

-𝐁𝐢𝐫𝐭𝐡 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐚𝐧𝐝 𝐨𝐭𝐡𝐞𝐫𝐬

မွေးစားရင်း အိမ်ထောင်စုစာရင်း
မှတ်ပုံတင် အစရှိတာတွေကို Notary Version ပြန်ထားပြီး original & two copies
ပြရပါမယ်။

-𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞
အနည်းဆုံး ၆လသက်တမ်းရှိတဲ့ ကျန်းမာရေးအာမခံတစ်ခုကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး ကျောင်းပြီးဆုံးသည်အထိ ကုန်ကျမယ့် အာမခံ ငွေပမာဏကိုလဲ တောင်းဆိုတတ်ကြပါတယ်။ (For example- စာသင်နှစ်၄နှစ်စာအတွက် အာမခံကြေး USD 1200 ရှိမယ်ဆိုလျှင် မိမိဝယ်ယူနိုင်တယ်ဆိုတဲ့အထောက်ထားမျိုးကိုဆိုလိုပါတယ်)

-𝐓𝐫𝐚𝐯𝐞𝐥 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞
ဒါကတော့ မိမိရဲ့ခရီးစဥ်အတွက် ခရီးသွားအာမခံ ဝယ်ယူထားကြောင်းတင်ပြရတာပဲ ဖြစ်ပါတယ်။ အနည်းဆုံး ၆လသက်တမ်းရှိဖို့လိုအပ်ပါတယ်။

Health & Travel insurance တွေကို သီးသန့်ဝယ်ယူနိုင်သလို Blocked account ဖွင့်တဲ့အခါမှာလဲ အချို့သော service တွေက Free included အနေနဲ့ ပေးတတ်ကြပါတယ်။
(For Example- Coracle နဲ့ Blocked acc ဖွင့်မယ်ဆိုရင် Health & travel insurances တွေပေးထားမှာဖြစ်ပါတယ်) ကံဆိုးစွာနဲ့ပဲ Coracle ဟာအခုဆိုမြန်မာကျောင်းသားတွေအတွက် Account ဖွင့်ခြင်းကိုလက်မခံတော့ပါဘူး။

-𝐁𝐢𝐨𝐦𝐞𝐭𝐫𝐢𝐜 𝐏𝐡𝐨𝐭𝐨

လွန်ခဲ့သောသုံးလအတွင်းရိုက်ကူးထားတဲ့ ဓာတ်ပုံသုံးပုံခန့်အနည်းဆုံးယူဆောင်သွားဖို့လိုပါတယ်။
Passport size 2in×2in photo ယူဆောင်သွားဖို့လိုပြီး ဆံပင်ပုံစံ ဆံပင်အရောင်စတာတွေ ကွာခြားနေလို့မရပါဘူး။

အထက်မှာပါရှိတဲ့ စာရွက်စာတမ်းအားလုံးဟာ Original အပြင် မိတ္တူနှစ်စုံခန့်ယူဖို့အရေးကြီးပါတယ်။ သံရုံးဝင်ရာမှာလဲ Original သီးသန့် မိတ္တူတစ်စုံစီသီးသန့်ခွဲပြီး တင်ပြရပါတယ်။ မိမိရဲ့ Passportနဲ့ မိတ္တူနှစ်စုံကိုယူထားမှာဖြစ်ပြီး Original documentsတွေနဲ့ သံရုံးက စာရွက်တစ်ရွက်ထုတ်ပေးမှာဖြစ်ပါတယ်။
ရက်သတ္တပတ်အချို့အတွင်း
Mail or Phone ဆက်အကြောင်းကြားမှာဖြစ်ပြီး စာရွက်ပြကာ Visa နဲ့ passport ကို သံရုံးကြေးသွင်းပြီး ထုတ်ယူလို့ရမှာဖြစ်ပါတယ်။
ပိုပြီးပြည့်စုံဖို့ကိုတော့ သက်ဆိုင်ရာသံရုံးတွေရဲ့ Website တွေမှာ ဝင်ရောက်ရှာဖွေ့ဖတ်ရှူထားဖို့အကြံပေးချင်ပါတယ်။
အားလုံးအဆင်ပြေပြေနဲ့ Student visa တွေရရှိနိုင်ကြပါစေဗျ။

✅
သင်ဟာ တက္ကသိုလ်ဝင်တန်းကျောင်းသား ဖြစ်​​​ဖြစ် တက္ကသိုလ်ကျောင်းသား ဖြစ်ဖြစ် ပိုမိုမြင့်မားတဲ့
ပညာရေးအခွင့်အလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့
"𝐒𝐭𝐮𝐝𝐲 𝐒𝐦𝐚𝐫𝐭 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥" က အပြည့်ဝ ကူညီပူးပေါင်းပေးသွားမှာပဲ ဖြစ်ပါတယ်။

✅
မြန်မာကျောင်းသားတစ်ယောက်ကို နိုင်ငံတကာကျောင်းသားတစ်ယောက်ဖြစ်လာစေဖို့
✨Study
✨Finance
✨Language
✨Scholars
✨Visa
အစရှိတဲ့ အခြေခံအချက်အလက်တွေကိုဆွေးနွေးတိုင်ပင်ပေးပြီး ကျောင်းသားတိုင်းနဲ့ အသင့်လျော်ဆုံး နိုင်ငံတကာကျောင်းတွေမှာ ကျောင်းလျှောက်ထားပေးတာကစလို့ ဗီဇာရသည်အထိ အပြည့်အဝကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။

✅
𝐒𝐭𝐮𝐝𝐲 𝐒𝐦𝐚𝐫𝐭 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ဟာ.Australia နိုင်ငံအသိမှတ်ပြု မှတ်ပုံတင်ထားတဲ့ International Consultant Agency တစ်ခုဖြစ်ပြီး မြန်မာကျောင်းသားများအတွက် Page Branch တစ်ခုပဲ ဖြစ်ပါတယ်။

✅
ဒိပလိုမာ၊ ဘွဲ့၊ ဘွဲ့လွန်၊ ပါရဂူတန်းများအတွက် အသင့်တော်ဆုံးအကြံဉာဏ်များပေးပြီး နိုင်ငံတကာ ကောလိပ် များနှင့် တက္ကသိုလ်များမှာ ကျောင်းတက်နိုင်ဖို့
ကူညီဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

✅
Australia, Canada, US, UK, New Zealand, Germany အစရှိတဲ့ ပညာရေးထိပ်တန်းနိုင်ငံတွေက တက္ကသိုလ်တွေကိုရွေးခြယ်နိုင်မှာဖြစ်ပြီး ကျောင်းသားတွေရဲ့လိုအပ်ချက်အလိုက် တိုင်ပင် ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

📚 ယခုလို International college နှင့် University များတွင် ကျောင်းလျှောက်ထားလိုသူများအနေနဲ့ Page Message Box တွင် Detail စုံစမ်းကာ

✨ကျောင်းသားများနှင့် Consult လုပ်​ပေးခြင်း

✨ ကျောင်းလျှောက်ထားခြင်း

✨Webinarများ Inviteပေးခြင်း

✨Visa permit ရယူခြင်းအထိ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။

SSI ရဲ့ အခြားသောPost များကိုလည်းလေ့လာနိုင်ပါတယ်ခင်ဗျ။



appointment

Photos from Study Smart International's post 29/01/2023

𝘾𝙖𝙣𝙖𝙙𝙖 𝙤𝙧 𝙐.𝙎.𝘼? 𝙒𝙝𝙤 𝙬𝙞𝙣𝙨?

ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲက နှစ်နိုင်ငံဖြစ်သလို နယ်နိမိတ်ထိစပ်နေတဲ့အိမ်နီးချင်းနိုင်ငံတွေမို့ တူညီမှုတွေများစွာရှိကြပါတယ်။

အလည်ပတ်သွားရောက်မှာပဲဖြစ်ဖြစ် ကျောင်းတက်ဖို့ပဲ ဖြစ်ဖြစ် ဗဟုသုတအနေနဲ့
Similarities လေးတွေကို လေ့လာကြည့်ကြရအောင်။

𝙋𝙖𝙧𝙩 𝙊𝙣𝙚

𝟏: 𝐓𝐡𝐞 𝐏𝐫𝐢𝐜𝐞 𝐘𝐨𝐮 𝐒𝐞𝐞 𝐈𝐬𝐧’𝐭 𝐭𝐡𝐞 𝐏𝐫𝐢𝐜𝐞 𝐘𝐨𝐮 𝐏𝐚𝐲🤔

Tax ပေးဆောင်ရမှုမှာတော့ US နဲ့ Canada ဟာ ပမာဏတစ်ခုမှာရှိပါတယ်။ စားသောက်ဆိုင်၊ ကုန်ပစ္စည်း အစစအရာရာမှာ အခွန်ပေးဆောင်ဝယ်ယူရမှာဖြစ်ပြီးတော့
ကနေဒါနိုင်ငံမှာဆိုရင် ပြည်နယ်အလိုက် 5 percent ကနေ 15 percent အထိ ကုန်ပစ္စည်းတန်ဖိုးကို tax ပေးရသလို US ပြည်နယ်အများစုမှာလဲ 15 percent အထိ အခွန်ထည့်ပေးပြီးဝယ်ယူရတာပဲ ဖြစ်ပါတယ်။ US ပြည်နယ်တချို့မှာတော့ Tax ပေးဆောင်စရာမလိုတာမျိုးလဲရှိပြီး Alaska, texasတို့လိုပြည်နယ်တွေကတော့ အခွန်အခသက်သာကြပါတယ်။

𝟐: 𝐀 𝟏𝟓-𝟐𝟎% 𝐓𝐢𝐩 𝐢𝐬 𝐄𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐚𝐭 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭𝐬😳

အခွန်ခ ပေးဆောင်ပြီးသား Serving နဲ့တင် မပြီးသေးဘဲ.Service ကောင်းမကောင်းပေါ်ဆုံးဖြတ်ပြီး နောက်ထပ် ပေးဆောင်ရတာတစ်ခုကတော့ tip money ပါပဲ။ 15-20 percent ခန့်ထိ ပေးတတ်ရတာဖြစ်ပေမယ့် ဒါက မိမိ ပေးမပေးပေါ်မူတည်ပြီး optional ဖြစ်လို့ စိတ်သက်သာရာရမှာပါ။

𝟑: 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞🤗

ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာတော့
Tip money အပေါ် အားထားကြတာမို့ ဖော်ရွေပြီး အကောင်းဆုံး service ပေးတတ်ကြပါတယ်။ ဒါမှလဲ Customer ဆီက Feedback ကောင်းကောင်းနဲ့ Tips ကောင်းကောင်းရနိုင်ကြတာမို့ပါ။ နယ်ခံတွေဆီက Recommendation တောင်းရင်တော့ Service အကောင်းဆုံးဆိုင်တွေကိုညွှန်းကြမှာဖြစ်ပြီး Tips ပေးရမယ်ဆိုတာတော့ သဘောပေါက်ထားဖို့လိုမှာပါ။

𝟒: 𝐒𝐩𝐨𝐫𝐭𝐬 𝐚𝐫𝐞 𝐇𝐮𝐠𝐞😎

ကနေဒါနိုင်ငံသားတွေကတော့ Hockey ကိုအလွန်နှစ်ခြိုက်ကြပြီး အမေရိကန်တွေကတော့ Football ကိုပဲလက်ညိုးထိုးကြမှာပါ။ Football ဆိုတာ ကလဲ ခြေနဲ့ကန်ရတာတင်အားမရလို့ တွန်းတိုက်ပြီးပိုက်ပြေးကြတဲ့အားကစားပါ။ Basketball, baseball အစရှိတာတွေကလဲ
နှစ်နိုင်ငံချင်း ပြိုင်ဆိုင်မှုပြင်းတဲ့အားကစားတွေပါ။

𝟓: 𝐔𝐧𝐢𝐪𝐮𝐞 𝐑𝐞𝐠𝐢𝐨𝐧 𝐖𝐨𝐮𝐥𝐝 𝐏𝐫𝐞𝐟𝐞𝐫 𝐓𝐨 𝐁𝐞 𝐈𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐭🤠

ပြည်နယ်အလိုက် အနည်းငယ်စီကွာခြားမှုရှိတတ်ကြပေမယ့်လဲ လုံးဝသီးသန့်လိုကွာခြားနေတတ်တဲ့ ပြည်နယ်တွေရှိတာချင်းလဲတူကြပါသေးတယ်။
US မှာတော့ Texas ပြည်နယ်ဟာ ကွဲပြားနေတဲ့ပြည်နယ်တစ်ခုဖြစ်သလို Canada မှာဆိုရင်လဲ Quebec ပြည်နယ်လို့ဆိုကြပါလိမ့်မယ်။

✅
သင်ဟာ တက္ကသိုလ်ဝင်တန်းကျောင်းသား ဖြစ်​​​ဖြစ် တက္ကသိုလ်ကျောင်းသား ဖြစ်ဖြစ် ပိုမိုမြင့်မားတဲ့
ပညာရေးအခွင့်အလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့
"𝐒𝐭𝐮𝐝𝐲 𝐒𝐦𝐚𝐫𝐭 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥" က အပြည့်ဝ ကူညီပူးပေါင်းပေးသွားမှာပဲ ဖြစ်ပါတယ်။

✅
မြန်မာကျောင်းသားတစ်ယောက်ကို နိုင်ငံတကာကျောင်းသားတစ်ယောက်ဖြစ်လာစေဖို့
✨Study
✨Finance
✨Language
✨Scholars
✨Visa
အစရှိတဲ့ အခြေခံအချက်အလက်တွေကိုဆွေးနွေးတိုင်ပင်ပေးပြီး ကျောင်းသားတိုင်းနဲ့ အသင့်လျော်ဆုံး နိုင်ငံတကာကျောင်းတွေမှာ ကျောင်းလျှောက်ထားပေးတာကစလို့ ဗီဇာရသည်အထိ အပြည့်အဝကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။

✅
𝐒𝐭𝐮𝐝𝐲 𝐒𝐦𝐚𝐫𝐭 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ဟာ.Australia နိုင်ငံအသိမှတ်ပြု မှတ်ပုံတင်ထားတဲ့ International Consultant Agency တစ်ခုဖြစ်ပြီး မြန်မာကျောင်းသားများအတွက် Page Branch တစ်ခုပဲ ဖြစ်ပါတယ်။

✅
ဒိပလိုမာ၊ ဘွဲ့၊ ဘွဲ့လွန်၊ ပါရဂူတန်းများအတွက် အသင့်တော်ဆုံးအကြံဉာဏ်များပေးပြီး နိုင်ငံတကာ ကောလိပ် များနှင့် တက္ကသိုလ်များမှာ ကျောင်းတက်နိုင်ဖို့
ကူညီဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

✅
Australia, Canada, US, UK, New Zealand, Germany အစရှိတဲ့ ပညာရေးထိပ်တန်းနိုင်ငံတွေက တက္ကသိုလ်တွေကိုရွေးခြယ်နိုင်မှာဖြစ်ပြီး ကျောင်းသားတွေရဲ့လိုအပ်ချက်အလိုက် တိုင်ပင် ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

📚 ယခုလို International college နှင့် University များတွင် ကျောင်းလျှောက်ထားလိုသူများအနေနဲ့ Page Message Box တွင် Detail စုံစမ်းကာ

✨ကျောင်းသားများနှင့် Consult လုပ်​ပေးခြင်း

✨ ကျောင်းလျှောက်ထားခြင်း

✨Webinarများ Inviteပေးခြင်း

✨Visa permit ရယူခြင်းအထိ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။

SSI ရဲ့ အခြားသောPost များကိုလည်းလေ့လာနိုင်ပါတယ်ခင်ဗျ။




Photos and contents are credited to Internet.

27/01/2023

GED classes for young Myanmar learners.

🚩🚩 The Prime မှ GED သင်တန်းများ မကြာမှီ ဖွင့်လှစ်ပါတော့မယ်🚩

The Prime ရဲ့ GED Online အတန်း များကို ၂၀၂၃ မတ်လဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ပါမယ်ခင်ဗျာ။
GED Foundation Class နဲ့ GED Intensive Class ဆိုပြီး တန်းခွဲ ၂ ခု စီစဉ်ထားပြီး Foundation Class အတွက် သင်ကြားမှုကာလ ၆ လ၊ Intensive Class အတွက် သင်ကြားမှုကာလ ၃ လ သတ်မှတ်ထားပါတယ်။

တက်ရောက်မည့် ကျောင်းသားများအတွက် Diagnostic Test ကို online ကနေ အခမဲ့ ပြုလုပ်ပေးမှာဖြစ်ပြီး မိမိရဲ့ results ပေါ်မူတည်၍သင့်တော်သော တန်းခွဲကို တက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။

Teaching Team မှာတော့ ပြည်တွင်းပြည်ပ GED သင်ကြားမှု အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိဆရာများ၊ ကိုယ်တိုင် GED ဖြေဆိုအောင်မြင်ထားသည့် ဆရာများ ပါဝင်ပြီး ဘာသာရပ်တစ်ခုစီကို ဆရာတစ်ဦးစီဖြင့် အပြည့်အဝ အာရုံစိုက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

-

သင်ကြားမှုအပိုင်းအပြင် GED စာမေးပွဲဖြေဆိုရန် အတွက် -
🚩Exam registration ပြုလုပ်ပေးခြင်း
🚩Exam fees ပေးသွင်းနိုင်ရန်ကူညီပေးခြင်း
🚩ထိုင်းနိုင်ငံ ချင်းမိုင် သို့မဟုတ် ဘန်ကောက် မှာ စာမေးပွဲ လာရောက်ဖြေဆိုလိုပါက ထိုင်းနိုင်ငံဘက်မှ လိုအပ်သည်များကို စီစဉ်ပံ့ပိုးပေးခြင်း တို့ကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ကျောင်းသား/သူ များရဲ့တစ်ဦးချင်း လိုအပ်ချက်များကို အနီးကပ်စောင့်ကြည့် ကွပ်ကဲပြီး ဂရုတစိုက် သင်ကြားပေးမည့်အပြင် လစဉ် အကဲဖြတ်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
ဘာသာရပ်ဆိုင်ရာ သိမှတ်စရာများ၊ ဆရာများ ကိုယ်တိုင်ရင်ဆိုင်ကျော်လွှားခဲ့သည့် စာမေးဖြေဆိုပုံဖြေဆိုနည်း ကျွမ်းကျင်မှု (Skills) များကိုပါ တပါတည်း မျှဝေပေးပြီး စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရန် ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

-

⏰သင်တန်းချိန်
⦿ Monday to Friday - တစ်ရက်လျှင် ၃ နာရီ

-

📅သင်တန်းကာလ
⦿ GED Foundation Class - ၆ လ
⦿ GED Intensive Class - ၃ လ

-

👨ကျောင်းသားဦးရေ
⦿ တန်းခွဲတစ်ခုလျှင် ၁၅ မှ ၂၀ ဦး

-

💻သင်ကြားမှုစနစ်
⌿ Online with Zoom and Google Classroom
⌿ Online activities (Games, Quizzes, Discussions & Review sessions)
⦿ Class joinရန်၊ အိမ်စာလုပ်ရန်နှင့် Activities များတွင်ပါဝင်နိုင်ရန် Laptop သို့မဟုတ် Desktop ကွန်ပျူတာလိုအပ်ပါသည်။

-

📝သင်တန်းကြေး - တစ်လ ၂ သိန်းကျပ်
⦿ စောစောပိုင်း register လုပ်သူ ၁၀ ဦးကို ပထမလ သင်တန်းကြေးရဲ့ ၂၀ ရာခိုင်နှုန်းလျှော့ပေးမှာဖြစ်တဲ့ အတွက် ပထမလမှာ ၁ သိန်း ၆ သောင်းကျပ်သာကျသင့်မှာဖြစ်ပါတယ်။
⦿ မည်သူမဆို သုံးလစာ တခါတည်းပေးသွင်းပါက သုံးလအတွက် ၅သိန်း၅သောင်းကျပ်ပါ။
⦿ အစောပိုင်း register လုပ်သူ ၁၀ ဦးထဲမှ သုံးလစာပေးသွင်းပါက သုံးလအတွက် ၅သိန်း၃သောင်းကျပ်ပါ။

-

သင်တန်းများမစမှီ GED စာမေးပွဲ အကြောင်းသိကောင်းစရာများမျှဝေခြင်း၊ ဘာသာရပ်အလိုက် သင်တန်းမိတ်ဆက်ခြင်း တို့ကို မိဘများနဲ့ Zoom meeting ပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားပါက အောက်ပါ Google form မှာ register လုပ်ပေးထားပါခင်ဗျာ။ Zoom Meeting ပြုလုပ်မည့်နေ့ရက်ကို Email မှတဆင့် အကြောင်းကြားပေးပါမယ်။ မည်သူမဆိုတက်ရောက်နိုင်ပါတယ်။

https://forms.gle/2fK3pH7hPuhQEEmC7

အသေးစိပ်ကို Page Messenger ကတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Want your school to be the top-listed School/college in Perth?
Click here to claim your Sponsored Listing.

Website

Address


Perth, WA
6000