Tr. Win Win Su
"ဘဝကို Next Level တက်စေမယ့် မနက်ခင်းအလေ့အကျင့် ၁၆ ချက်" 🚀
၁။ နိုးထလာတာနဲ့ ကျေးဇူးတင်ပါ 🙏:
မနက်ခင်း မျက်လုံးပွင့်လာတာနဲ့ အသက်ရှင်ခွင့်ရတဲ့ "အခွင့်အရေး" အတွက် အရင်ဆုံး ကျေးဇူးတင်ပါ။
၂။ ရေသောက်ပါ 💧:
နိုးနိုးချင်း ရေတစ်ဖန်ခွက် သောက်တာက ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ချက်ချင်း နိုးကြားစေတယ်။
၃။ ဖုန်းကို ချက်ချင်းမကိုင်ပါနဲ့ 📵:
နိုးနိုးချင်း ပထမဆုံး ၁ နာရီမှာ တခြားသူတွေရဲ့ ဘဝကို မကြည့်ပါနဲ့၊ ကိုယ့်ဘဝအတွက်ပဲ အာရုံစိုက်ပါ။
၄။ အိပ်ရာကို သေသေချာချာ ခင်းပါ ✨:
ဒါက တစ်နေ့တာရဲ့ ပထမဆုံး အောင်မြင်မှု (Small Win) ကို ရယူလိုက်တာပါပဲ။
၅။ စာဖတ်ပါ 📚:
တစ်နေ့ကို အနည်းဆုံး ၅ မျက်နှာကနေ ၁၀ မျက်နှာအထိ ဖတ်ပါ။ အသိပညာက သင့်ကို Limitless ဖြစ်စေတယ်။
၆။ ကိုယ်လက်လှုပ်ရှားပါ 🧘♀️:
ယောဂကျင့်တာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ် ၁၅ မိနစ်လောက် လုပ်ပေးရင် စွမ်းအင်တွေ တိုးလာလိမ့်မယ်။
၇။ To-Do List ရေးပါ 📝:
ဝင်းစုရဲ့ "My Next Level Planner" ထဲမှာ ဒီနေ့လုပ်ရမယ့် အရေးကြီးဆုံးအချက် ၃ ချက်ကို ချရေးပါ။
၈။ အကောင်းမြင်စကား ပြောပါ (Affirmation) 🗣️:
မှန်ရှေ့မှာ ရပ်ပြီး "ငါဟာ တော်တယ်၊ ငါ့အတွက် အရာရာ ဖြစ်နိုင်တယ်" လို့ ကိုယ့်ကိုယ်ကိုယ် ပြောပေးပါ။
၉။ Deep Work လုပ်ပါ 🧠:
အရေးကြီးတဲ့အလုပ်ကို ဖုန်းပိတ်ပြီး အာရုံစူးစိုက်မှု အပြည့်နဲ့ အနည်းဆုံး ၁ နာရီ လုပ်ပါ။
၁၀။ အမှိုက်တွေကို လွှတ်ချပါ 🗑️:
အသုံးမလိုတဲ့ ပစ္စည်းတွေရော၊ အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးဟောင်းတွေကိုပါ ရှင်းထုတ်ပစ်ပါ။
၁၁။ မေတ္တာပို့ပါ ❤️:
ကိုယ့်ကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်ကိုပါ မေတ္တာရှိရှိ ဆက်ဆံပါ။ စိတ်ထားကောင်းရင် လာဘ်လာဘ ပိုပွင့်ပါတယ်။
၁၂။ ကျွမ်းကျင်မှုအသစ် သင်ယူပါ 🎓:
တစ်နေ့ကို အနည်းဆုံး ၃၀ မိနစ်လောက် ကိုယ့်နယ်ပယ်မှာ ပိုတော်လာအောင် လေ့လာပါ။
၁၃။ ငွေစာရင်း မှတ်ပါ 💰:
ပိုက်ဆံ ဘယ်ကဝင်ပြီး ဘယ်ကို ထွက်သွားလဲဆိုတာ သိရမယ်။ ပိုက်ဆံကို တန်ဖိုးထားမှ ပိုက်ဆံက သင့်ဆီလာမှာပါ။
၁၄။ အနားယူပါ ☕:
အလုပ်တွေချည်းပဲ မဟုတ်ဘဲ စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့ အချိန်သီးသန့် ဖယ်ထားပါ။
၁၅။ စောစောအိပ်ပါ 🌙:
နောက်တစ်နေ့အတွက် စွမ်းအင်အပြည့်နဲ့ နိုးထနိုင်ဖို့ အရည်အသွေးရှိတဲ့ အိပ်စက်ခြင်းက အရေးကြီးဆုံးပဲ။
၁၆။ ဒီနေ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ 🔄:
ညအိပ်ခါနီးမှာ ဒီနေ့ ဘာတွေကောင်းခဲ့လဲ၊ ဘာတွေ သင်ခန်းစာရလဲဆိုတာ ပြန်တွေးပြီးမှ အိပ်ပါ။
✨ ဒီ ၁၆ ချက်ထဲက သင် အခုချက်ချင်း စလုပ်နိုင်မယ့် အချက်က ဘာလဲ? ဝင်းစုကို ကွန်မန့်မှာ ပြောပြခဲ့ပါဦးနော်! 👇
💪
21ရက်ဆက်တိုက်လုပ်မယ်ဆုံးဖြတ်ထားတော့ တစ်ရက်ရက်ပျက်ခဲ့ရင် 1 ကနေပြန်စပါဆယ်။
Michael Jackson က သူ့ Idea 💡 တွေကို ဘယ်လိုတန်ဖိုးထားသလဲ
Click here to claim your Sponsored Listing.
Category
Website
Address
Dallas, TX
75051