Myanmar Health Support -MHS
04/06/2026
၂၀၂၆–၂၀၂၇ ပညာသင်နှစ် အစပြုခြင်း
************
ပညာသင်နှစ်သစ်တစ်နှစ်၏ အစကို ရောက်ရှိလာပြီဖြစ်ပြီး အခွင့်အလမ်းအသစ်များ၊ အတွေ့အကြုံအသစ်များနှင့် အိပ်မက်အသစ်များကို စတင်အကောင်အထည်ဖော်ရမည့် အချိန်ကောင်းတစ်ခု ဖြစ်ပါသည်။
၂၀၂၆–၂၀၂၇ ပညာသင်နှစ်၏ ပထမဆုံးနေ့တွင် ကျောင်းသား၊ ကျောင်းသူများသည် စိတ်အားထက်သန်မှု၊ မျှော်လင့်ချက်များနှင့် ကြိုးစားအားထုတ်လိုစိတ်များဖြင့် ကျောင်းသို့ ပြန်လည်ရောက်ရှိလာကြသည်ကို တွေ့မြင်ရသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။
ကျောင်းတက်ခြင်းသည် ပညာဗဟုသုတများ ဆည်းပူးရရှိရန်သာမက ကောင်းမွန်သော အကျင့်စာရိတ္တများ တည်ဆောက်ရန်၊ ဘဝအရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ မိတ်ဆွေသစ်များ ဖွဲ့စည်းရန်နှင့် အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော်ရန် အရေးပါသော ခရီးလမ်းတစ်ခုဖြစ်ပါသည်။
ယနေ့သည် ကျွန်ုပ်တို့၏ ပညာရေးခရီးစဉ်တွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းသစ်တစ်ခု စတင်သည့်နေ့ဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအားလုံး ပူးပေါင်း၍ အရည်အသွေးပြည့်ဝသော သင်ယူမှုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မည်ဟု ယုံကြည်ပါသည်။
MHS မှလည်း ယနေ့နံနက်ပိုင်းတွင် ကျောင်းများသို့ သွားရောက်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေးခဲ့ပါသည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် အဖြေရှာကာ ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။
၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရပ်ဆိုင်ရာ အောင်မြင်မှုများ၊ ကောင်းမွန်သော အတွေ့အကြုံများနှင့် ပျော်ရွှင်ဖွယ်ရာ အမှတ်တရများစွာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#2026-2027
03/06/2026
အသိပေးကြေညာချက်
*********
ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ (CDC) ကျောင်းအား ၂၀၂၆ ခုနှစ် ဇွန်လ (၄) ရက်နေ့မှ စတင်၍ ပုံမှန်သင်ကြားရေးအစီအစဉ်များဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု ကျောင်းအုပ်ချုပ်ရေးနှင့်စီမံရေးရာဌာနက ထုတ်ပြန်ထားပါသည်။
02/06/2026
MHS Singing Competition 2026
Theme: "Rising Voices, Rising Stars"
****************
🎤 ဖိတ်ခေါ်စာ
မင်္ဂလာပါ။
MHS (Myanmar Health Support) မှ ရွှေ့ပြောင်းကျောင်းသား၊ ကျောင်းသူများ၏ အနုပညာစွမ်းရည်များကို မြှင့်တင်ပေးရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နှင့် ဖျော်ဖြေရေးဆိုင်ရာ အရည်အချင်းများကို ဖော်ထုတ်အားပေးနိုင်ရန် ရည်ရွယ်၍ "MHS Singing Competition 2026" ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်(စနေနေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
သီချင်းဆိုခြင်းကို စိတ်ဝင်စားပြီး အရည်အချင်းရှိသော ကျောင်းသား၊ ကျောင်းသူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
📌 ပြိုင်ပွဲအချက်အလက်
• ပြိုင်ပွဲအမည် – MHS Singing Competition 2026
• Theme – "Rising Voices, Rising Stars"
• Registration Fee – 100 Baht
• လျှောက်လွှာလက်ခံမည့်ရက် – ၄ ဇွန်လ ၂၀၂၆
• လျှောက်လွှာပိတ်မည့်ရက် – ၂၄ ဇွန်လ ၂၀၂၆
• ပြိုင်ပွဲကျင်းပမည့်ရက် – ဇူလိုင်လ ၁၁ ရက် ၂၀၂၆ ခုနှစ် (စနေနေ့)
• နေရာ – ထိုင်းနိုင်ငံ၊မဲဆောက်မြို့။
🏆 ဆုချီးမြှင့်မှုများ
🥇 ပထမဆု – 5,000 Baht + Certificate
🥈 ဒုတိယဆု – 3,000 Baht + Certificate
🥉 တတိယဆု – 2,000 Baht + Certificate
⭐ Popular Award – 2,000 Baht + Certificate
📋 ပါဝင်ယှဉ်ပြိုင်နိုင်သူများ
• ရွှေ့ပြောင်းသင်ကြားရေးစင်တာများမှ ကျောင်းသား၊ ကျောင်းသူများ
• သတ်မှတ်ထားသော Registration Form ကို အချိန်မီ ပြည့်စုံစွာ ဖြည့်စွက်တင်သွင်းရမည်။
• လျှောက်လွှာဖောင်များကို MHS ရုံး သို့မဟုတ် သင်ကြားရေးစင်တာ တာဝန်ခံများထံမှ ရယူနိုင်ပါသည်။
🎼 ပြိုင်ပွဲစည်းမျဉ်းများ
• ပြိုင်ပွဲဝင်များသည် MHS Band နှင့်အတူ တိုက်ရိုက် (Live Performance) သီဆိုယှဉ်ပြိုင်ရမည်။
• အကြိုစမ်းသပ်သီဆိုခြင်း (Rehearsal) ပြုလုပ်ပေးမည် မဟုတ်ပါ။
• ပြိုင်ပွဲဝင်များသည် မိမိရွေးချယ်ထားသော သီချင်း၏ Music Chord / Song Note များကို လျှောက်လွှာနှင့်အတူ မဖြစ်မနေ ပူးတွဲတင်သွင်းရမည်။
• သီချင်းစာသားများတွင် အကြမ်းဖက်မှု၊ မဖွယ်မရာအသုံးအနှုန်းများ သို့မဟုတ် လူမျိုး၊ ဘာသာ၊ ကျား/မ ခွဲခြားမှုများ မပါဝင်ရပါ။
• အကဲဖြတ်အမှတ်ပေးစည်းမျဉ်း (Judging Criteria) နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို လျှောက်လွှာလက်ခံပြီးနောက် ပေးပို့မည်ဖြစ်သည်။
• ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်ပါသည်။
📞 ဆက်သွယ်ရန်
Phone: 09-285-889-43 / 09-305-014-63
🎶 Join the Stage, Share Your Voice, Become a Rising Star! 🎶
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Tak
63110