ACADBridge
31/01/2026
A day at SAW Foundation (Social Action for Children and Women)
[English text below]
ဒီနေ့မှာတော့ နွေးထွေးတဲ့အိမ်လေးလို ခံစားမှုကိုပေးတဲ့ SAW Foundation (Social Action for Children and Women) ဆီကို ACACBridge ရောက်ရှိခဲ့တုန်းက workshop က ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ Team work ကောင်းကောင်း Time Management ကောင်းကောင်းနဲ့ Practical session မှာ ဦးဆောင်သွားကြတာကတော့ အားရစရာပါပဲ။ ဆရာတို့ရဲ့ အကြံပြုချက်များအတိုင်း လက်လှမ်းမှီဖို့ ခက်ခဲတဲ့ကလေးတွေဆီကိုလည်း မျှဝေပေးနိုင်ဖို့ ကြိုးစားသွားပါဦးမယ်။
[English text..]
It was a pleasure to work in such a warm and supportive environment, which felt just like home. The energy during the practical sessions was fantastic, with everyone demonstrating excellent teamwork and time management skills. We’ve taken your suggestions to heart and we will make sure to reach more children who lack access to these resources. Thank you, SAW Foundation, for the warm welcome!
#လူငယ်မှလူငယ်ဆီသို့
#ပညာပေါင်းကူး
30/01/2026
Our 7th location: Love and Care Learning Center
[English text below]
ဒီနေ့ဆိုရင် Mae Sot မှာရှိတဲ့ Migrant Schools တွေဆီကို သွားရောက်ပြီး University Preparation အတွက် လိုအပ်တဲ့ Digital literacy workshop လေးတွေ ပြုလုပ်ပေးလာခဲ့တာ ကျောင်းပေါင်း ၇ ကျောင်းထိရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ Love and Care Learning Center က ကျောင်းသူကျောင်းသားတွေရဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို အားလုံးနဲ့ မျှဝေပေးလိုက်ပါတယ်။
အများစုက တိုင်းရင်းသားကလေးတွေဖြစ်တာကြောင့် ဘာသာစကားအခက်အခဲတော့ အနည်းငယ်ရှိခဲ့ပါတယ်။ နားလည်ဖို့ ခက်ခဲတဲ့ အကြောင်းအရာတွေကိုလည်း သိလိုစိတ်ပြင်းပြစွာနဲ့ ပြန်မေးကြလို့ပဲ workshop လေးဟာ အသက်ဝင်ခဲ့ပါတယ်။ မိခင်ဘာသာစကားနဲ့ သေချာလေးပြန်ရှင်းပြပေးတဲ့ Love and Care က ဆရာများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
[English text..]
Our mission to provide "Digital Literacy for University Preparation" workshops has reached a new milestone. Love and Care Learning Center is the 7th school in Mae Sot to participate in our Digital Literacy program. We want to share some of the amazing energy from the students today.
Since many of them come from diverse ethnic backgrounds, we did face a few language hurdles along the way. But honestly? That’s what made the session so alive. Their curiosity was unstoppable—whenever they hit a tough spot, they weren't afraid to dive in and ask questions until they truly understood. A huge thank you to the teachers at Love and Care for stepping in and explaining the more complex parts in the students' native languages. Your support made all the difference!
#လူငယ်မှလူငယ်ဆီသို့
#ပညာပေါင်းကူး
29/01/2026
A day at BHSOH Learning Center (Boarding High School for Orphan and Helpless)
[English text below]
ဒီနေ့မှာတော့ BHSOH Learning Center ဆီကို ACADBridge အဖွဲ့သားတွေ သွားရောက်ပြီး Digital literacy workshop လေးတစ်ခု ပြုလုပ်ပေးဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ တူညီဝတ်စုံလေးတွေနဲ့ ငယ်ရွယ်သူတို့ရဲ့ တက်ကြွတဲ့ ပုံရိပ်တွေက အားလုံးအတွက်လည်း ကျောင်းသားဘဝရဲ့ ပျော်စရာမှတ်ဉာဏ်တွေ ပြန်အမှတ်ရစရာပါပဲ။
workshop တစ်လျှောက်လုံး ဘေးကနေ ကလေးတွေလိုအပ်သမျှ ကူညီပေးတဲ့ BHSOH က ဆရာ ဆရာမများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အကြံပြုချက်များအတိုင်း online sessions တွေကနေလည်း ထပ်ကူညီပေးနိုင်ဖို့ လုပ်ဆောင်ပေးသွားပါဦးမယ်။ ✨
[English text..]
We’re excited to share some highlights from the ACADBridge team’s recent visit to BHSOH Learning Center, where we hosted a digital literacy workshop!
There’s something about seeing the students in their uniforms, full of energy and curiosity, that really takes you back to those happy school day memories.
A huge thank you to the teachers at BHSOH for being right there by the students' side and supporting them throughout the session. We’ve taken your suggestions to heart and are currently preparing to provide continued support through dedicated online sessions.
#လူငယ်မှလူငယ်ဆီသို့
#ပညာပေါင်းကူး
26/01/2026
A day at CDC (Children's Development Centre)
[English text below]
ဒီနေ့မှာတော့ မဲဆောက်မြို့ထဲက မြန်မာ Migrant School တစ်ခုဖြစ်တဲ့ Children's Development Centre - CDC ဆီကို ACADBridge အဖွဲ့သားတွေ ရောက်ရှိခဲ့ပါတယ်။ ✨
ကျောင်းသားအင်အားများသလို၊ သူတို့ရဲ့ သင်ယူလိုစိတ် ပြင်းပြမှုတွေကလည်း ဒီနေ့ Workshop တစ်ခုလုံးကို အသက်ဝင်စေခဲ့ပါတယ်။ CDC လို နေရာမျိုးမှာ လူငယ်တွေနဲ့အတူ အသိပညာတွေ ဖလှယ်ခွင့်ရတာ၊ နည်းပညာနဲ့ ပညာရေးဆိုင်ရာ အတွေ့အကြုံသစ်တွေကို မျှဝေခွင့်ရတာက တကယ့်ကို တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေပါပဲ။ ဒီလို အခွင့်အရေးမျိုး ရရှိအောင် ကူညီပေးကြတဲ့ CDC ကျောင်းက ဆရာ/ဆရာမများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
[English text..]
Today, our ACADBridge team arrived at the Children's Development Centre (CDC), a Myanmar migrant school located in Mae Sot. ✨
Not only was the student attendance strong, but their eagerness to learn made the entire workshop dynamic and lively. Sharing knowledge and new insights on technology and education with the youth at CDC was a truly meaningful experience for us. We are deeply grateful to all the teachers at CDC for their support in facilitating this event.
Follow us on Instagram:
https://www.instagram.com/acadbridge/
#လူငယ်မှလူငယ်ဆီသို့
#ပညာပေါင်းကူး
25/01/2026
Out on the border: Our day at Mercy Mission Education Center ✨
[English text below]
ဒီပိတ်ရက်မှာတော့ မဲဆောက်မြို့နဲ့ အနည်းငယ်လှမ်းတဲ့ Mercy Mission Eduaction Center ဆီက စိတ်အားထက်သန်စွာနဲ့ လက်ခံသင်ယူဖို့ အသင့်ဖြစ်နေခဲ့ကြတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကို အားလုံးနဲ့အတူ မျှဝေလိုက်ပါတယ်။
ဒီဘက်အပိုင်းတွေမှာက အင်တာနက်လိုင်း ကောင်းကောင်းရဖို့ဆိုတာ တော်တော်လေးကို ခက်ခဲသလို၊ အစစအရာရာ လိုအပ်ချက်တွေလည်း ရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်အားထက်သန်မှုကို မြင်လိုက်ရတဲ့ ခဏက အဲဒီအခက်အခဲတွေ၊ လမ်းခရီးအကွာအဝေးတွေကို ခဏတာ မေ့သွားမိ စေတဲ့အထိပါပဲ။
ပညာရေးမှာ နယ်နိမိတ်မရှိဘူးဆိုတာကို သက်သေပြရင်း ACADBridge ရဲ့ သင်ယူမှုအတွေ့အကြုံကောင်းတွေကို ဒီလိုနေရာမျိုးထိ လက်ဆင့်ကမ်း မျှဝေခွင့်ရခဲ့တဲ့အတွက် တကယ်ကို ပီတိဖြစ်ရပါတယ်။
[English text]
This weekend, we are sharing moments from the Mercy Mission Education Center, located quite a distance from Mae Sot, where students were ready and eager to learn.
Operating in this remote area comes with its challenges—internet access is a luxury, and resources are limited. However, seeing the students' passion and readiness to learn made us forget the miles we traveled and the connectivity issues we faced.
It was an honor to bring ACADBridge to this space. We are proud to bridge the gap and prove that education has no limits.✨
#လူငယ်မှလူငယ်ဆီသို့
#ပညာပေါင်းကူး
24/01/2026
K-GED students in the Spotlight
[English text below]
ဒီတစ်ခါမှာတော့ Karen General Educational Development (K-GED) မှာ ပြုလုပ်ခဲ့တဲ့ ACADBridge ရဲ့ in-person workshop ပုံရိပ်လေးတွေကို ထပ်မံ မျှဝေပေးလိုက်ပါတယ်။
စူးစမ်းလေ့လာလိုစိတ်အပြည့်နဲ့ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြလို့ နောက်ထပ်အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ စောင့်မျှော်နေတဲ့ online sessions တွေလည်းလာတော့မှာဆိုတော့ registration အတွက် လက်မနှေးဖို့တော့လိုမယ်နော်။
[English text]
We are pleased to share more moments from the ACADBridge in-person workshop held at K-GED.
The event was a great success, driven by the students' eagerness to learn and active participation.
Please note that our highly anticipated online sessions are launching soon. We encourage you to register early to secure your spot!
Follow us on:
Instagram - https://www.instagram.com/acadbridge/
#လူငယ်မှလူငယ်ဆီသို့
#ပညာပေါင်းကူး
23/01/2026
A huge thanks to Kwe Ka Baung School for having the ACADBridge team. The energy in the room was incredible with your brilliant students!✨
23/01/2026
Some highlights from In-person workshop at Kwe Ka Baung School✨
[English text below]
အားလုံးပဲ မင်္ဂလာပါ 🙌
ဒီနေ့ကတော့ ACADBridge ရဲ့ in-person Digital Skills training workshop လေးကို Kwel Ka Baung School မှာ မနေ့က အောင်မြင်စွာ ပြုလုပ်ခဲ့တဲ့ ပုံရိပ် လေး တွေကို မျှဝေ ပေးလိုက်ပါတယ်။
နောက်ထပ်လည်း အဆင့်မြင့်ပညာရေးမှာ အသုံးဝင်ပြီး အကျိုးရှိတဲ့ digital skills တွေကို in-person workshop တွေအပြင် online webinar တွေပါ ပြုလုပ်ပေးသွားမှာဖြစ်လို့ registration အတွက် နောက်ကျမကျန်ခဲ့အောင် သေချာလေး ဆက်လက် စောင့်ကြည့်ပေးကြပါဦးနော်။ 🎓🌱
[English text]
Greetings from ACADBridge! 🙌
Today, we are sharing some highlights from the ACADBridge in-person Digital Skills training workshop, which was successfully held yesterday at Kwel Ka Baung School.
We will be organizing more useful and valuable digital skills in pursuing higher education—including both in-person workshops and online webinars—so please make sure to stay tuned so you don't miss out on registration! 🎓🌱
#လူငယ်မှလူငယ်ဆီသို့
#ပညာပေါင်းကူး
22/01/2026
Something big is coming. ✨
22/01/2026
[English Text Below]
အားလုံးပဲ မင်္ဂလာပါ။
သင်ဟာ အဆင့်မြင့်ပညာရေးကို ဆက်လက်ဆည်းပူးလိုသော်လည်း ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ၊ ဘယ်လိုလျှောက်ထားရမလဲ ဒါမှမဟုတ် ပထမဆုံးခြေလှမ်းကို ဘယ်လိုစတင်ရမလဲ ဆိုတာကို မသေမချာဖြစ်နေတဲ့ ရွှေ့ပြောင်းလူငယ်တစ်ဦး ဖြစ်ပါသလား?
ဒါဆိုရင်တော့ သင့်အတွက် အထူးအခွင့်အရေးတစ်ခုကို ACADBridge မှ ယူဆောင်ပေးလာပါပြီ 🙌
ACADBridge - အကြောင်း တစေ့တစောင်း
ACADBridge ကတော့ ယခင် Open Society University Network (OSUN) ဟု လူသိများသော Global Higher Education Alliance for the 21st Century (GHEA21) လက်အောက်ရှိ Get Engaged alumni project တစ်ခုဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလူငယ်များ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာတတ်ကျွမ်းမှုဖြင့် အဆင့်မြင့်ပညာရေး အခွင့်အလမ်းများကို ပိုမိုလက်လှမ်းမီနိုင်ရေးအတွက် ပေါင်းကူးပေးနိုင်ဖို့ စတင်ခဲ့ခြင်းဖြစ်ပါတယ်။
ACADBridge အနေနဲ့ ကိုယ်တိုင်လေ့လာသင်ယူမှု (Self-paced learning)၊ လက်တွေ့လုပ်ဆောင်မှု၊ သတင်းအချက်အလက် ရှာဖွေနိုင်မှုနဲ့ နည်းပညာတတ်ကျွမ်းမှုဆိုင်ရာများကို လေ့ကျင့်ပေးမည့် Digital Skills သင်တန်းတွေကို အွန်လိုင်းရော၊ လူကိုယ်တိုင်ပါ တက်ရောက်နိုင်အောင် စီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်။
ACADBridgeက ဘာတွေယူဆောင်လာမှာလဲ❓
Mentorship အစီအစဉ်ကနေတစ်ဆင့် တစ်ဦးချင်းအလိုက် ပညာရေးဆိုင်ရာ လမ်းညွှန်မှု၊ လိုအပ်တဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဆိုင်ရာများကို ပံ့ပိုးကူညီ ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာဆိုရင်ဖြင့် အဆင့်မြင့်ပညာရေး အခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်ဖို့ရာ မိမိတို့ဆီမှာ လစ်ဟာနေတဲ့ skills တွေကို ဖြည့်ရာမှာ လမ်းညွှန်ပေးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။
ထို့အပြင် နည်းပညာ ကျွမ်းကျင်မှုကိုသာမက ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်း၊ ကိုယ်တိုင်ဦးဆောင် လေ့လာနိုင်စွမ်းနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာတွေမှာ ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်စွမ်းတွေကိုပါ အဓိကထား သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ကဲ ဒါဆို...စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေမှာဖြစ်တဲ့အတွက် Page လေးကိုလည်း စောင့်ကြည့်ပေးကြပါအုံးနော်! ဒီအခွင့်အရေးလေးကို အခြားလိုအပ်မယ့်သူတွေ၊ စိတ်ဝင်စားမယ့်သူတွေဆီကိုလည်း ပြန်လည်မျှဝေပေးကြဖို့ မမေ့နဲ့နော်🤗
Hello everyone!
Are you a migrant youth interested in pursuing higher education but unsure how to prepare, apply, or take your first step?
Then, ACADBridge brings such an incredible opportunity just for you! 🙌
A glimpse into ACADBridge
ACADBridge is a winning project of the Get Engaged Year-long Fellowship under the Global Higher Education Alliance for the 21st Century (GHEA21), formerly known as the Open Society University Network (OSUN). The initiative was established to expand access to education and digital opportunities for migrant communities in Mae Sot District, western Thailand, and neighboring regions. We’ll deliver both online and in-person digital skills training designed to support self-paced learning, practical hands-on activities, and strong search and information literacy.
What does ACADBridge offer?
In the purpose of bridging gaps to higher education pathways, our mentorship program provides academic guidance, digital skills and personalized support to every resilient learners. Our training emphasizes not only technical competence, but also critical thinking, independent learning, and confidence in navigating digital environments.
We have many more interesting activities and opportunities coming up. So, please stay tuned to our Page! Please also share this with other interested individuals who might need it.🤗
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
63110