Shat Pyar Entertainment
21/07/2025
အရေးပေါ်အကူအညီတောင်းခံခြင်း 📢
ဦးမုန်အောင် (အသက် ၃၉ နှစ်)၊ (ပြီးခဲ့သည့်နှစ်က Man of the Year Myanmar ဆုရှင်) ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ကတည်းက ပျောက်ဆုံးနေပါတယ်ရှင့်။ မြစ်ကြီးနားကနေ ရန်ကုန်ကို လုပ်ငန်းကိစ္စနဲ့ ရောက်ရှိနေတာပါ။
ပျောက်ဆုံးသွားချိန်မှာ ဦးမုန်အောင်ဟာ မိတ်ကပ်ရောင် TOYOTA HILUX SURF ကား (ယာဉ်အမှတ် ***") ကို မောင်းနှင်သွားတာဖြစ်ပါတယ်။
နောက်ဆုံးတွေ့ရှိခဲ့တဲ့နေရာကတော့
စမ်းချောင်းမြို့နယ်၊ ရွှေပြည်အေးလမ်းပေါ်က ရန်ကုန်ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတော်
(Yangon Kachin Baptist Church) ရဲ့ အဆောင်မှာ ညနေပိုင်းအထိ တွေ့ခဲ့ရတာပါ။
မိသားစုဝင်တွေနဲ့ ရုံးအဖွဲ့သားတွေအားလုံး အရမ်းစိုးရိမ်ပူပန်နေကြပါတယ်။😭😭😭
🙏🙏 တွေ့ရှိသူများ သို့မဟုတ် သတင်းရရှိသူများရှိပါက အောက်ပါဖုန်းနံပါတ်ကို ချက်ချင်းဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့် 🙏🙏
အရမ်းကိုစိတ်ပူနေရလို့ ကူရှာပေးကြပါနော်
📞 09680 900 900
*Min Naing (21.7.2025)
#အရေးပေါ်အကူအညီ #ပျောက်ဆုံးသူရှာဖွေခြင်း #ဦးမုန်အောင် #ရန်ကုန် #မြန်မာ**
17/07/2025
ဓါးပြတိုက် ပြန်ပေးဆွဲ ဖမ်းမိအဖွဲ့ထံတွင် DKBA ကဒ်ပြားတွေ့မှုအပေါ် ရှင်းလင်းမည်
ဇူလိုင် ၁၇၊ ၂၀၂၅
မြဝတီမြို့လယ်တွင် ဓါးပြတိုက်၊ ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် အဖွဲ့ဝင်များကို ဖမ်းဆီးရမိစဉ် DKBA အဖွဲ့ ကဒ်ပြား တွေ့ မှုအပေါ် ရှင်းလင်းပြောဆိုသွားရန် စီစဉ်နေသည်ဟု DKBA ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
မြဝတီ မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းဝယ်တင်သွင်းသည့် လုပ်ငန်းရှင်ဟာဂျီ ဦးမြတ်ကို အား ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့တွင် နေအိမ်သို့ လူတစ်ဖွဲ့က ဝင်ရောက်ဓါးပြတိုက်ခဲ့ပြီးနောက် ငွေကျပ် ၁၀ သိန်း နှင့် ဘဏ်စနစ်အတွက် အသုံးပြုသည့် ဖုန်းကို ယူဆောင်သွားမှု ဖြစ်ပွားခဲ့သည်။
ထို့အပြင် ထိုအဖွဲ့က ထပ်မံ၍ ဇူလိုင် ၁၄ ရက်နေ့တွင် ၎င်းကို ဖမ်းဆီးကာ မိသားစုကို ဘတ် ၃ သန်းဖြင့် ရွေးရန် အကြောင်းကြားခဲ့ရာ မိသားစုက ကရင်နယ်ခြားစောင့်တပ်ထံ တိုင်ကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို BGF က ဇူလိုင် ၁၅ ရက်နေ့တွင် လိုက်လံဖမ်းဆီးခဲ့မှု အခြေအနေကို မြို့ခံတဦးက ယခုလို ပြောသည်။
“၁၅ရက်ညက မြေနီကုန်းလမ်းမမှာ ပစ်ကြတာကနေ အသေ တစ်ယာက်မိတယ်၊ အရှင်၄ ယောက်မိတယ်။ ခေါင်းဆောင် တစ်ယောက်က လွတ်နေတယ်။ အဲဒီ့ ထဲက ၂ ယောက်က DKBA တပ်ဖွဲ့ကဒ်တွေ တွေ့တယ်။ ဟာဂျီ မြတ်ကို ကို ည တစ်နာရီ ကျော်မှာ ပြန်ကယ်နိုင်ခဲ့တယ်" ဟု ၎င်းက ပြောသည်။
ယခုလို ဓါးပြနှင့် ပြန်ပေးဆွဲမှု ကျူးလွန်သည့် အဖွဲ့ထံတွင် DKBA ကဒ်ပြား တွေ့ရရှိမှုအပေါ် တပ်ဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ယခုလို ပြောသည်။
“ဒီရက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဓါးပြတိုက်မှုနှင့် ပြန်ပေးမှု ကျူးလွန်သူများ အသုံးပြု ခဲ့သည့် ကားကို ဖမ်းဆီးရမိထားပြီး DKBA အဖွဲ့ဝင် ကုန်သွယ်ရေး ဆိုင်ရာ အထောက်အထားများ တရားခံများထံတွင် တွေ့ရသည်ဟု ပြန်ပေးဆွဲခံရသူ၏ မိတ်ဆွေ တစ်ဦးက ကေအိုင်စီသို့ ယမန်နေ့ ကတည်းက ပြောဆိုသည်။
လက်ရှိ မြဝတီမြို့တွင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ ရှိသော်လည်း မြို့လုံခြုံရေးအတွက် ကရင်နယ်ခြားစောင့် တပ်-BGF က အဓိက တာဝန်ယူထားသည့် အခြေအနေမျိုးဖြစ်သည်ဟု မြို့ခံများထံမှ သိရသည်။
Photo: CJ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
63110