Kayin New
27/03/2025
ကာစီနိုလောင်းကစားကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေကြမ်း ထိုင်းအစိုးရ အတည်ပြု
ဘန်ကောက်၊ မတ်-၂၇-၂၀၂၅
ထိုင်းအစိုးရဟာ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖို့နဲ့ ဂိမ်းလုပ်ငန်းကို တည်ဆောက်ဖို့ ကြိုးပမ်းမှုအဖြစ် ကာစီနိုနဲ့ အခြားလောင်းကစားတွေပါဝင်တဲ့ ဖျော်ဖြေရေးနေရာတွေကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေကြမ်းတရပ်ကို ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရထီနဲ့ မြင်းပြိုင်ပွဲလိုအရာတွေ့လွဲပြီး လောင်းကစားအများစုကို ပိတ်ပင်ထားပေမယ့် ပြည်ပဧည့်သည်တွေကို ဆွဲဆောင်နိုင်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ နိုင်ငံဘဏ္ဍာဖန်တီးနိုင်ဖို့အတွက် ကာစီနိုလောင်းကစားကို ခွင့်ပြုဖို့ အစိုးရအဆက်ဆက် ဖိအားပေးခဲ့ကြပါတယ်။
ဒါပေမယ့် ထိုင်းအစိုးရက လက်ရှိအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းထဲမှာ လောင်းကစားရုံတွေကို သွားရောက်မယ့်သူတွေကို သိသာထင်ရှားစွာ ကန့်သတ်မှုတွေရှိနေပြီး ဝင်ကြေး ဘတ် ၅၀၀၀ နဲ့ ဘဏ်အပ်ငွေ ဘတ်သန်း ၅၀ ရှိမှာသာ ကစားနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံသားတွေအတွက် ပိုင်ဆိုင်မှုလိုအပ်ချက်ကို လျှော့ချဖို့ အစီအစဉ်ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးက ယခုလအစောပိုင်းမှာ ပြောပါတယ်။ နောက်ထပ်ကန့်သတ်ချက်မှာ ကာစီနိုလုပ်ငန်းသည် ဖျော်ဖြေရေးအဆောက်အအုံနေရာရဲ့ ၁၀ ရာခိုင်နှုန်းသာ လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို လွှတ်တော်ကို ပေးပို့သွားမှာဖြစ်ပြီး အတည်ပြုပါက အထက်လွှတ်တော်နဲ့ ထိုင်းဘုရင်တို့ရဲ့ အတည်ပြုချက် ရယူရမှာဖြစ်ပါတယ်။ ဥပေဒအသေးစိတ်က အတည်မဖြစ်သေးဘူးလို့ ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အသက် ၂၀ နှစ်အထက်အရွယ်တွေရဲ့ ထက်ဝက်ခန့်ဟာ ကာစီနိုကစားကြသူတွေဖြစ်ပြီး ထိုင်းနိုင်ငံဟာ ကမ္ဘာ့တတိယအကြီးဆုံး လောင်းကစားနေရာတခုဖြစ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
ဖြူထိုင်းပါတီဦးဆောင်တဲ့ ထိုင်းအစိုးရဟာ ကာစီနိုနဲ့ ဖျော်ဖြေရေးလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုအသစ် ဘတ် ၁၀၀ ဘီလီယံကို ဆွဲဆောင်နို်ငဖို့နဲ့ ပြည်ပခရီးသွား ငါးရာခှိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ တိုးလာဖို့ မျှော်လင့်ထားပါတယ်။
ထိုင်းနိုင်ငံအရေး ဘယ်လိုရှေ့ဆက်မှာလဲ....
Kayin New 🇳🇱🇳🇱🇳🇱
27/03/2025
ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်နားကျင်းပမဲ့ပွဲ
ဘားအံမြို့ သံလွင်မြစ်သဲသောင်ယံတွင် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အား ယခုနှစ် ဧပရယ်လ တစ်လလုံးနီးပါး ကျင်းပသွားမည်
ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်မြစ်သဲသောင်ယံတွင် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အား ယခုနှစ် ဧပရယ်လ တစ်လလုံးနီးပါး ကျင်းပသွားရန် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
"ဒီနှစ်တော့ ဘားအံမြို့ရဲ့ သံလွင်မြစ်သဲသောင်ယံမှာ "နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်"ကို ဧပရယ်လ တစ်လလုံးနီးပါး ကျင်းပသွားဖို့ ပြင်ဆင်ဆောင်ရွက်နေကြပါပြီ။ ဘားအံကမ်းနားညဈေးနားလေးတင်ဆိုတော့ မုန့်လဲစား ရေလဲ ကစားလို့ ရပါမယ်။"ဟု ဒေသခံ တစ်ဦးက ဆိုထားသည်။
အဆိုပါ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အား ရပ်ဝေး/ ရပ်နီးမှ မိတ်ဆွေများအနေဖြင့် ဘားအံမြေ၏ လည်ပတ်စရာ အထင်ကရ နေရာများ၊ သာယာလှပသည့် ရေတံခွန်တော၊ တောင်စိမ့်စမ်း နွေအလှများကို ခံစားကာ လာရောက်လည်ပတ်နိုင်ကြောင်းလည်း ၎င်းက ဆိုထားသည်။
ထို့ပြင် သံလွင်မြစ်အတွင်း ရေစိမ်၊ ကူးခတ်၊ ဆင်နွဲကြကာ တစ်နှစ်တာ ကိုယ်စိတ်နှလုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှကို အပန်းဖြေရန်လည်း ဖိတ်ခေါ်ထားသည်။
Kayin New 🇳🇱🇳🇱🇳🇱
คลิกที่นี่เพื่อเป็นสมาชิก?