Xing’s Playbook

Xing’s Playbook

แชร์

18/03/2026

စျေးကွက်မကောင်းလို့ အရောင်းကျတာလား?
ဒါမှမဟုတ် ကိုယ့်လုပ်ငန်းအနေအထားကို မသိသေးတာလား?

စျေးကွက်အနေအထား ဘယ်လိုပြောင်းနေတယ်ဆိုတဲ့ 𝐏𝐄𝐒𝐓𝐄𝐋 ကို လေ့လာပြီးတဲ့နောက်မှာ ကိုယ့်လုပ်ငန်း ဘယ်နေရာမှာ ရပ်နေတယ်ဆိုတာကို သိဖို့ 𝐒𝐖𝐎𝐓 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ကို သုံးပါတယ်။

ဒီ 𝐟𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 က ကိုယ့်လုပ်ငန်းရဲ့ လက်ရှိ အားသာချက်၊ အားနည်းချက်၊ စျေးကွက်အခွင့်အရေး၊ ပြိုင်ဘက်အန္တရာယ် တွေကို အလွယ်တကူ မြင်နိုင်အောင် ကူညီပေးတဲ့ 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐭𝐨𝐨𝐥 ဖြစ်ပါတယ်။

𝐒𝐖𝐎𝐓 ဆိုတာကတော့
1️⃣𝐒 – 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 > ကိုယ့်လုပ်ငန်းရဲ့ အားသာချက်
2️⃣𝐖 – 𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬 > ကိုယ့်လုပ်ငန်းရဲ့ အားနည်းချက်
3️⃣𝐎 – 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 > စျေးကွက်ထဲမှာ ရှိနေတဲ့ အခွင့်အရေး
4️⃣𝐓 – 𝐓𝐡𝐫𝐞𝐚𝐭 > စီးပွားရေးကို ထိခိုက်နိုင်တဲ့ အန္တရာယ်
အဓိက 𝐢𝐝𝐞𝐚 က ကိုယ့်အားသာချက်ကို အသုံးချပြီး အခွင့်အရေးကို ဖမ်းနိုင်အောင်လုပ်တာ ဖြစ်ပါတယ်။
ဥပမာ – 𝐅𝐌𝐂𝐆 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 (𝐒𝐡𝐚𝐦𝐩𝐨𝐨 / 𝐒𝐧𝐚𝐜𝐤𝐬 / 𝐇𝐨𝐮𝐬𝐞𝐡𝐨𝐥𝐝 𝐢𝐭𝐞𝐦𝐬)

✅𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡
✔ 𝐎𝐧𝐥𝐢𝐧𝐞 𝐨𝐫𝐝𝐞𝐫 + 𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲 ရှိလို့ အိမ်ကနေဝယ်လို့ရတယ်
✅𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬
✘ 𝐁𝐫𝐚𝐧𝐝 𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 မရှိသေးဘူး
✘ 𝐂𝐨𝐧𝐭𝐞𝐧𝐭 / 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အားမကောင်းသေးဘူး
✅𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲
✔ လူတွေ 𝐨𝐧𝐥𝐢𝐧𝐞 𝐬𝐡𝐨𝐩𝐩𝐢𝐧𝐠 ပိုလုပ်လာတယ်
✔ 𝐓𝐢𝐤𝐓𝐨𝐤 / 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ကနေ 𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐫𝐞𝐯𝐢𝐞𝐰 တွေ 𝐯𝐢𝐫𝐚𝐥 ဖြစ်လွယ်
✅𝐓𝐡𝐫𝐞𝐚𝐭
✘ 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐨𝐫 𝐨𝐧𝐥𝐢𝐧𝐞 𝐬𝐡𝐨𝐩 များလာတယ်
✘ 𝐏𝐫𝐢𝐜𝐞 𝐜𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 ဖြစ်နိုင်တယ်
📝အလွယ်ဆုံးမှတ်ထားရရင် 𝐒(𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡) နဲ့ 𝐖(𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬) က ကိုယ့်လုပ်ငန်းအတွင်းက လာတဲ့အရာ (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐜𝐭𝐨𝐫𝐬) ဖြစ်ပြီး 𝐎 (𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲) နဲ့ 𝐓 ( 𝐓𝐡𝐫𝐞𝐚𝐭) က စျေးကွက်ထဲက လာတဲ့အရာ (𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐜𝐭𝐨𝐫𝐬) ဖြစ်ပါတယ်။

𝐒𝐖𝐎𝐓 𝐀𝐧𝐚𝐥𝐚𝐲𝐬𝐢𝐬 မှာ လုပ်ငန်းတိုးတက်ဖို့ ဘယ်ဟာအရေးကြီးဆုံးလဲ❓ မေးလာရင်တော့
‼️အများစုက 𝐒 (𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡) ကိုဘဲ ကြည့်ကြတယ်။
✅တကယ်တမ်း 𝐖(𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬) ပါ။ ကိုယ့် 𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬 ကို သိထားမှ ဘာတွေတိုးတက်အောင် လုပ်သင့်လဲဆိုတာ ပြန်အဖြေရှာလို့ရပြီး ကိုယ့်လုပ်ငန်းကို တိုးတက်အောင်လုပ်နိုင်မှာပါ။
💡𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬 ကို 𝐟𝐢𝐱 လုပ်နိုင်ရင် 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 အသစ်တွေ ဖြစ်လာနိုင်ပါတယ်။
ဆိုတော့ကား စျေးကွက်မကောင်းလို့ အရောင်းကျတာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကိုယ့်လုပ်ငန်းအနေအထားကို မသိထားရင် အခွင့်အရေးကိုလည်း မမြင်နိုင်သလို အန္တရာယ်ကိုလည်း မပြင်ဆင်နိုင်ပါဘူး။

ဒါကြောင့် စျေးကွက်ကို နားလည်ဖို့ 𝐏𝐄𝐒𝐓𝐄𝐋 လိုအပ်ပြီး ကိုယ့်လုပ်ငန်းကို နားလည်ဖို့ 𝐒𝐖𝐎𝐓 လိုအပ်ပါတယ်။
📌 စျေးကွက်ကိုသာကြည့်တဲ့ 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 က 𝐝𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧 မရှင်းသလို ကိုယ့်လုပ်ငန်းကိုသာကြည့်တဲ့ 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 က 𝐦𝐚𝐫𝐤𝐞𝐭 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 မမြင်နိုင်ပါဘူး။
🎯နှစ်ခုလုံးကို ကြည့်နိုင်တဲ့ လုပ်ငန်းကဘဲ ရေရှည်မှာ ရပ်တည်နိုင်ပါလိမ့်မယ်။
ကိုယ့်လုပ်ငန်းကို တစ်ခါမှ 𝐒𝐖𝐎𝐓 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 မလုပ်ဖူးသေးဘူးလား?
𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ “𝐒𝐖𝐎𝐓” လို့ရေးခဲ့ပေးပါနော်။
🎁𝐂𝐛 မှာ 𝐬𝐢𝐦𝐩𝐥𝐞 𝐒𝐖𝐎𝐓 𝐭𝐞𝐦𝐩𝐥𝐚𝐭𝐞 ကို 𝐬𝐡𝐚𝐫𝐞 ပေးပါမယ်။
𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွေနဲ့ ပတ်သက်ပြီး အချိန်မရွေး 𝐗𝐢𝐧𝐠 ဆီ လာမေးလို့ရပါတယ်ရှင့်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok