SCM Soe Aung
#
31/10/2024
"ဒီပါဝလီ "နေ့🚩🚩🚩🇮🇳
ဒီနေ ဟာ Hinduဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်Deepavali နေ့ဖြစ်ပါတယ်။
ဟိန္ဒူဘာသာဝင် လူမျိူးနွယ်စုအားလုံးနဲ့သက်ဆိုင်တဲ့ ပျော်ရွှင်စရာမီးထွန်းပွဲတော်ပါ။ဒီပါဝလီရဲ့အဓိပ္ပါယ်မှာ ဒီပ (ဆီမီး) နှင့်ဝလီ(အာဝလီ)(တန်းစီထွန်းညှိခြင်း) ဆိုတော့ *ဆီမီးများကိုညီညာစွာ တန်းစီထွန်းညှိခြင်း*ဖြစ်ပါတယ်။
အမှောင်ဆိုတဲ့အဝိဇ္ဇာ ကို ဖြိုခွင်းပြီး တောက်ပခြင်းအလင်းရောင်ကို သယ်ဆောင်ပေးခြင်း၊အဓမ္မများပျောက်ကွယ်ပြီး ဓမ္မများအားကောင်းလာစေခြင်း၊နှစ်ဟောင်းမှ အညံ့များကွယ်ပျောက်စေပြီး လာဘ်လာဘပေါများကြွယ်ဝစေခြင်း၊ပညာအလင်းရောင်ပိုမိုထွန်းလင်းတောက်ပလာစေခြင်း တို့ကိုရည်ရွယ်ပြီး ဆီမီးများကိုထွန်းညှိပူဇော်ခြင်းဖြင့် ကျက်သရေမင်္ဂလာအဖြာဖြာပြည့်စုံစေတဲ့ရိုးရာ၊ယဉ်ကျေးမူပွဲတော်ပါ။
ဒီပါဝလီကျင်းပရခြင်းက လူမျိုးနွယ်စုအများကြီးရှိတဲ့အတွက် အကြောင်းအရာအများကြီးထဲကတစ်ချက်ကိုဖော်ပြပေးပါမယ်။
ရာမမင်းသားဟာ ဒသဂီရိဘီလူးကို အနိုင်ရခဲ့ပြီး ပြန်လာတာဖြစ်သလို ၊တောထဲမှာ (၁၄)နှစ်တာ နေပြီးပြန်ရောက်လာလို့ တိုင်းသူပြည်သားများမှ ဂုဏ်ယူပျော်ရွှင်စွာနဲ့ ဆီမီးတန်းစီထွန်းညှိပြီးကြိုဆိုကြတဲ့ပွဲတော်လည်းဖြစ်ပါတယ်။အဲဒီညကလည်း သီတင်းကျွတ်လကွယ်ည၊ လမိုက်ညဖြစ်တော့ အမှောင်ကိုဖယ်ရှားပြီး ဆီမီးထွန်းညှိပြီးအလင်းရောင်နဲ့ကြိုဆိုကြတာပါ။ဒါ့ကြောင့်ဒီပါဝလီကျင်းပရခြင်းဟာ အဓမ္မ ကိုဖယ်ရှားပြီးဓမ္မကိုကြိုဆိုတဲ့ဆီမီးထွန်းပွဲတော်လို့တင်စားလို့ရပါတယ်။ဒီ့အပြင် နှစ်ဟောင်းက လောဘ၊ဒေါသ၊မောဟများကို စွန့်ခဲ့ပြီးနှစ်သစ်မှာ ခွင့်လွှတ်ခြင်း၊ငြိမ်းချမ်းခြင်း၊အောင်မြင်ခြင်း၊ကြွယ်ဝပြည့်စုံခြင်းများနဲ့ ပြည့်စုံအောင်ကြိုဆိုတဲ့ပွဲဖြစ်ပါတယ်။
ဒါ့ကြောင့် ဟိန္ဒူဘာသာဝင်များဟာ ဥစ္စာဓန နဲ့ပြည့်စုံတဲ့လက္ချမီးမယ်တော် ကိုDeepavali နေ့မှာ အထူးပူဇော်ကြပါတယ်။ဟိန္ဒူဘာသာဝင်များရဲ့ မျိုးနွယ်စုကွဲပြားမှုနဲ့အတူ အယူအဆများကွဲပြားစေပေမဲ့ ဒီပါဝလီဆီမီးထွန်းပွဲတော် အဓိပ္ပါယ်အတူတူပါဘဲဖြစ်ပါတယ်။
အခြားအကြောင်းအရာတွေအများကြီးရှိပါသေးတယ်။အဓိက ၂ချက်ကို တင်ပြပေးတာပါ။
မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ Hindu ဘာသာဝင် လူမျိုးနွယ်စု ၁၀စုရဲ့ Deepavali ပွဲတော်ကျင်းပပုံ မတူကြပေမဲ့ အဓိကဖြစ်တဲ့ ဆီမီးများကို တန်းစီထွန်းညှိရတဲ့ ပွဲတော်ကတူညီကြပါတယ်။
မိသားစုဝင်များဟာ တပါတ်ကြိုတင် ပြင်ဆင်ပြီး ပွဲတော်ရက်ကို ၅ရက်တိုင်တိုင်ကျင်းပကြပါတယ်။
ကိုဗစ်ကတည်းက ပွဲလမ်းသဘင်ကြီးကြီးကျယ်ကျယ် မကျင်းပပေမဲ့ မိမိအိမ်မှာတော့ ဘုရားရှိခိုးခြင်း၊လူကြီးမိဘများကန်တော့ခြင်း၊ ဆုတောင်းခြင်းဖြင့် ဆီမီးများကို လမိုက်ညမှာ တန်းစီထွန်းညှိကာ ကျင်းပပြုလုပ်ကြမှာပါ။
ဟိန္ဒူဘာသာဝင်မိသားစုများကလည်း မိမိတို့အိမ်မှာ ဘုရားရှိခိုး ဆုတောင်းခြင်းဖြင့် မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းသာယာစေရန်၊ကမ္ဘာသူ ကမ္ဘာသားများငြိမ်းချမ်းသာယာစေရန် ဆုတောင်းကြမှာဖြစ်ပါတယ်။
ဆီမီးများကို တန်းစီထွန်းညှိပူဇော်ခြင်းဖြင့် မနက်ဖန်ကျရောက်မဲ့ Deepavali ပွဲတော်မှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ၊ဘာသာအားလုံး ၊တိုင်းရင်းသားအားလုံး အေးချမ်းသာယာစွာ နေထိုင်နိုင်ကြပါစေရန် ဆုတောင်းကြပါစို့လို့ မေတ္တာရပ်ခံအပ်ပါတယ်။
လေးစားစွာဖြင့်🧡💓❤🧡
Successmore 100%ယုံကြည်ပြီး
ဝိုး.လမကုန်သေးပဲ
လက်တွေ့ကြကြကြိုစားခဲ့တာဆိုရင်
စံပြအဖြစ်အဖွဲ့စည်းရဲ့ရှေ့မှာမားမားမှတ်မှတ်နဲ့
တစ္လကို20000ဘတ် ရရှိပိုင်ဆိုင်သွားတဲ့
လီတာကြီး ko Wai yan Soe
အရမ်းနဲ့မတော်ပါတယ်
လေးစားစွာဖြစ် ဂုဏ်ယူပါတယ်🙏🙏🙏🙏
သီတင်းကျွတ်လပြည့်နေ့
အဘိဓမ္မာအခါတော်နေ့😘😘
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ บุคคลสาธารณะ
เว็บไซต์
ที่อยู่
Bangkok