BURMA GATE

BURMA GATE

แชร์

11/06/2026

ရှုးထွက်အဆင့်ရောက်မှ စပိန်အတွက် ကစားနိုင်မယ့်လာမိန်းရာမယ်
====================================
လူငယ်ကြယ်ပွင့်လာမိန်းရာမယ်ဟာ ကြံ့ခိုင်မှုပြဿနာကြောင့်
စပိန်အတွက် ရှုးထွက်အဆင့် ပွဲစဉ်တွေ ရောက်မှ ကစားနိုင်ဖို
များတယ်လို သတင်းတွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်
ဒဏ်ရာကြောင့် အနားယူနေရတဲ့လာမိန်းရာမယ်ဟာ
ကြံ့ခိုင်မှု ပြည့်ဖို ရုန်းကန်နေရတာကြောင့် စပိန်ရဲ့
အုပ်စုပွဲစဉ်တွေမှာ ကစားနိုင်မှာ မဟုတ်ဘူးလို
စပိန်မီဒီယာတွေက ရေးသားလာတာ ဖြစ်ပါတယ်
စပိန်ဟာ အုပ်စုပွဲစဉ်တွေအဖြစ် ကိပ်ဗာဒီ၊ ဥရုဂွေး၊
ဆော်ဒီတိုနဲ့ ကစားရမှာ ဖြစ်ပါတယ်
ပြီးခဲ့တဲ့ဧပြီလထဲကတည်းက အနားယူနေရတဲ့လာမိန်းရာမယ်ကို
ကြံ့ခိုင်မှုအပိုင်း ရာနှုန်းပြည့်စိတ်ချရမှ ကစားခွင့်ပေးဖို
စပိန်အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်
လာမိန်းရာမယ်နဲ့ပါတ်သတ်ပြီး ဘာစီလိုနာအသင်းနဲ့
အချေအတင် ဖြစ်ခဲ့ဖူးတာကြောင့်လည်း စပိန်အသင်းတာဝန်ရှိသူတွေက
ကြံ့ခိုင်မှု မပြည့်ဘဲ ကစားခွင့် မပေးဖို ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်








#လာမိန်းရာမယ်
#စပန်
#ဘာစီလိုနာ
#ကမဘာ့ဖလား
#ဘောလုံးသတင်း
#အားကစားသတင်း
#နောက်ဆုံးရသတင်းများ

11/06/2026

ရာသီဥတု မတည်ငြိမ်တာကို စိုးရိမ်တဲ့အင်္ဂလန်နည်းပြ
=============================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ရာသီဥတု အပြောင်းအလဲ မြန်တာတွေက စိန်ခေါ်မှုတွေ
ဖြစ်လာမှာကို စိုးရိမ်တယ်လို ပြောကြားခဲ့ပါတယ်
ကော်စတာရီကာကို အနိုင်ရခဲ့တဲ့ခြေစမ်းပွဲ မကစားခင်မှာ
ရာသီဥတု အခြေအနေကြောင့် ပွဲကစားဖို နှောင့်နှေးခဲ့ပြီးနောက်မှာ
သောမတ်စ်တူချယ်က ရာသီဥတု အပြောင်းအလဲ မြန်တာတွေကို
စိုးရိမ်တယ်လို ပြောကြားခဲ့တာ ဖြစ်ပါတယ်
အင်္ဂလန်နဲ့ကော်စတာရီကာတို ကစားမယ့်ပွဲမတိုင်ခင်မှာ
ကစားမယ့်အော်လန်ဒိုကွင်းဟာ မုန်တိုင်းမိုး ရွာနိုင်တာကြောင့်
ကစားဖို စိတ်ချရအောင် စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်
ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့်အမေရိကန်နိုင်ငံထဲက
ကွင်းတွေထဲမှာ တစ်ချိုနေရာတွေက အပူချိန် မြင့်မားလွန်းသလို
တစ်ချိုနေရာတွေက မုန်တိုင်းမိုး ရွာသွန်းတာတွေ
ဖြစ်တတ်တာကို ပြီးခဲ့တဲ့နွေရာသီက ကစားခဲ့တဲ့
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်








#အငဂလန်
#အမေရိကန်
#မကကဆီကို
#ကလပကမ္ဘာ့ဖလား
#‌ဘောလုံးသတင်း
#အားကစားသတင်း
#နောက်ဆုံးရသတင်းများ

11/06/2026

ကစားသမား ၁၁ ဦးအထိ ရှင်းထုတ်လိုက်တဲ့စပါးစ်
============================
အသင်းကို ပြုပြင်တည်ဆောက်မှုတွေ လုပ်ဆောင်မယ့်စပါးစ်ဟာ
ကစားသမား ၁၁ ဦးအထိ အသင်းကနေ ရှင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်
စပါးစ်နည်းပြဒီဇာဘီနဲ့ အသင်းတာဝန်ရှိသူတွေဟာ
ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်မှာ အသင်းအတွက်
မလိုအပ်တော့ဘူးလို သတ်မှတ်လိုက်တဲ့ကစားသမား ၁၁ ဦးနဲ့
လမ်းခွဲဖို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်
စပါးစ်ဘက်က ရှင်းထုတ်လိုက်တဲ့ကစားသမားတွေထဲမှာ
ပထမအသင်းကစားသမားဖြစ်တဲ့ကွင်းလယ်ကစားသမားဘစ်ဆူးမားနဲ့အတူ
အရံအသင်းနဲ့လူငယ်အသင်းက ကစားသမားတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်
ဘစ်ဆူးမားဟာ ၂၀၂၅ ခုနှစ်က မန်ယူကို အနိုင်ရခဲ့တဲ့
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ခြေစွမ်းပြခဲ့တဲ့ကစားသမားလည်း ဖြစ်ပါတယ်
ဒီဇာဘီက အသင်းကို ပြင်ဆင်တည်ဆောက်တဲ့နေရာမှာ
အသင်းအတွက် မကစားချင်တော့တဲ့ကစားသမားတွေကိုလည်း
ရောင်းထုတ်ဖို ဆုံးဖြတ်ထားတယ်လို သတင်းတွေ
ထွက်ပေါ်လျက်ရှိပါတယ်








#ဘစဆူးမား
#စပါးစ်
#ဒဇာဘီ
#ပရးမီးယာလိဂ်
#‌ဘောလုံးသတင်း
#အားကစားသတင်း
#နောက်ဆုံးရသတင်းများ

09/06/2026

ရိုမဲရိုကို ခေါ်ဖို ကြိုးပမ်းမယ့်မန်ယူ
===================
မန်ယူဟာ စပါးစ်နောက်ခံလူရိုမဲရိုကို ခေါ်ဖို
ကြိုးပမ်းမှုတွေ လုပ်ဆောင်လာတယ်လို The Sun သတင်းစာက
ဖော်ပြခဲ့ပါတယ်
ရိုမဲရိုဟာ မန်ယူနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်နဲ့
အာဂျင်တီးနားအသင်းမှာ အတွဲညီညီ ခြေစွမ်းပြနိုင်ခဲ့သူ
ဖြစ်တာကြောင့် မန်ယူဟာ ရိုမဲရိုကို ခေါ်ဖို
ကြိုးပမ်းလာတာ ဖြစ်ပါတယ်
ရိုမဲရိုကို အက်သလက်တီကိုနဲ့ ဘာစီလိုနာကလည်း
ခေါ်ဖို ကြိုးပမ်းနေတာကြောင့် မန်ယူအနေနဲ့
လက်ဦးမှု ယူဖိုအတွက် စပါးစ်လိုချင်တဲ့
ပြောင်းရွှေ့ကြေးမျိုး ပေးနိုင်ဖို လိုအပ်မှာ ဖြစ်ပါတယ်
စပါးစ်နည်းပြဒီဇာဘီကလည်း အသင်းကို
ပြင်ဆင်တည်ဆောက်တဲ့နေရာမှာ အသင်းမှာ
ဆက်မကစားချင်တဲ့ကစားသမားတွေကို
ရောင်းထုတ်ပေးထားတာကြောင့်
မန်ယူအနေနဲ့ စပါးစ်လိုချင်တဲ့ပြောင်းရွှေ့ကြေးပေးနိုင်ရင်
ခေါ်နိုင်မယ့်အလားအလာတွေကို ပိုင်ဆိုင်နေပါတယ်








#မနယူ
#ဘာစီလိုနာ
#စပါးစ်
#ပရးမီးယာလိဂ်
#‌ဘောလုံးသတင်း
#အားကစားသတင်း
#နောက်ဆုံးရသတင်းများ

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

2 Charoenakorn Road, Klongsan
Bangkok
10600