In Real Life Vlog
26/03/2026
သေချာတာတော့ အရင် Snape လိုစကားတစ်လုံးချင်းပြောမှာမဟုတ်လောက်ဘူး တော်ကြာလူမဲဆိုတော့ Rap ရွတ်သလိုဖြစ်နေတယ်ဆိုပြီး ပြင်နိုင်တယ်။
ဆံပင်တောင် လူမဲ Signature ကျစ်ဆံမြှီး နဲ့ ဒါပေမဲ့ ဒီ Snape ကို Potter အရမ်းမုန်းမယ်မထင်ဘူး၊ Original Version လောက်လည်း ဇာတ်နာမပြလောက်ဘူး။ လူမဲဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေပေါ့လေ
25/03/2026
ရုပ်ရှင်ဆိုတာ လူသားတွေရဲ့ အကောင်းဆုံးဖန်တီးမှုတွေထဲကတစ်ခု။ အကောင်းဆုံးဖန်တီးမှု ကို တစ်ယောက်တစ်မျ်ိုးမရိုးအောင် ဖန်တီးကြရင်း တဖြည်းဖြည်း ဒါတွေပဲမြင်နေရပြီး ငြီးငွေ့စရာကောင်းလာတယ်။ အဲ့ထဲကမှ Animation ဇာတ်လမ်းတွေလည်း ထိုနည်းတူပဲ တစ်ခါလာလည်း ဒီ Plot ဒီ Type ကိုပဲ မတူတဲ့ပုံ မတူတဲ့ အမြင်ကနေပဲရိုက်ပြရင်း တော်တော်လေးပျင်းစရာကောင်းလာတယ်။
Animation ဆိုတာကလေးတွေအတွက်ထုတ်ရတာဖြစ်တော့ ဇာတ်ကောင်တွေက ချစ်စရာ ၊ မြင်လိုက်တာနဲ့ သဘောကျချင်စရာ ကောင်းအောင်ဖန်တီးကြရတယ်။
Animation တစ်ခုအောင်မြင်ချင်ရင် ဥပမာ ဟာသဆန်ရမယ်ဆိုရင် ပထမဆုံး ဇာတ်ကောင်တွေချစ်စရာကောင်းရမယ် ၊ Animation Theme ကလည်း ကြည့်ရတာပေါ့ပေါ့ပါးပါး ရောင်စုံဖြစ်ရမယ် ရီစရာဟာသတွေပါရမယ် ငပေါလုပ်ရမယ် ဝမ်းနည်းစရာဆိုရင်တော့ ဇာတ်နာပြရင်ကိုရပြီ ဒါပေမဲ့ ဇာတ်ကောင်တွေကတော့ ချစ်စရာကောင်းနေရမယ်။ ဒါပေမဲ့ ကာတွန်းထဲမှာ တကယ့် Master Piece လို့အော်နေကြတဲ့ ဇာတ်လမ်းကတော့ အပေါ်မှာပြောခဲ့တာတွေ နဲ့တော်တော်များများကွဲထွက်နေတယ်။ Animation နာမည်ကတော့ Rango ပါပဲ။
22/03/2026
Spider-Man 3 ကောင်ထဲမှာ အချမ်းသာဆုံး က Tom Spider-Man ပဲ Tony ပေးတဲ့အမွေမရှိတော့တာတောင် အေးဆေးအလုပ်လုပ်ရင်း ZFlip နဲ့ကြမ်းနေတဲ့ဆရာသမား ၊ အမွဲဆုံးကတော့ ဆရာကြီး Tobey ပေါ့ ၊ အိမ်ရှင်မမြင်သ၍ အိမ်လခ ပေးစရာမလိုဘူးဆိုတဲ့ Logic နဲ့ဆရာကြီး ။
Andrew ကတော့ အအေးဆေးဆုံးပဲ Aunt May အလုပ်လုပ်နေတော့ စိတ်ဓါတ်ကျရင်တောင် အိမ်တွင်းအောင်းနေလို့ရတယ်။ ဗိုက်ဆာရင် အန်တီ ဘာရှိလဲမေးလိုက်ရုံပဲ
06/03/2026
ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ Alien တွေအများကြီး မိတ်ဆက်ခဲ့ပေမဲ့ Xenomorph တွေက မိတ်ဆက်ခဲ့တဲ့အထဲမှာ အမိုက်ဆုံး အကောင်းဆုံး နဲ့ စီးပွားရေးလုပ်လို့အကောင်းဆုံးပဲ။
Xenomorph ဆိုတာ ရုပ်ရှင်ထဲက သာမန် Alien တစ်ကောင် ဆိုတာထက် လူသားတွေရဲ့ အနက်ရှိုင်းဆုံး အကြောက်တရားတွေကို ပုံဖော်ထားတဲ့ ပြယုဂ်တစ်ခု ဖြစ်သလို၊ ဇီဝဗေဒ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း Survival အတွက် အမြင့်ဆုံး ဆင့်ကဲပြောင်းလဲမှု Greatest Evolution ကို ရောက်နေတဲ့သက်ရှိမျိုးနွယ်ဝင်တွေလည်းဖြစ်ပါတယ်။
ဒီတစ်ခါ Xenomorph တွေအကြောင်း အသေးစိတ်လေ့လာကြပါမယ်။
คลิกที่นี่เพื่อเป็นสมาชิก?