LIGHT

LIGHT

แชร์

Wishing you happiness and joy."

19/05/2026

မင်းကို မုန်းဖို့ ကြိုးစားတာ ၃ နှစ်ရှိပြီ။
ဒါပေမဲ့ မအောင်မြင်ဘူး။

မင်းရဲ့ နာမည်ကို Block လုပ်လိုက်တယ်။
ဒါပေမဲ့ ဦးနှောက်ထဲက Block မရဘူး။

မင်းဆိုးတာတွေကို ပြန်တွေးတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြောတယ် "ထိုက်တန်ဘူး" လို့။

ဒါပေမဲ့ နှလုံးသားက
မင်းကောင်းခဲ့တဲ့ ၁ မိနစ်လေးကိုပဲ
ပြန်ပြန်သတိရနေတယ်။

မုန်းပစ်ဖို့ ကြိုးစားလေလေ
သတိရလေလေပါပဲ။

ဒါကြောင့် မုန်းပစ်ဖို့ မကြိုးစားတော့ဘူး။
သတိရခြင်းတွေနဲ့ နေနိုင်အောင်ပဲ ကြိုးစားတော့မယ်။

15/05/2026

ပြုံးပြနိုင်တယ်။
စကားပြောနိုင်တယ်။
အလုပ်လုပ်နိုင်တယ်။

ဒါပေမဲ့
ညရောက်ရင်
ငါ ကြေမွသွားတယ်။

ဘယ်သူမှ
မသိဘူး။

မင်းက လွဲရင်‌ပေါ့ အချစ်ရယ်။

13/05/2026

မင်းရွေးချယ်တဲ့ လူက ဘာလို့ ငါမဟုတ်ခဲ့တာလဲ။

ငါမကောင်းလို့လား။
ငါမလုံလောက်လို့လား။

ဒါမှမဟုတ် ငါက မင်းရဲ့ဇာတ်လမ်းထဲမှာ
ဇာတ်ပို့ပဲလား။

မေးခွန်းက များတယ်။
အဖြေက တစ်ခါမှ မရခဲ့ဘူး။

ဒါပေမဲ့ ရပါတယ်။
မင်းရဲ့ရွေးချယ်မှုကို
ငါလေးစားတယ်။

ငါကိုယ်တိုင်တော့
ငါ့ကိုယ်ငါ ရွေးချယ်ဖို့ သင်ယူရဦးမယ်။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

ที่อยู่

Bangkok