Myatmin Thu

Myatmin Thu

แชร์

13/04/2026

တိုက်ပွဲသတင်းထုတ်ပြန်ချက်
----------------------
ဧပြီလ ၁၃ ရက်၊ ၂၀၂၆။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနအနေဖြင့် ယနေ့ (၁၃.၄.၂၀၂၆) ရက်၊ သကြင်္န်အကြိုနေ့တွင်
ဘီးလင်းမြို့နယ် လက်ယက်စခန်းမှ စွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား လိုက်လံချေမှုန်း ချောင်ပိတ်ရိုက်ရာ စစ်ကောင်စီတပ်သား (၇) ဦးသေ၊ (၂) ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ လက်နက်များအနေဖြင့် MA4 ပူးတွဲ (၁) လက်၊ MA2စက်လက် (၁) လက်၊ MA3 (၄) လက်၊ MA1 (၃) လက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့်၊ ငါကြင်းမြီးကျည် (၂၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်ဘောက် (၁၀) ခု၊ စကားပြောစက် တလုံး နှင့် စစ်သုံးပစ္စည်းတစ်ချို့ သိမ်းဆည်းရမိခဲ့သည်။

လေးကေစခန်းသိမ်းတိုက်ပွဲအား KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အထူးတိုင်းစစ်ဌာန
အမှတ် (၁) စစ်ဆင်ရေးနယ်မြေ
ပြည်သူ့ကာကွယ်ရေးတပ်မတော်

13/04/2026

ရဲဘော်အေကေ
ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၁) တောင်ပိုင်းခရိုင်ဇုန်(၂)
လေးကေစခန်းသိမ်းတိုက်ပွဲတွင်မြင့်မြတ်စွာကျဆုံး(13/4/2026)

12/04/2026

အောင်မြင်မှု့ရဲ့နောက်ကွယ်မှာ
ပေးဆပ်မှုဆိုတာရှိစမြဲပဲ (12/4/2026)

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bang Kapi?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok
Bang Kapi