Your Lifetime Partner - CMK
16/05/2026
☂️ အသက်အာမခံထားခြင်းဟာ မိမိကိုယ်မိမိ ထက် မိမိနောက်ကွယ်မှာ ကျန်ရစ်ခဲ့မယ့်သူတွေ ရဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်...
👉 ၁။ Income Protection (ဝင်ငွေ အစားထိုးခြင်း)
အိမ်ထောင်ဦးစီး သို့မဟုတ် ဝင်ငွေရှာပေးနေသူ တစ်ဦးတစ်ယောက် မတော်တဆဖြစ်သွားခဲ့ရင် ကျန်ရစ်သူမိသားစုရဲ့ စားဝတ်နေရေး၊ အိမ်လခနဲ့ အထွေထွေအသုံးစရိတ်တွေကို အာမခံငွေက ထောက်ပံ့ပေးနိုင်ပါတယ်။
👉 ၂။ Debt Coverage (အကြွေးဝန်ထုပ်ဝန်ပိုး လျှော့ချခြင်း)
အိမ်ချေးငွေ (Home Loan)၊ ကားချေးငွေ ဒါမှမဟုတ် တခြားသော ပေးရန်ရှိတာတွေကို မိသားစုဝင်တွေဆီ အမွေအဖြစ် မချန်ထားခဲ့မိစေဖို့ အာမခံက ကာကွယ်ပေးပါတယ်။
👉 ၃။ Children’s Future (သားသမီးများ၏ အနာဂတ်)
ပညာရေးအာမခံ (Education Insurance) မျိုးဟာ ကလေးတွေ အရွယ်ရောက်တဲ့အခါ မိဘရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ရဲ့ ပညာရေးအိပ်မက်တွေ မပျက်စီးအောင် သေချာပေါက် ငွေကြေးပံ့ပိုးပေးနိုင်ပါတယ်။
📊 လိုအပ်တဲ့ Insurance တွေထဲက ယခု
သင့်လက်ရှိ ဝင်ငွေ၊ ထွက်ငွေနဲ့ဘယ်ဟာက ပိုကိုက်ညီနေမလဲ?
👉 Term Life Plan လား❓
👉 Whole Life Plan လား❓
👉 Endowment Plan လား❓ဆိုတာ အခုပဲ ကျမနဲ့နဲ့ တိုင်ပင်လိုက်ပါနော်☂️
"နောက်ကျမှ နောင်တရတာထက် စောစောစီးစီး အစီအစဉ်ဆွဲထားဖို့ တိုက်တွန်းပါရစေ"
Cho Mar Khine @ Connie
Financial Services Consultant
📲 09 43080902
AI(N)LI - 19141
Rising Star (2025)
MDRT (2026)
Premier Club Member
06/05/2026
☂️ အခုလာမယ့် 10.5.2026 (Sunday) မှာ ကျင်းပမယ့် အာမခံအကြောင်း သိကောင်းစရာ ပွဲလေးကို တက်ရောက်ဖို့ ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ချစ်ခင်စွာနဲ့ ဖိတ်ပါတယ်ရှင့်
☂️အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိသားစုရဲ့အနာဂတ်ကို အသီးသီးစောင့်ရှောက်နေ့ကြသော မေမေများမှ ဘဝတစ်သက်တာ လုံခြုံမှုရစေရန် အာမခံအကြောင်း သိကောင်းစရာများကို ပြောပြပေးသွားမှာဖြစ်ပါတယ်
☂️ အာမခံဆိုတာဘာလဲ? ဘယ်လိုလဲ? ဆိုတာ သိလိုတဲ့သူတိုင်း တက်ရောက်နိုင်ရဲ့ အစီအစဉ်လေးပါနော်
📱 စိတ်ဝင်စားတဲ့ မိတ်ဆွေများအနေနဲ့ မက်
ဆန်ဂျာမှတဆင့်စာရင်းပေးသွင်းနိုင်ပါတယ်
🗓️ 10.5.2026
⏰ 1:00PM to 3:00PM
🏢 22th Floor , Junction City Office Tower
06/05/2026
01/05/2026
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများ၊ အလုပ်သမားများ အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။
လုပ်ငန်းအဖွဲ့အစည်း တိုးတက်အောင်မြင်ဖို့သာမက မိသားစု၊ လူမှုပတ်ဝန်းကျင်မှာလည်း အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တာကြောင့် မတူညီတဲ့ အခန်းကဏ္ဍအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများ၊ အလုပ်သမားများ တစ်ဦးတစ်ယောက်ချင်းစီရဲ့ဘဝဟာ တန်ဖိုးရှိပြီး ဘဝလုံခြုံမှုရှိဖို့နဲ့ အနာဂတ်တွေကို ကာကွယ်ပေးဖို့ ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့လုပ်ငန်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် အသက်အာမခံ၊ ကျန်းမာရေးအာမခံအပြင် မတော်တဆထိခိုက်မှုတို့ကိုပါ ကာကွယ်ပေးနိုင်မဲ့ Corporate Solutions အဖွဲ့လိုက်အကာအကွယ်မှတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ယူဆောင်ပေးနိုင်ပါပြီ။
မိမိရဲ့ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို AIA Myanmar နဲ့အတူ ရယူလိုက်ပါနော်
28/04/2026
AIA Myanmar ရဲ့ Score With Spurs အစီအစဥ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ဂုဏ်ယူစွာ ပံ့ပိုး၊ ကူညီထားပါတယ်။
အင်္ဂလိပ်ပရီမီးယားလိဂ် ထိပ်တန်းအသင်း Tottenham Hotspur က AIA နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံနှင့်တကွ အာရှပစိဖိတ်တစ်ခွင်က ကလေးများအတွက် ဘောလုံးလေ့ကျင့်ရေးသင်ကြားပေးနေတဲ့ Score With Spurs အစီအစဥ်မှာ Tottenham Hotspur ဘောလုံးနည်းပြများနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကျွမ်းကျင်နည်းပြများက ဘောလုံးလေ့ကျင့်ရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနဲ့အတူ အသင့်ရှိနေမှာဖြစ်ပါတယ်။
လေ့ကျင့်ရေးမှာ ထူးချွန်တဲ့ကလေးတွေကို ရွေးချယ်ပြီး ထိုင်းနိုင်ငံ၊ Koh Samui ရှိ AIA–Spurs Elite Football Camp မှာ ၆ ရက်တာ ထပ်မံ လေ့ကျင့်နိုင်မဲ့ ရွှေရောင်အခွင့်အရေးလည်းရှိတာကြောင့် အားလုံးလည်းရင်ခုန်၊ စိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်ပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေဆီ လျှောက်လှမ်းကြပါစို့။
AIA Myanmar is proud to announce that the Myanmar Football Federation (MFF) is supporting the Score With Spurs programme.
As part of this collaboration, the Myanmar Football Federation (MFF) will provide experienced and qualified football coaches to support children participating in the Score With Spurs training sessions by AIA in partnership with Tottenham Hotspur, a leading English Premier League club.
Children who excel during the training will be selected to take part in a six‑day training programme at the AIA–Spurs Elite Football Camp in Koh Samui, Thailand. We believe this exciting opportunity will inspire motivation, enthusiasm, and anticipation among all participants. Let’s continue our journey towards Healthier, Longer, Better Lives together with AIA Myanmar.
🌼 ၁၃၈၈ မြန်မာသင်္ကြန်နှစ်သစ် ဆုတောင်း 🌼
💦🌿 (7) ရက်သားသမီးများအားလုံး နှစ်သစ်မှာ ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းများ အပြည့်အဝ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏
✨ Happy Myanmar New Year! ✨
#2026 #1388
30/03/2026
ပြင်းထန်ရောဂါတွေကနေ အကာအကွယ်ရယူဖို့ စုံစမ်းတဲ့အခါ ဘယ်လိုမျိုးမေးခွန်းတွေ မေးမြန်းရမလဲဆိုပြီး တွေဝေမှုတွေရှိနေတတ်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
ဒါကြောင့် ဒီတွေဝေမှုတွေကို လက်တွေ့ကျကျ ဖြေရှင်းချက်ပေးနိုင်ဖို့ AIA Myanmar ရဲ့ ပြင်းထန်ရောဂါအာမခံ အကာအကွယ်ဖြစ်တဲ့ AIA Critical Illness Care နဲ့ ပတ်သက်ပြီး မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ချို့ကို အကြံပြုလိုက်ပါတယ်။
ပြင်းထန်ရောဂါ ၃၉ မျိုးအထိ ကာကွယ်ပေးတဲ့ AIA Critical Illness Care ဟာ ငွေကြေးဆိုင်ရာ ကာကွယ်ပေးပြီး ပြင်းထန်ရောဂါဖြစ်လာပါက တစ်လုံးတည်းပေးငွေကို ရရှိနိုင်တာကြောင့် ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေမှာ စိတ်အေးချမ်းမှုကို ရရှိနိုင်ပါတယ်။
AIA Myanmar ရဲ့ ငွေကြေးအတိုင်ပင်ခံများက လိုအပ်ချက်နဲ့ အမှန်တကယ်ကိုက်ညီမဲ့ အကာအကွယ်ကို ရွေးချယ်နိုင်အောင် ပံ့ပိုးကူညီပေးဖို့အတွက် အစဉ်အမြဲအသင့်ရှိနေတာကြောင့် အခုပဲ ဆက်သွယ်၊ စုံစမ်းကာ မေးမြန်းလိုက်ပါ။
AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4jyhAqC မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Are you exploring protection solutions for critical illnesses but feeling uncertain about where to begin? You are not alone.
To help address these uncertainties, we have highlighted a few key questions you may consider asking as you explore more about AIA Critical Illness Care.
AIA Critical Illness Care provides comprehensive financial protection for 39 critical illnesses. With a lump-sum payout upon diagnosis, it offers strong financial support and peace of mind during life’s most challenging moments.
Our AIA Myanmar financial advisors are always ready to guide and support you in choosing a protection plan that truly matches your needs. Feel free to reach out and explore your options today.
Learn more about AIA Critical Illness Care here: https://bit.ly/4oJJliJ
29/03/2026
အာမခံအကာအကွယ်နဲ့ပတ်သက်ပြီး ရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ခြင်းဟာ သင့်အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
သင့်အာမခံပေါ်လစီ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံ နဲ့ အကာအကွယ် စတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍများကို နားလည်သဘောပေါက်ခြင်းဟာ သင့် ရေရှည်အစီအစဉ်များနဲ့ အနာဂတ်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ယုံကြည်မှုအပြည့်နဲ့ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ အာမခံအကာအကွယ်ဟာ သင့်ဘဝကို ဘယ်လိုအခန်းကဏ္ဍတစ်ခုချင်းစီကနေ ပံ့ပိုးပေးနေပါသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
အနာဂတ်အတွက် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး စီမံ၊ ကာကွယ်နိုင်ဖို့ AIA Myanmar က သင်နဲ့ အမြဲအတူရှိနေပါတယ်။
Having clarity about your insurance empowers you to make better decisions for your future.
Understanding the key roles involved including how your insurance policy is structured, how it works, and what it covers helps you stay confident and aligned with your long‑term goals. Discover how each part comes together to support you.
At AIA Myanmar, we provide continued support, ensuring your future is effectively managed and well protected.
29/03/2026
❤️Career Opportunities Seminar ❤️
❤️ Ma Phoo District ရဲ့ COP ပွဲလေးကို AIA Myanmar Office , 22th လွှာမှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်ရှင့်
❤️ တက်ရောက်ပေးကြတဲ့ Customers များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်
21/03/2026
Eid Mubarak!
အေးချမ်းသာယာတဲ့ အီးဒ်ပွဲတော်နေ့ အခါသမယမှာ ချစ်မြတ်နိုးရတဲ့ မိသားစုနဲ့အတူ ပိုမိုကောင်းမွန်တဲ့နေ့ရက်များကို ရရှိ၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း AIA Myanmar က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Eid Mubarak!
On this special occasion of Eid al-Fitr, AIA Myanmar wishes you peace, joy, and brighter days with your beloved family.
Click here to claim your Sponsored Listing.
Category
Website
Address
Yangon