MoCo-X

MoCo-X

Share

25/04/2026

လူတစ်ယောက်ကို သိချင်ရင် ဒီ ၃ ချက် ကြည့်ပါ

လူတစ်ယောက်ကို သိဖို့
သူ ဘာပြောလဲ နားထောင်စရာ မလိုဘူး။
ဘာကြောင့်လဲ —
လူတွေက ပြောချင်တာ ပြောတယ်
ဖြစ်တာ ပြောတာ မဟုတ်ဘူး။

ဒါဆိုရင် ဘာ ကြည့်ရမလဲ —
၃ ချက် ကြည့်ပါ။

၁။ ဘာကို ဦးစားပေးလဲ ကြည့်ပါ
လူတစ်ယောက်ရဲ့ အစစ်က
သူ ပြောတဲ့ စကားထဲ မရှိဘူး
သူ ဦးစားပေးတဲ့ အရာထဲ ရှိတယ်။

အချိန် ကို ဘယ်မှာ သုံးလဲ
ပိုက်ဆံ ကို ဘယ်မှာ သုံးလဲ
စွမ်းအင် ကို ဘယ်မှာ သုံးလဲ

“ငါ့ မိသားစုက အရေးကြီးဆုံး” ပြောပေမယ့်
အချိန် အများဆုံး ရုံးမှာ ကုန်နေရင်
သူ့ ဦးစားပေးက ရုံး ဖြစ်တယ်
မိသားစု မဟုတ်ဘူး။

“ငါ ကျန်းမာရေး ဂရုစိုက်တယ်” ပြောပေမယ့်
ညတိုင်း ဘီယာ သောက်နေရင်
သူ့ ဦးစားပေးက ကျန်းမာရေး မဟုတ်ဘူး။

စကား မယုံပါနဲ့
ဦးစားပေးမှု ကြည့်ပါ
အချိန် ဘယ်မှာ ကုန်လဲ ဆိုတာက
သူ ဘာကို တကယ် တန်ဖိုးထားလဲ ပြတယ်။

၂။ ဖိအား ကျရင် ဘယ်လို ပြုမူလဲ ကြည့်ပါ
လူတစ်ယောက်ရဲ့ အစစ်က
အဆင်ပြေနေတဲ့ အချိန်မှာ မပေါ်ဘူး
ဖိအား ကျတဲ့ အချိန်မှာ ပေါ်တယ်။

ပိုက်ဆံ ကုန်ရင် ဘယ်လို ပြုမူလဲ
အလုပ် မဖြစ်ရင် ဘယ်လို ပြုမူလဲ
ချစ်သူ နဲ့ ရန်ဖြစ်ရင် ဘယ်လို ပြုမူလဲ

တစ်ချို့က ဖိအားကျရင် တာဝန်ယူတယ်
တစ်ချို့က ဖိအားကျရင် တစ်ခြားသူကို အပြစ်တင်တယ်
တစ်ချို့က ဖိအားကျရင် ရိုးသားတယ်
တစ်ချို့က ဖိအားကျရင် လိမ်ညာတယ်
တစ်ချို့က ဖိအားကျရင် ပိုကြိုးစားတယ်
တစ်ချို့က ဖိအားကျရင် ထွက်ပြေးတယ်

အဆင်ပြေနေတုန်း လူတိုင်း ကောင်းတယ်
ဖိအားကျမှ အစစ် ပေါ်တယ်

Warren Buffett က ပြောခဲ့ပါတယ်
“ဒီရေ ကျမှ ဘယ်သူ အဝတ်မပါ ရေကူးနေလဲ သိရတယ်”

ဒီရေ ဆိုတာ ဖိအား ပါ
ဖိအား ကျမှ လူ ရဲ့ အစစ် ပေါ်တယ်

၃။ ကိုယ့် မရှိတဲ့ နေရာမှာ ဘယ်လို ပြောလဲ ကြည့်ပါ
ဒါ အခက်ဆုံး အချက် ဖြစ်တယ်
ဒါပေမယ့် အတိကျဆုံး အချက်လည်း ဖြစ်တယ်။

ကိုယ့် ရှေ့မှာ ပြောတဲ့ စကားက
ကိုယ့်အတွက် ပြင်ဆင်ထားတဲ့ စကား ဖြစ်နိုင်တယ်
ကိုယ့် မရှိတဲ့ နေရာမှာ ပြောတဲ့ စကားက
သူ့ အစစ်ပါ။

တစ်ခြားသူ အကြောင်း
ကိုယ့်ရှေ့မှာ ပြောတဲ့ ပုံစံ ကြည့်ပါ

သူ မရှိတဲ့ နေရာမှာ
သူ့ အကြောင်း ကောင်းကေ ပြောတတ်တဲ့ လူ
ကိုယ့် အကြောင်းလည်း ကောင်းကောင်း ပြောလိမ့်မယ်

သူ မရှိတဲ့ နေရာမှာ
သူ့ အကြောင်း ဆိုးဆိုး ပြောတတ်တဲ့ လူ
ကိုယ့် အကြောင်းလည်း ဒီအတိုင်းပဲ ပြောလိမ့်မယ်

ဒါ pattern ပါ
ခြွင်းချက် ရှားတယ်

ဗုဒ္ဓက ဟောကြားခဲ့ပါတယ်
“ပုဂ္ဂိုလ်ကို သိဖို့ ကြာကြာ ပေါင်းရတယ်
သူ့ သီလ ကို ခက်ခဲချိန်မှ သိရတယ်
သူ့ ပညာ ကို ဆွေးနွေးချိန်မှ သိရတယ်”

ကြာကြာ ပေါင်းပါ — ဦးစားပေးမှု ပေါ်လာမယ်
ခက်ခဲချိန် ကြည့်ပါ — အစစ် ပေါ်လာမယ်
ကိုယ့် မရှိတဲ့ နေရာ သတိထားပါ — pattern ပေါ်လာမယ်

ဒါ ၃ ချက် ပါ

ပြီးရင် “ဒါဆိုရင် လူတွေကို သံသယ ဝင်ဖို့ ပြောတာလား” ထင်တယ်
မဟုတ်ပါဘူး။

သံသယ ဝင်ဖို့ မဟုတ်ဘူး
သတိ ရှိဖို့ပါ။

လူတစ်ယောက်ကို ချစ်ပါ
ဒါပေမယ့် မျက်စိ ဖွင့်ထားပါ။

လူတစ်ယောက်ကို ယုံပါ
ဒါပေမယ့် pattern ကို လေ့လာထားပါ။

မျက်စိ ဖွင့်ထားတဲ့ ချစ်ခြင်းက
မျက်စိ မှိတ်ထားတဲ့ ချစ်ခြင်းထက်
ပိုခိုင်မာတယ် ပိုကြာတယ် ပိုနက်ရှိုင်းတယ်။

လူတွေကြောင့် စိတ်မညစ်နဲ့တော့

Mobile uploads 02/03/2026

လူတစ်ယောက်က
ကိုယ့်အကြောင်းကို
မကောင်းဝေဖန်တာ၊
မကောင်းအတင်းပြောတာဟာ
တကယ်တော့
ကိုယ့်အကြောင်း မဟုတ်ပါဘူး။
သူတို့ကိုယ်တိုင်ရဲ့ အကြောင်းတွေ
သူတို့ရဲ့ အားနည်းချက်တွေ
သူတို့ရဲ့ သိမ်ငယ်မှုတွေ
သူတို့ရဲ့ ဘောင်ခတ်မိနေတဲ့
အမြင်တွေနဲ့
သူတို့ရဲ့ လိုအပ်နေခြင်းတွေကို
ထုတ်ဖော်ပြောကြားနေမိတာ ဖြစ်ပါတယ်။
ကိုယ့်ကို မလှဘူး၊
ရုပ်ဆိုးတယ် ဆိုပြီး
ပြောနေ ဝေဖန်နေတတ်တဲ့
သူတွေမှာအလှအပနဲ့ပတ်သက်ပြီး
စိတ်တိုင်းမကျခြင်း
ဘယ်လောက်လှသလဲဆိုပြီး
တိုင်းတာနေမိခြင်း စတဲ့
insecurities and limitations တွေ
ရှိနေလို့ ဖြစ်ပါတယ်။
ကိုယ့်ကို မတော်ဘူး၊
မကောင်းဘူး ဆိုပြီး
ပြောနေတတ်တဲ့ သူတွေဟာလည်း
ကိုယ့်ရဲ့ အခြေအနေကို
မကျေနပ်နိုင်သူတွေ
ကိုယ့်ရဲ့ ဘဝကို အားမလို
အားမရ ဖြစ်နေတဲ့သူတွေ
ဖြစ်နေတတ်ပါတယ်။
လူတစ်ယောက်ရဲ့
မကောင်းကြောင်းတွေကို
နှုတ်က ထုတ်ဖော်ပြောကြား
နေတယ် ဆိုကတည်းက
အဲ့ဒီလူမှာ jealousy
(မနာလိုခြင်းတွေ)
တည်ရှိနေတယ်ဆိုတာ
သေချာပါတယ်။
မနာလိုခြင်းဆိုတာ
ယှဉ်ပြိုင်ခြင်းက ဖြစ်တည်လာတဲ့
ကြောက်ရွံ့မှုပါပဲ။
လူတစ်ယောက်ကို ယှဉ်လို့
မနိုင်ဘူးလို့ ခံစားရမိတဲ့အခါ
မနာလိုခြင်းဟာ ဖြစ်တည်သွားပြီး
အနိမ့်ဆုံး အသေးဆုံး
လုပ်ရပ်တစ်ခုအနေနဲ့
အဲ့ဒီလူရဲ့ မကောင်းအတင်းတွေကို
ပြောကြားတတ်ကြပါတယ်။
ယှဉ်ပြိုင်ခြင်းဟာ
လုံးဝ မလိုအပ်တဲ့အရာတော့
မဟုတ်ပါဘူး။
လူ့ဘဝမှာနေတဲ့အခါ
ယှဉ်ပြိုင်ခြင်းတွေဟာ
ရှိနေမှာဖြစ်ပြီး
ယှဉ်သင့်သလောက် ယှဉ်
ပြိုင်သင့်သလောက် ပြိုင်ကြမှာပါ။
ဒါပေမယ့် အောင်မြင်မှုကို
အမှန်လိုချင်တယ်ဆိုရင်
ယှဉ်ပြိုင်ခြင်းကနေ
မနာလိုခြင်းအသွင်
မပြောင်းလဲမိဖို့ အရေးကြီးပါတယ်။
လူ့ဘဝဟာ
ပြေးလမ်းကြီးတစ်ခု ဆိုပါစို့။
ကိုယ်နဲ့ အတူပြေးနေတဲ့သူတွေ
ဘယ်အထိရောက်နေသလဲဆိုတာ
သိရဖို့တစ်ချက်လောက်တော့
ဘေးကို ကြည့်ရမှာပေါ့။
ဒါဟာ ယှဉ်ပြိုင်ခြင်းပါပဲ။
ပြီးရင် အရှေ့ကိုသာ
တည့်တည့်ကြည့်ရင်း
အားသွန်ခွန်စိုက် ပြေးရပါမယ်။
ဒါဟာ ကြိုးစားခြင်းပါပဲ။
ဒီလိုနဲ့
ပန်းအရင်ဝင်သွားတဲ့သူတွေကို
မကျေနပ်ခြင်းတွေ မဖြစ်ဘဲ
ဝမ်းသာပေးတတ်ရပါမယ်။
ကိုယ်လည်း တစ်ချိန်မှာ
ပန်းဝင်မယ် မဟုတ်ပါလား။
ဒါဟာ မုဒိတာထားခြင်းပါပဲ။
ဒါပေမယ့်
အတူပြိုင်တဲ့သူတွေကိုသာ
စိတ်ဝင်စားပြီး
ရှေ့ကိုမကြည့်ဘဲ ဘေးဘက်တွေပဲ
ကြည့်နေမယ်ဆိုရင်
ကိုယ်ဟာ ပန်းဝင်ဖို့
နောက်ကျပြီးရင်း
နောက်ကျနေမှာပါ။
ဒါဟာ မနာလိုခြင်းပါပဲ။
မနာလိုခြင်းဟာ
မအောင်မြင်နိုင်ပါဘူး။
ပိုဆိုးတာက မအေးချမ်းပါဘူး။
ဒါကို ရှင်းလင်းစွာသိမယ်ဆိုရင်
မနာလိုခြင်းဆိုတာ
ရပ်တန့်သွားပါလိမ့်မယ်။
ယှဉ်ပြိုင်ခြင်းတွေကို လျော့ချပါ။
မနာလိုခြင်းကိုတော့
အပြီးသတ်ပစ်ပါ။
သူတစ်ပါးကို မကောင်းပြောတာ
ဝေဖန်တာတွေမလုပ်မိပါစေနဲ့။
ကိုယ့်ကို မကောင်းပြောနေ
ဝေဖန်နေတဲ့သူကိုလည်း
စိတ်ထဲ မထားပါနဲ့။
သူတို့ဟာ သူတို့အကြောင်း သူတို့
ထုတ်ဖော်နေကြတာသာ ဖြစ်ပါတယ်။

Mobile uploads 02/03/2026

စောင့်ထိန်းအပ်သောလူမှုကျင့်ဝတ်များ
________________________________

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။
အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို
နှိမ့်ချစော်ကား တာမျိုး
မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။
အခွင့်အရေးသမားကို လူတိုင်းက
ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ် တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီးအခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံး
သွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ
ဆန့်ကျင်ဖက် ဖြစ်နေပါစေ။
ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့။
မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ
ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်းရရှိနိုင်တာ မဟုတ်လို့
အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး
သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး
ပြောစရာမလိုပါဘူး။

သင်ကြိုက်နှစ်သက်တဲ့အရာတွေကို
အခြားသူကလည်း သင့်လိုပဲ
တုန့်ပြန်လာရင်
သင်လည်း အလွယ်တကူ
လက်မခံနိုင်ပါဘူး။

သူတစ်ပါးရဲ့ဆုံးဖြတ်ချက်မှာ သင့်
ဦးနှောက်ကို သုံးဖို့ မလိုအပ်ပါဘူး။

ကိုယ်ချင်းစာတရားဆိုတာ သင်တစ်ယောက်
တည်းအတွက် မဟုတ်ပါဘူး။
အခြားသူတွေ အပေါ်မှာလည်း ထားသင့်ပါတယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon